🐻1🐻

5K 195 3
                                    

နေသာသောနံနက်ခင်းလေးတစ်ခု။
အပင်အိုမှ သစ်ရွက်များကြား ထိုးထွက်လာသောနေပြောက်များကြောင့် အိမ်ခြံဝင်းထဲမှ အပင်အောက်ကွပ်ပျစ်ပေါ်တွင် ခဏမှေးနေသော jongin မျက်ခုံးများတွန့်လိမ်ကာ နိုးလာသည်။

ဒီနေ့ကကျောင်းပိတ်ရက်ဖစ်သဖြင့် အိမ်မှာ စာလုပ်ရန် အမေ့ကိုကူရန် အိမ်ကပ်နေသော်လည်း မနက်စာ စားပီးဗိုက်လေး၍ ခဏအိပ်ပျော်သွားမိသည်ထင်။

အမေတစ်ခုသားတစ်ခုနှင့်ကျောင်းမပီးသေးသောကျနော့်အား အမေမှ လမ်းထိပ် အဒေါ့်ဆိုင်ခနိးတွင် အသီးဆိုင်အသေးဖွင့်ထားပီး လုပ်ကျွေးရရှာသည်။ ကျောင်းမပီးသေးလို့အမေမှအလုပ်မလုပ်ခိုင်းဘဲစာကိုသာကြိုးစားရန်ဖိအားပေးသော်လည်း ကျောင်းပိတ်ရက်တွင်တော့ အမေ့ဆိုင်လေးကို ကူဖြစ်သည်။

ယခုလက်ရှိအိမ်မှာလည်း အငှားဖြစ်၍ ဘေးမှ နန်းတော်ကဲ့သို့ခမ်းနားလှတဲ့အိမ်ကြီး နဲ့တွဲထားသော အိမ်ငယ်လေးဖြစ်သည်။ ယခုလည်း ဘေးကအိမ်ကြီးမှ အိမ်ရှင်အသစ်များရောက်လာတော့မည် ဟု သတင်းကြားထားသောကြောင့် ပြောင်းရမလို ရွှေ့ရမလိုနဲ့ ဒုက္ခရောက်နေသူမှာ jongin တို့သားအမိ။

"သားရေ... အမားကို ဒီ boxလေး ဆိုင်ကိုခဏသွားချပေးပါလား.. ပြနိလာရင်တော့စာလုပ်တော့နော် ဒီနေ့ကူမရောင်းပေးဘဲ စာကျက်နော်.... စာမေးပွဲနီးပီမလား" အမားကမိုးလင်းထဲကစာကျက်ခိုင်းနေတော့သည်။

ကိုယ့်ဘာသာချီးမွမ်းခန်းဖွင့်ရရင်တော့ ကျနော်က ဉာဏ်ကောင်းသည်။ စာကျက်ရင်လည်းမှတ်မိလွယ်သည်။ ကျောင်းမှာထိပ်တန်းမဟုတ်သော်လည်း အဆင့်(10)ကျော်လောက်သည် ကျနော့် မူပိုင်ပင်။သို့ပေမယ့် မိဘဆိုတော့လည်း ကိုယ့်သားသမီးထူးချွန်တာမြင်ချင်ကြသည်မလား။အထက်တန်းပီးလို့တက္ကသိုလ်တက်တာမြင်ချင်သည်မှာ အမားရဲ့အိပ်မက်ပင်။

"nae...nae.... စာတွေလည်းအက်ကြောင်းထပ်နေပါပီ အမားရယ်....ဒါသွားပို့ပီနော်" ဆိုပီး boxကိုလက်စွဲတော်စက်ဘီးနောက်ခုံပေါ် ကြိုးနဲ့ချည်ပီးထွက်လာသည်။

ဘေးခြံကခြံဝင်းကြီးရှေ့ ကားကြီးတစ်စင်းမှ ပစ္စည်းများချနေသည်။ ပရိဘောဂအချို့နဲ့ box 10ဗူးခန့် အိမ်ရွှေ့ပြောင်းရေးဝန်ထမ်းများ ချရင်းရွှေ့ရင်း အလုပ်ရှုပ်နေကြသည်။

🐻ဦးရဲ့အရုပ်🐻Tahanan ng mga kuwento. Tumuklas ngayon