"ဘယ်လိုပဲဖြစ်ဖြစ် ဒါကတော့ မဟုတ်သေးဘူးမလား..."
Krist သူ့ လက်မှဖုန်းတကြည့်ကြည့်လုပ်ရင်းရေရွတ်လိုက်မိသည်။ ဒါက မည်သို့မှ ဖြစ်နိုင်ခြင်းမရှိ။ ဘာကြောင့် P Singto သည် သူ့အား တစ်ရက်လုံးအဆက်အသွယ်ဖြတ်ထားသည်လဲ။ အနည်းဆုံး Line မှတော့ သူတို့ စကားပြော၍ရသည်မဟုတ်ဘူးလား။ အင်တာဗျူးများတွင် သူ မည်သို့ ဖြေရမည်တဲ့လဲ။ သူ့ရင်ထဲတွင် ပူပန်ခြင်းအပြည့်။ သူ သက်ပြင်းချလိုက်မိသည်။ နဂိုကတည်းက သူ ပြတ်ပြတ်သားသားငြင်းခဲ့လျှင်... ယခုတော့ သူ့အား Singto သည် စိတ်ခုနေလောက်ပြီ။
"ဟာ ဒါက ဘာလဲ!"
Krist... မျက်နှာတစ်ခုလုံး သုန်မှုန်သွားခဲ့သည်။ ဘာကြောင့် P Singto က အခြားသူတစ်ဦး၏ ရင်ခွင်ထဲ ရောက်နေရသည်လဲ။ ဘာကြောင့် ထိုသူကရော P Singto နှင့် လိုအပ်သည်ထက် ပို၍နီးကပ်နေရသည်တဲ့လဲ။ ဝေးဝေးနေစမ်း! သူ အသံတိတ်အော်လိုက်မိသည်။ သူ Instagram တစ်ခုလုံးအား မွှေနှောက်လိုက်သော်လည်း P Singto ၏ မျက်နှာသိပ်မကောင်းသည့် ဓာတ်ပုံတစ်ခုသာ တွေ့လိုက်ရသည်။ သူ့ P Singto သည် သူ့ကြောင့် စိတ်အတော်ခုနေသည်ပဲ။ သူ ရှင်းပြသင့်သည်။ ထိုကိစ္စကို... သူ ရှင်းပြသင့်သည်။ သူ ယခုကဲ့သို့ ဝေးကွာနေခြင်းကြီးကို နည်းနည်းလေးမှ သဘောမကျ... သူ P Singto ကို အမြန်ဆုံး ရှင်းပြချင်မိသည်။ သို့သော်လည်း... သူတို့နှစ်ဦးလုံး အားလပ်ချိန်မရှိ။ သူသည်လည်း သူ့ ပထမဆုံး MV ထွက်သည့်အတွက် အလုပ်ရှုပ်နေသလို P Singto သည် သူ့ Message အား Reply မပြန်နိုင်လောက်အောင် အလုပ်ရှုပ်နေခဲ့သည်။ သူ အောက်နှုတ်ခမ်းကို အသာဖိကိုက်လိုက်မိသည်။
"GiGi ရဲ့ Tweet ကိုတောင် Like နိုင်ပြီး ကျွန်တော့်ကိုကျ Message လေးတစ်ကြောင်းတောင် မပြန်နိုင်လောက်အောင် အလုပ်ရှုပ်နေတာလား P Sing... ဟိုလူကြီးရင်ခွင်ထဲမှာနေတဲ့ IG update က လက်စားချေနေတာလား... ကျွန်တော့်ကို အရင်မေးသင့်တယ်မဟုတ်ဘူးလား ဒါတွေက ကျွန်တော်တို့ အရင်ဖြေရှင်းသင့်တယ်မဟုတ်ဘူးလား..."
သူ ပါးစပ်မှဒေါသဖြစ်ဖြစ်နှင့် တတွတ်တွတ်ရေရွတ်နေမိသည်။ ဖုန်းထဲမှ Notification တစ်ခုတက်လာတိုင်း... Line Message မှ Notification မျိုးဆို သူ ချက်ချင်းလိုလို ကြည့်မိသော်လည်း Singto ၏ Message သည် တစ်ကြောင်းတစ်လေမှတောင် မပါလာခဲ့။ သူ ဖုန်း Screen ကိုကြည့်ရင်း ဒေါသထွက်လာမိသည်။ P Singto သည် ဘာကြောင့် ထိုသူနှင့် ထိုမျှထိ နီးကပ်စွာ နေနေရသည်လဲ။
အင်တာဗျူးဖြေရခြင်းကိုလည်း သူ စိတ်မပါခဲ့ သူ တစ်နေကုန်စိတ်ရှုပ်နေမိသည်။ မျက်နှာသည်လည်း မကောင်းနိုင်လွန်းသဖြင့် သူ့ မန်နေဂျာ အစ်မခမျာ သူ့အား တစ်လျှောက်သတိပေးနေရသည်။ သို့သော်လည်း သူ မည်သို့မျှ စိတ်မကြည်လင်နိုင်။ Professional မပီသဘူးပဲဆိုဆို သူ P Singto နှင့်ပတ်သက်လာလျှင် သူ့စိတ်ကိုက ထိန်းချုပ်နိုင်စွမ်း နည်းပါးလွန်းလှသည်။
အင်တာဗျူးတွင်ပင် သူ "P Singto က အရင် သူ့အား Reply ပြန်ပါစေဦး" ဆိုသည့်အဖြေကြောင့် သူ တစ်နာရီကျော်ကျော်အဆူခံလိုက်ရသေးသည်။ မည်သို့ပင်ဖြစ်စေ။ သူ စိတ်မကောင်းဖြစ်နေသည်ကိုတော့ ယခု P Singto လည်း သိသွားလောက်သည်။ သူတို့ Peraya Shipper များလည်း သိသွားလောက်ပြီ။ လာစမ်း ကိုခြင်္သေ့ခင်ဗျား ကျွန်တော့်ကို ပြန်ချော့ဖို့သာ ပြင်။သူ့အကြံနှင့်သူကျေနပ်သွားမိသော်လည်း Singto အား Friend Zone Series မှ မင်းသားနှင့် ပုံကြောင့် အပြောခံရတော့ သူ နေမထိထိုင်မသာ။ ဟာ မဟုတ်ဘူးလေ... P Sing က အဲ့လိုမျိုး ဓာတ်ပုံအရိုက်ခံရတာတောင် သိချင်မှသိမှာကို...။ သူ စိတ်တို့ယောက်ယက်ခတ်သွားမိသည်။ သူ ကြံရာမရဖြစ်နေစဉ် Singto ၏ FaceBook မှ တက်လာသော "Keep me in your memory"
သူ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိပြန်သည်။ သူ့လက်တို့က သူ ကျွမ်းဝင်သော ဖုန်းနံပတ်တစ်ခုသို့။ ဖုန်းဝင်သည်နှင့်တစ်ဖက်မှ ဖုန်းဖြေသံကြောင့် သူ သက်ပြင်းမောရှိုက်လိုက်မိသည်။ သူ သည်းညည်းမခံနိုင်တော့... ခင်ဗျား မမှားဘူး ကျွန်တော်မှားတာသိလား ကျွန်တော် ခင်ဗျားကြီးနဲ့ ပတ်သက်လာရင်ကို တုန်လှုပ်နေတတ်တာ ကျွန်တော်မှားတာ သူ စိတ်ထဲမှ သူ့ကိုယ်သူရော တစ်ဖက်မှ ဖုန်းဖြေသူကိုရော အပြစ်တင်ရင်းဖြင့် ဖြေရှင်းချက်တစ်ချို့ကို သူ ပြောလိုက်မိသည်။ သူ့ကို Singto သည် ယုံကြည်ပါစေ။ သူ Singto နှင့်ပတ်သက်လျှင် မည်သည့် အဖုအထစ်မှ မရှိချင်။ သူတို့နှစ်ဦးအကြားတွင်ရော... အခြားသူများကရော... သူ့ Singto ကို အပြစ်တင်ခြင်းမျိုးကို သူ မလိုချင်။ သူသည် ထိုမျှထိ Singto နှင့် ပတ်သက်လျှင် ဂရုစိုက်တတ်လာသူ။
End of Day 2
================================
A/N : ထိုသို့ဖြင့် ညီအစ်ကိုဆိုသော သူတို့နှစ်ဦး၏ 48 နာရီအကြာစိတ်ကောက်မှုကြီးပြီးဆုံးခဲ့
VOCÊ ESTÁ LENDO
Everlasting
FanficShort stories and mini story collection of my OTP Singto and Krist. Some may be adaption from manga.