"လူတွေက ကိုယ်ချစ်တဲ့သူကို ကိုယ်ကလွဲလို့ ဘယ်သူ့ကိုမှ မပိုင်ဆိုင်စေချင်ဘူး ကိုယ်ချစ်တဲ့သူက ကိုယ်မဟုတ်တဲ့ လူတစ်ယောက်နဲ့ အခုလို နေနေတာကို ခြောက်မိနစ်နီးပါးစာ MV တစ်ခုမှာတောင် ကြည့်ရတာကို မနှစ်သက်ဘူး ဒါကို မင်းသိလား?"
Singto သူ့မျက်လုံးများကို Ph Screen လေးကိုကြည့်ပြီးရေရွတ်လိုက်မိသည်။ သူ အတ္တများကြီးသွားပြီလား။ သူတို့က Professional တွေလေ။ သူတို့က ကိုယ့်လမ်းကိုယ်ဖောက်ကာ လျှောက်ရတော့မည့် သူတွေလေ။ သူတို့က... ညီအစ်ကိုတွေ... သူတို့ပြောပြောနေသည့် ညီအစ်ကိုတွေ... သူတို့က On Screen Lover သက်သက်... ဘာကြောင့် သူ အခုလို ခံစားရမည်လဲ။ သူ့စိတ်ကို သူ မည်မျှပဲ တင်းထားတင်းထား သူ မည်မျှပဲ ဟန်ဆောင်နေနေ သူ နာကျင်နေသည်။ သူ ခံစားနေရသည်။ သူ Krist ကို ချစ်သည်။ Krist သည်လည်း သူ့ကိုချစ်သည်။ ထိုသို့ စဉ်းစားမိပြီးမှ သူ တွေဝေသွားမိသည်။ Krist သူ့အားချစ်နေသည်ဆိုသည်မှာ သူ့ထင်ယောင်ထင်မှား တစ်ခုလား?
တကယ်ဆို Krist MV ယခုလို အောင်မြင်လာခြင်း Krist သူဖြစ်ချင်သည့် အဆိုတော်လမ်းသို့ လျှောက်လာရန် ခြေလှမ်းစနိုင်ခဲ့သည်ကို သူ ပျော်ရွှင်ပေးရမည်ကို။ သူက အမြဲဂရုစိုက်သည့် အစ်ကို တစ်ယောက်မဟုတ်ဘူးလား? သူ ပျော်ရွှင်ပေးရမည်ပေါ့။ ဘာကြောင့် Message တစ်ကြောင်းရိုက်ပြီးတောင် သူ ဂုဏ်မပြုနိုင်ရတာလဲ။
"လူတစ်ယောက် ဟန်ဆောင်နိုင်တယ်ဆိုတာလည်း အကန့်အသတ်ရှိတယ်..."
သူ ခပ်တိုးတိုးလေးရေရွတ်မိပြန်သည်။ သူ MV ထွက်သည့် ပထမရက်တစ်ရက်လုံး Krist ၏ Message ကို အကြိမ်ကြိမ်ဖတ်ပြီး နာကျင်နေမိသည်ကလွဲ၍ မည်သို့ မှ မတုံ့ပြန်နိုင်ခဲ့ Krist ၏ ပြုံးပြောနေသော ပုံလေးများ တက်လာပြန်တော့ သူ ပြုံးမိပြန်သည်။
"အာ သူ ပင်ပန်းနေတာလား? မျက်နှာမကောငိးဘူး..."
သူ ခပ်တိုးတိုးရေရွတ်မိပြန်သည်။ တစ်ဦးတည်း ရေရွတ်မိသည်က များလွန်း၍ သူ့ကိုယ်သူတောင် အရူးတစ်ယောက်လိုဖြစ်နေပြီလားဟု သူ ခံစားလိုက်မိသည်။ သူ ဖတ်နေသည့် Manga သည် ကောင်းခန်းသို့ရောက်နေသော်လည်း သူ ထိုစာအုပ်တွင် စိတ်မနှစ်နိုင်... သူ သက်ပြင်းမောရှိုက်ရင်းသာ Post တစ်ခုကို Like လိုက်နိုင်ခဲ့သည်။ သူ ခံစားနေရသည်ကို အကင်းပါးသော သူ့ လိပ်ကလေး သိပါစေ။
"I may be quiet, but I've so much in my mind"
Krist...သူမနက်ကတည်းက သူ့ Message အား Seen သာ ပြပြီး Reply တစ်ခုမှ မလာသော Singto ကြောင့် သူ စိတ်ရှုပ်နေမိသည်။ တကယ်ဆို သူ့ MV View 1M ကျော်သည့်ကိစ္စကို သူ ဝမ်းသာရမည်ကို ပြန်စာတစ်ခုမှမလာသေးသော သူ့ P ကြောင့် သူ စိတ်ရှုပ်လာခဲ့သည်။ P Singto များလန့်သွားမလား? သူ့ကို မုန်းသွားပြီလား? ဘာလို့ Director ကို သူ ထိုအချိန်က မငြင်းခဲ့မိတာလဲ! သူ့ကိုယ်သူလည်း အပြစ်တင်နေမိသည်။ P Sing ၏ ငြိမ်သက်မှုတစ်ခု သက်သက်က သူ့စိတ်ကို ခြောက်ခြားစေသည်။ ပျာယာခတ်စေသည်။ သူ ထိုင်မရထမရဖြစ်နေမိသည်။ P Sing ရိုက်ကွင်းကိုပဲ လိုက်သွားရမလား? ဟင့်အင်း ထိုသို့လည်း မဖြစ်။ သူ P Sing နှင့်တွဲရိုက်ရမည့် လူကြီးကို မကြည့်ချင်။ P Sing သည် သူ့ အပိုင်... ထိုသို့ တွေးလိုက်မိပြီးမှ သူ့ဖုန်းကိုသူ ပြန်ကြည့်မိပြန်သည်။
"P...... တကယ်ဆို reply တစ်ကြောင်းပြန်ရတာ တစ်မိနစ်တောင် မကြာပါဘူး ဟုတ်တယ်မဟုတ်လား......"
သူ ထိုသို့စဉ်းစားမိပြီး သက်ပြင်းချလိုက်မိသည်။ P Sing... သူ Singto ကို ချစ်သည်။ သူတို့က ညီအစ်ကိုတွေ ဟုတ်မဟုတ်ဆိုသည်ကို သူတို့ရင်ခုန်သံချင်း နားလည်သည်မို့ သူ မည်သည့် ဖြေရှင်းချက်မှမပေးလို။ သူ့အား yuyu များမှပေးသော ပန်းစည်းများကြောင့် သူ ပျော်ရွှင်မိသော်လည်း ခနတာ။ သူ ဖုန်းကိုသာ မကြာမကြာ ကြည့်နေမိဆဲ။ သူ မျှော်လင့်သည်က ပြန်စာတစ်ကြောင်းသာ။ တစ်ကြောင်းဆိုလျှင်ပင် သူ လုံလောက်ပါသည်။ ညဘက်တွင် သူ မြင်လိုက်ရသည့် သူတို့ Air များမှ ပလူပျံနေခဲ့သော Tweet တစ်ခု။ P Sing က ထို Post ကို like ထားသည်တဲ့။
"I may be quiet but I've so much on my mind"
သူ ရင်တစ်ခုလုံးဟာကနဲဖြစ်သွားမိသည်။ P Sing သူ့ကို မေ့ပစ်ဖို့ စဉ်းစားနေသည်တော့ မဟုတ်ဘူးမလား။ P Sing သူ့ကိုမခေါ်ဘဲတော့ မနေဘူးမဟုတ်လား။ P Sing သူ့ကို Reply ပြန်မှာမဟုတ်လား။
"P Sing..."
သူ Singto နှင့်ပတ်သက်လာလျှင် အရာရာတိုင်းကို စိတ်လှုပ်ခတ်လွယ်လွန်းတတ်လာခြင်းက ဘယ်တုန်းက စခဲ့ပါလိမ့်။
End of Day 1
أنت تقرأ
Everlasting
أدب الهواةShort stories and mini story collection of my OTP Singto and Krist. Some may be adaption from manga.