4 နှစ်ခန့် ကြာသော်...
အချိန်က မနက် ၇နာရီခန့်... Bus ဂိတ်တွင် Bus ကားစောင့်နေရင်း ကောင်မလေးတစ်ယောက် အလုပ်စတင်ဝင်ရမှာမို့ စိတ်လှုပ်ရှားနေသည်....
လူက ပျော်လွန်းနေတော့ လမ်းလျှောက်နေရင်း မြေကြီးနဲ့ ခြေထောက်မထိချင်... အစမ်းခန့်ပေမယ့် ကြိုးစားပြီး လုပ်နိုင်ခဲ့ရင် အမြဲတမ်းဝန်ထမ်း ဖြစ်သွားနိုင်လေသည်... ကိုယ့်ဘက်က ကြိုးစားအားထုတ်မှုသာလိုလေသည်...
Bus ကားပေါ်က ဆင်းတာနဲ့ Company ဆီကို လမ်းအနည်းငယ်လျှောက်ကာ ကားလမ်းပါ ဖြတ်ကူးရသေးတာမို့ ဖြတ်ကူးရန်ပြင်လိုက်စဉ်...
"ကျွီ...."(ကားဘရိတ်အုပ်သံ)
"ဟာ... လမ်းကို ဘယ်လိုသွားနေတာလဲ..."
လမ်းတစ်ဖက်ကို ရောက်ခါနီး မီးနီသွားတာကို မြန်မြန်မလျှောက်မိတဲ့ ကိုယ်အပြစ်...
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်..."
ကားမှန်ချပြီး အပီအပြင် လှမ်းပြောတဲ့ နေကာမျက်မှန်နဲ့ အမတော်ချောကို ခေါင်းလေးညွတ် ကိုယ်လေးကိုင်းပြီးပြောကာ မြန်မြန်ပြေးလာခဲ့လိုက်လေတော့သည်... ဒါပေမယ့်လည်း ကားမောင်းလာတဲ့သူက လမ်းလျှောက်လာတဲ့ သူကို ခဏလောက်တော့ စောင့်ပေးသင့်တယ် မဟုတ်ဘူးလား.. ထားပါလေ မီးစိမ်းတာကို မှီမယ် ထင်ပြီး ပြေးသွားမိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်လိုက်တော့မယ်....
****
"Sakura shi ဒီဘက်ကိုပဲ လိုက်ခဲ့ပေးနော်..."
ကိုယ့်ထက် ကုမ္ပဏီကိုစောရောက်နေတဲ့ Nako ဆိုသူ စီနီယာရဲ့ နောက်ကနေ လိုက်ခဲ့လိုက်တော့ အစည်းအဝေးခန်း တစ်ခုဆီကို သွားတာ ဖြစ်နေသည်...
"ဒီနေ့ အစည်းအဝေးက အရေးကြီးတယ်... ကုမ္ပဏီရဲ့ ပစ္စည်းသစ်တစ်ခုကို မိတ်ဆက် ပေးဖြစ်မပေးဖြစ် တိုင်ပင်ကြမှာ..."
"ဟုတ်လား..."
သူအလုပ်လုပ်မယ့် ကုမ္ပဏီဟာ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အိမ်သုံး အသုံးအဆောင်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ အားလျော်စွာ ရုံးခန်း အသုံးအဆောင် ပစ္စည်းတွေဟာ သပ်ရပ်လှပစွာ ရှိနေသည်... ဒီနေ့ လုပ်ကြမယ့် အစည်းအဝေးကတော့ နာမည်ကြီး Game တစ်ခုနဲ့ collaborate လုပ်ဖို့အတွက် တိုင်ပင်ကြမယ့် အစည်းအဝေးတဲ့လေ...