ပထမဆုံး အလုပ်စတက်တဲ့နေ့မှာပဲ လုပ်ရမယ့်အလုပ်တွေက အိမ်ထိပါလာလေသည်... ကုမ္ပဏီက ပြန်ရောက်ရောက်ချင်း ရေမိုးချိုး ထမင်းစားသောက်ကာ အလုပ်စားပွဲမှာထိုင်ပြီး အလုပ်လုပ်ဖို့ ပြင်ရလေတော့သည်... Fight နဲ့ collaborate လုပ်မယ့် ပစ္စည်းတွေမှာ Lee Chaeyeon ပြင်ပေးလိုက်တဲ့အတိုင်း ပြန်စီဖို့ ဖြစ်လေသည်... Team မှာ ရှိတဲ့ လူ ၅ယောက်က ဒီဇိုင်းပုံစံတွေ ခွဲကြည့်ကာ ပစ္စည်းဒီဇိုင်းတွေကို ပြန်စစ်ကာ စီစဉ်ပေးကမည်... မနက်ဖြန်ကျရင်တော့ Nako နဲ့ အတူ Fight ကို သွားရကာ ဒီဇိုင်းတွေကို ပြန်ပြရမည်...
ဒီဇိုင်းတွေ ပြန်စီစဉ်နေရင်းနဲ့မှ ဒီဇိုင်းနဲ့ ပစ္စည်း ပိုလိုက်ဖက်သွားတာတွေ များနေတာကြောင့် မနက်က ဇီဇာကြောင်နေသော Lee Chaeyeon ကို မြင်ယောင်မိသည်... တကယ်တော့ သူလည်း ဘလိုင်းကြီး ဇီဇာကြောင်တာ မဟုတ်ပါလားလို့ပေါ့...
အလုပ်ပြီးသွားတော့ ၁၁ထိုးနေလေပြီ... Fight နှစ်ပွဲလောက် ဆော့လိုက်မယ် ဆိုပြီး ၂နာရီကျော်သွားမှ အိပ်ဖို့ သတိရတော့လေသည်... Fight ဖန်တီးရှင် Lee Chaeyeon ကို မေတ္တာပို့ရင်း မနက်အလုပ်နောက်ကျမှာ စိုးတာကြောင့် alarm ပေါင်းစုံ ပေးရင်ဘအိပ်ရာဝင်ခဲ့တော့လေသည်....
*******************************
"Kura shi..."
"Nako shi... Morning..."
ဓာတ်လှေကားနားမှာ Nako နဲ့ အတူတွေ့ခဲ့ပြီး Sakura နဲ့ Nako ရုံးခန်းကို အတူလာခဲ့လေသည်...
Design Team Leader ဖြစ်တဲ့ Nako က...
"ခဏနေ design team meeting လုပ်ပြီးရင် Fight ကို သွားမယ်... အားလုံး meeting room ကို လာခဲ့ပါ..."
Fight နဲ့ collaborate လုပ်ဖို့ စီစဉ်ထားတဲ့ project မှာပဲ design team, product team စတဲ့ team တွေ ရှိတဲ့ အနက် Design team မှာ member ၅ယောက်ပါဝင်ကာ leader က Nako ဖြစ်လေသည်...
Design team မှာ ရှိတဲ့ လူတွေအနက် ၄ယောက်က လူဟောင်းတွေ ဖြစ်တာကြောင့် Fight နဲ့အတူ ဆွေးနွေးမယ့် သူမှာ Team leader နဲ့ ယာယီဝန်ထမ်း Sakura ဖြစ်နေတာကြောင့် တခြားသူတွေက သိပ်မကျေနပ်ချင်ကျ... ဒုဒါရိုက်တာ နဲ့ Fight ရဲ့ CEO ကိုယ်တိုင် ဆွေးနွေးဖို့ ရွေးချယ်တဲ့သူမို့လို့ မကျေနပ်ပေမယ့် ဘာမှတော့ မတက်နိုင်ကျ...