827 50 10
                                    

ပြီးပြည့်စုံသောချစ်ခြင်း

အပိုင်း(၈)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ညတစ်ည၏လှပခြင်းများစွာပြည့်စုံနေသော

ဖိုးရွှေလမင်းကြီး၏လှပစွာလသာနေသော

ဤညလေးလေးသည်အလွန်ပင်တိတ်ဆိတ်အေးချမ်းလှပါတယ်

ဤညလေးတွင်တစ်ယောက်တည်းသော

အထီးကျန်ရှာနေသော

ကောင်မလေးတစ်ယောက်ကားရှိပါသေးသည်

ထိုကောင်မလေးသည်ကား

အဲလက်စ်(ခေါ်)လီဝမ်ကျင်းပင်

လီဝမ်ကျင်းသည်ဝရန်ဘောင်ပေါ်လက်တင်၍ဖိုးရွှေလမင်းအားငေးနေမိသည်

ဤကဲ့သို့နေ့သည်သူမရင်ထဲတွင်ကမ္ဗည်းပမာစိုက်ထူထားလျက်

ဤနေ့သည်ကားသူမကိုဖွားမြင်ပေးခဲ့သည့်မွေးမိခင်နှင့်သူမအားအသက်ကိုပဓာနမထားချစ်ခင်ယုယခဲ့သည့်အစ်ကိုဖြစ်သူတို့နိုင်ငံခြားထွက်သွားသည့်နေ့ပါတကား

ဤသို့သောလသာနေချိန်ကိုမြင်တိုင်းထိုနေ့ကဆူညံပွက်လောရိုက်သံတွေ

သူမမိခင်ကသူမအစ်ကိုလက်ကိုကိုင်ပြီးအိမ်ပေါ်ကဆင်းသွားပုံ

သူမအားပြန်လာခေါ်မည်ဟုပြောသွားပုံတွေကိုပြန်တွေးမိတိုင်းနာကျင်ရသည်

မှတ်မှတ်ရရသူမအဖေနှင့်သူမအမေရန်ဖြစ်ရသောကိစ္စမှာထိုနေ့ကသူမအဖေသူမ၏မိထွေးနှင့်သူမ၏ဖအေတူမအေကွဲညီမဖြစ်သူအားအိမ်ပေါ်ခေါ်တင်လာခြင်းကြောင့်ပင်

မျက်ရည်ဝဲစွာဖြင့်လမင်းကြီးအားမော့်ကြည့်လိုက်ရင်း

"the past is to the pastပဲသမီး"

အိမ်တော်ထိန်းဖုန်းပြောခဲ့သောစကားအားကြားယောင်မိသည်

အိမ်တော်ထိန်းဖုန်းသည်သူမအားကြင်နာသည်

ကူညီသည်

ဖေးမသည်

အိမ်တော်ထိန်းဖုန်းကြောင့်ပင်သူမရင့်ကျက်လာခဲ့သည်

ထို့ကြောင့် သူမအိမ်တော်ထိန်းဖုန်းအားအဖေသဖွယ်အားကိုးသည်

ပြီးပြည့်စုံသောချစ်ခြင်းWhere stories live. Discover now