ပြီးပြည့်စုံသောချစ်ခြင်း
အပိုင်း(၁၈)
အမေဆုံးသွားပြီး!!!!!!!
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယွမ်ကျန်းရင်နဲ့စကားပြောနေတဲ့ခနမှာဖုန်းရဲ့ringtoneကမြည်လာခဲ့သည်
"Hiding from the rain and snow trying to for......"
ringtoneသံလေးကနားထဲအဖန်တလဲလဲကြားယောင်နေသည်
ဖုန်းကိုလျင်မြန်စွာကိုင်လိုက်တော့
"hello"
"ကျင်း...မြန်မြန်လာခဲ့တော့ !! ဝမ်ဆေးရုံကိုမေမေအရေးပေါ်ဖြစ်နေတယ်"
"ဘယ်လို!!!အစ်ကို!!အစ်ကို!!!"
"တီတီ"
ဖုန်းသည်ကား ချသွားလေသည်
လီဝမ်ကျင်းသည်ယွမ်ကျန်းရင်အားမနှုတ်ဆက်အားပဲကားပေါ်ကိုလျင်မြန်စွာတက်သွားပြီးမောင်းနှင်သွားလေတော့သည်
ဆေးရုံသို့ရောက်သော်.........
သူနာပြုမလေးအားအလျင်အမြန်မေးလိုက်မိသည်
"ဒီမှာ လီယန်ကျင်းရဲ့အမေရှိပါသလား"
"ဟုတ်ကဲ့ပါ
အခန်း (၁၁၃)မှာပါ
စိုးရိန်ရတဲ့အခြေအနေမှာရှိနေပါတယ်""ဘယ်လို!!!"
လျင်မြန်စွာပြေးတက်သွားရင်းအခန်း(၁၁၃)၏အရှေ့မှာရပ်နေမိသည်
"ခွဲစိတ်နေတယ်ကျင်း
ဝင်လို့မရဘူး"လီဝမ်ကျင်းအစ်ကိုပြောလိုက်တဲ့အသံကြောင့်လှည့်ကြည့်လိုက်မိသည်
"အစ်ကို.....ညီမ......!!!"
"ရှူး......စကားမပြောနဲ့"
လီဝမ်ကျင်းငိုတော့မည်ကိုသူ့အစ်ကိုရိပ်မိနေ၍စကားမပြောရန်ပြောလိုက်သည်
လီဝမ်ကျင်းဟူသောထိုကောင်မလေးအတွက်ကားနာကျင်ဖို့ကောင်းလှလေသည်
အချစ်ဟူသောအရာနဲ့ဆုံတွေ့ရာဝယ်နာကျင်ခဲ့ရသည်
ခံစားခဲ့ရသည်
မိဘနဲ့ပတ်သတ်ပြန်တော့လည်းကံမကောင်းခဲ့
ဘုရားရှင်ကပဲမျက်နှာသာမပေးသည်လော!!!
