ပြီးပြည့်စုံသောချစ်ခြင်း
အပိုင်း(၅)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ငါကချောလွန်းတယ်လေပြီးတော့နင့်ကိုအရေးပေးလွန်းနေတော့မနာလိုတဲ့လူများတာပေါ့"
လီဝမ်ကျင်းကြားပြီးသွေးပါအန်ချင်သွားသည်သူ့ရုပ်ကများဆိုပြီးတွေးလိုက်မိသည်
လီဝမ်ကျင်းတိုးတိုးလေးကပ်ပြောလိုက်သည်
"ကောင်စုတ် နင်ငယ်ငယ်တုန်းကအတိုင်းပဲ
ဘဝင်မြင့်ရောဂါအခုထိမပျောက်သေးဘူး"ယွမ်ကျန်းရင်ကရယ်လိုက်ရင်း
"သွားထိုင်ရအောင်
ငါညောင်းနေပြီး""အေးပါဟာ"
လီဝမ်ကျင်းကသူ့နေရာသူထိုင်လိုက်ရင်းသတိထားကြည့်မိတော့သူဝဲဘက်မှာကယွမ်ကျန်းရင်ညာဘက်မှာတစ်နေရာလွတ်နေသည်
လီဝမ်ကျင်းစိတ်ထဲတွင်ရေရွတ်မိလိုက်သည်
*ကောင်စုတ်ယွမ်ကျန်းရင်နဲ့တစ်ခုံတည်းပဲ*
နောက်တော့သူမဆက်တွေးလိုက်သည်
ဘေးနားကတစ်ယောက်ကဘယ်သူပါလိမ့်
ယွမ်ကျန်းရင်ကိုလှည့်ပြီးမေးလိုက်သည်
"ဘေးနားကတစ်ယောက်ကဘယ်သူလဲ"
ယွမ်ကျန်းရင်ကမျက်လုံးလေးပေကလပ်ပေကလပ်ဖြင့်
"နင့်ညာဘက်ကလား"
လီဝမ်ကျင်းကခေါင်းညိတ်လိုက်ရင်း
"အင်"
ယွမ်ကျန်းရင်ကခနတာအေးစက်သွားရင်း
"နင့်ညာဘက်ကတစ်ယောက်ကချင်မို့ဟန်ပဲ!!!!!!!"
ချင်မို့ဟန်လို့ပြောသွားတဲ့နေရာတွင်အံကြိတ်ပြီးပြောသွားသည်မှာသိသာလွန်းလှသည်
လီဝမ်ကျင်းကနားလည်လိုက်ဟန်နှင့်စကားနှိုက်လိုက်သည်
"နင်နဲ့ရန်ဘက်လား"
ယွမ်ကျန်းရင်ကပြုံးရင်း
"ဒီလိုပါပဲ
ဒါနဲ့ငါ့အတွက်စိတ်ပူပေးတာတော့မဟုတ်လောက်ပါဘူးနော်"လီဝမ်ကျင်းကစွေကြည့်လိုက်ရင်း
"အဟွတ်အဟွတ်သီးတောင်သီးတယ်"
ယွမ်ကျန်းရင်ကလီဝမ်ကျင်းရဲ့ကျောကုန်းကိုပွတ်ပေးလိုက်ရင်း
"ဖြည်းဖြည်းလုပ်ပါဟ
တော်ကြာနင်သေသွားမှ
အန်ကယ်လီငါ့ကိုလာရိုက်နေဦးမယ်"လီဝမ်ကျင်းကရီမောလိုက်ရင်း
"ငါမသေပါဘူးဟယ်"
ထိုစဉ်
ကျောင်းတံခါးကြီးကပွင့်သွားသည်
ကျောင်းသားအားလုံးကပြတင်းပေါက်ကနေချောင်းနေကြသည်
ကားတစ်စီးဝင်လာပြီးထိုပေါ်မှလူတစ်ယောက်ဆင်းလာသည်
သူ့ဘေးနားတွင်ဘော်ဒီဂတ်တွေဖြင့်ဝန်းရံထားသည်
မီဒီယာတွေကတိုးဝှေ့နေကြသည်
သေချာကြည့်တော့မှဖြင့်
ထိုလူ၏အလှကစွဲမက်စရာကောင်းလွန်းလှသည်
မိန်းမဆန်သည်လားဆိုတော့မဆန်
တည်ကြည်ပြီးခန့်ညားသည်
လှပျိုဖြူလေးများ၏အသည်းစွဲ
ဆံပင်အားလန်တင်ထားပြီး
လက်ကိုဘောင်းဘီအိတ်ထဲထည့်ထားကာ
ရပ်ကြည့်နေသည်
အေးစက်စက်အငွေ့အသက်အရှိန်အဝါတွေကလည်းထိုလူဆီမှပျံ့ဝဲလာသည်
ဘက်စုံတော်သောထိုလူငယ်
မည်သူကထင်ပါလိမ့်မည်နည်း
ထိုလူငယ်ကားစီးပွားရေးကျွမ်းကျင်သောဥက္ကဌတစ်ယောက်ဟူ၍
ထိုလူငယ်သည်ကား..............
#သဲ