ပြီးပြည့်စုံသောချစ်ခြင်း
အပိုင်း(၂၀)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"တကယ်တော့ကွာ!!!!....."
ကောင်းရန်သည်နည်းနည်းဝမ်းနည်းနေဟန်ပေါ်သည်
ချင်မို့ဟန်ကစိုက်ကြည့်လိုက်ရင်း
"ကောင်မလေးကမင်းအတွက်အဆိပ်ကိုခွဲယူလိုက်တယ်.."
ချင်မို့ဟန်ထိတ်လန့်သွားမိသည်
"ဘာ.....!!!"
"ဖြည်းဖြည်းဘာပါဟ
ငါပြောနေတာမဆုံးသေးဘူး
ကောင်မလေးကအဆိပ်ကိုခွဲယူလိုက်တော့
ဆိုးကျိုးနှစ်ခုသူ့မှာရှိတယ်
အဆိပ်ကနှစ်ယောက်လုံးဆီမှာရှိတာနည်းနေတဲ့အတွက်အသက်ကိုမထိခိုက်နိုင်ပေမယ့်
လီဝမ်ကျင်းကမင်းကလွဲလို့တခြားသူနဲ့လက်ထပ်လို့မရတော့ဘူး
လက်ထပ်လို့ရခဲ့ရင်တောင်မွေးလာတဲ့ကလေးကျန်းမာရေးတော်တော်အားနည်းလိမ့်မယ်
လီဝမ်ကျင်းကအဲ့တာကိုမမူပဲသူလက်ခံခဲ့တာ
ငါသူ့အပေါ်အမြင်တွေနည်းနည်းတောင်ပြောင်းလဲသွားတယ်""..........
သူဘာလို့အခုထိနိုးမလာသေးတာလဲ""ခနနေနိုးလာတော့မှာပါ..."
"အ"
နူးညံ့လှသည့်အသံလေးကြောင့်ချင်မို့ဟန်လှည့်ကြည့်မိသည်
ဟန်ကောင်းရန်ကတော့
"ပြောရင်းဆိုရင်းသူနိုးလာပြီး
ငါသွားတော့မယ်
အလုပ်ရှိသေးတယ်""အေ"
လီဝမ်ကျင်းသည်ဘေးစောင်းကြည့်လိုက်တော့ချင်မို့ဟန်အားမြင်လိုက်ရတော့ပြုံးလိုက်မိသည်
ချင်မို့ဟန်ကထလာရင်းလီဝမ်ကျင်းအိပ်နေတဲ့ကုတင်ဘေးကခုံမှာထိုင်လိုက်သည်
"အရူးမလေး
မင်းနော်....""ဟန်.....ရှင်ဘာလို့မပြောခဲ့တာလဲ
ရှင်ကအားပေါင်ဆိုတာ.....
ပြီးတော့ကျွန်မရဲ့အဆိပ်ကိုရော.....""မင်းကရောကိုယ့်အဆိပ်ကိုဘာလို့လွှဲပြောင်းပေးခဲ့တာလဲကျင်း"
"ကျွန်မ....."
"အတိတ်ကိုအတိတ်မှာပဲထားခဲ့ပါတော့
မင်းဝမ်းနည်းနေလိမ့်မယ်
မတွေးနဲ့တော့နော်
သိလား?"