My Rainy Day(Z)
EP-3Plan: ဟင် ခင်ဗျားက....လက်ညိုးလေးထိုးရင်း
ခဏငေးခနဲ ကြည့်မိသွားတယ်
Plan💭'wow...P'Meanက တော်တော်ချောတာပဲ အိမ်ကပုံထဲကထက် အပြင်မှာပိုချောလိုက်တာ လုံးဝhandsomeပါပဲလား ငါနဲ့များကွာပါ့ဟုဆိုကာ တွေးနေရင်းMeanကသူ့ကိုပြုံးပြကာ'Meanပါ´ဟုပြောကာ နှုတ်ဆက်ဖို့ လက်ဆန့်ထုတ်ပေးလိုက်တော့
Plan: ဟုတ်ကဲ့ ကျွန်တော်က Planပါ´ဟုပြောကာ လက်ဆန့်ထုတ်မလိုလုပ်နေတုန်း သူ့ဂိမ်းကိုသတိရသွားကာ
Plan: 'ခဏလေး P'Mean ကျွန်တော် battleဆိုင်နေလို့´ဆိုကာ အသည်းအသန်ဂိမ်းနှိပ်နေလိုက်တယ် တကယ်တော့ ခုနကသတိလက်လွတ်သူငေးပြီးကြည့်လိုက်မိတာကိုMeanကမြင်ပြီးလှောင်နေမလားဆိုပြီးရှက်ကာ ဂိမ်းပြန်ဆော့ရင်း စိတ်တည်ငြိမ်အောင်ပြန်ထိန်းလိုက်တယ်
Meanကတော့ ဘေးနားကဆိုဖာမှာဝင်ထိုင်လိုက်ရင်း planလေးကိုအသေးစိတ်ကြည့်နေမိတယ် ဂိမ်းဆော့နေသော်လည်း လှပစွာဖုန်းscreenပေါ်မှာအပြေးအလွှားလှုပ်ရှားနေတဲ့ လက်ဖြူဖြုသွယ်သွယ်လေးရယ်၊မျက်ခုံးမွှေးထူထူလေးရယ်၊ လှပတဲ့မျက်ဝန်းမှာကာရံထားတဲ့ မျက်တောင်စိပ်စိပ်လေးရယ်၊ ပန်းနုရောင်သန်းနေတဲ့ နှုတ်ခမ်းမထူမပါးလေးမှာ အကြည့်တွေကိုအဆုံးသတ်မိတော့ Meanစိတ်ထဲတွင် ဒီကောင်လေး တော်တော်ချစ်စရာကောင်းတာပဲဟုတွေးလိုက်မိသည်(ခုမှတွေ့ဖူးတာကိုသေချာကြည့်နေတော့တာပဲ😁)
Planဂိမ်းဆော့ရင်း ရှုံးသွားတော့ နှုတ်ခမ်းဆူကာ မျက်လုံးကို ဂိမ်းကနေခွာလိုက်တော့ Meanကသူဘေးနားမှာထိုင်ပြီး ခြေထောက်တွေကိုတင်ကလွဲချိတ်ထိုင်နေပြီး လက်ပိုက်ကာ သူ့ကိုပြုံးပြုံးကြီးကြည့်နေတဲ့Meanကိုမြင်လိုက်ရတယ် Planကလည်းပြန်ကြည့်လိုက်ရင်း စက္ကန့်အနည်းငယ်လောက်ကြာတော့ ကြည့်ရင်းကနေ ရှက်လာကာ မျက်နှာပူလာသလိုခံစားမိတယ်(Planလေးရှက်ပြီး ပါးလေးရဲသွားတာ😂)
YOU ARE READING
My Rainy Day(Zaw+Uni)
Romanceအခုမှစရေးဖူးတာမလို သည်းခံပြီးဖတ်ပေးကြပါ ဒါနဲ့ ကိုယ်လည်းRoမှကြိုက်တဲ့သူမလို့ Roတာတွေများများပါပါ့မယ်💙💚 အခုမှစရေးဖူးတာမလို သည်းခံပြီးဖတ်ပေးကြပါ ဒါနဲ့ ကိုယ်လည်းRoမှကြိုက်တဲ့သူမလို့ Roတာတွေများများပါပါ့မယ်💙💚