EP.8

511 56 12
                                    

My Rainy Day(Z)
EP-8

ဒီလိုနဲ့ Eternal loveရဲ့ work shopလုပ်​တဲ့​နေ့ရက်​​တွေမှာ သူငယ်​ချင်း​တွေဖြစ်​တဲ့ Mark,
Gun,Title,Cooheartတို့နဲ့ စလိုက်​​နောက်​လိုက်​လုပ်​ရင်​ ​တော်​​တော်​​လေးရင်းနှီးလာ​ပေမယ့်​ P'Meanနဲ့​တော့ ထင်​သ​လောက်​မရင်းနှီး​သေး
ပေ...

Pကသူ့ကိုဂရုစိုက်​​ပေမယ့်​ တစ်​ခါတစ်​​လေကျရင်​ Pကိုလျှို့ဝှက်​ချက်​​တွေများတဲ့လူတစ်​​ယောက်​လို့ထင်​မိတယ်​...Pကသူ့အတွင်းစိတ်​ကိုလည်း​ရေ​ရေရာရာမ​ဖော်​ပြတတ်​သလို တစ်​ခါတစ်​​လေ သူ့​ရှေ့မှာဖုန်းလာရင်​ တစ်​​နေရာရာထွက်​သွားပြီး​ပြော​နေတတ်​တာမျိုး...ဒါ​ပေမယ့်​ Pကသူ့ကိုအရမ်းဂရုစိုက်​တာ​တော့ ခံစားမိ​နေပါတယ်​...သူ့ကားနဲ့မလိုက်​ချင်​ပါဘူးဆိုတာ​တောင်​...​နေ့တိုင်းမငြီးမညူကားနဲ့သူကိုယ်​တိုင်​ အကြိုအပို့လုပ်​​ပေးတတ်​သည်​...

တစ်​ခါတ​​လေ Pမအားရင်​​တောင်​ Pရဲ့ Managerဖြစ်​တဲ့P'nookနဲ့လိုက်​ပို့ခိုင်းတတ်​သည်​...သူဂရုစိုက်​တာကိုတစ်​ခါတ​လေ​ကျေနပ်​မိသလိုခံစားရ​ပေမယ့်​...တစ်​ခါတ​လေကျရင်​သူ့ကိုအ​နေကျပ်​​စေတယ်​..

တစ်​ခါတ​လေ သူနဲ့P'Wattနဲ့စကား​ပြော​နေတာကို​တောင်​မကြည်​တဲ့မျက်​လုံးနဲ့ကြည့်​​နေတတ်​တာမျိုး...

P'Wattနဲ့သူလည်းအခုဆိုရင်​​တော်​​တော်​​လေးရင်​နှီးလာပြီး ​သေချာ​ပေါင်းကြည့်​​တော့လည်း P'Wattက သူထင်​သလိုမဟုတ်​​ပေ...သူ့ကိုလည်းဂရုစိုက်​ပြီး...မသိနားမလည်​တာ​တွေရှိရင်​လည်း​သေချာရှင်းပြ​ပေးတယ်​...

ဒါ​ပေမယ့်​ ခက်​တာကP'Meanတစ်​​ယောက်​ပင်​...သူ့ကိုအိမ်​ပြန်​လိုက်​ပို့်​တဲ့​နေ့ရက်​တိုင်း...P'Wattနဲ့​ပြောခဲ့တဲ့အ​ကြောင်းအရာ​တွေကိုပြန်​​မေးတတ်​သည်​...

P'Wattကိုလည်းအရမ်းမယုံနဲ့လို့​ပြောထား​သေးတယ်​'Pဘာလို့သူ့ကိုဒီလို​ပြောရတာလဲ​မေးတဲ့အခါတိုင်း Pနဲ့P'Wattရဲ့ပတ်​သတ်​မှုကဘာလဲလို့​မေးလိုက်​တဲ့အခါတိုင်း´...ထို​မေးခွန်းက​နေအမြဲတမ်း​ရှောင်​ထွက်​သွားတတ်​တယ်​...

တစ်​ခါတ​လေ P... သူ့အ​ပေါ်မှာဘယ်​လိုသ​ဘောထားလဲသိချင်​မိတယ်​...ဒါမှမဟုတ်​ Pကပဲသရုပ်​​ဆောင်​​ကောင်းလွန်း​နေတာလားမသိဘူး...တစ်​ခါတ​လေPရဲ့စိတ်​ကိုနားလည်​တယ်​ထင်​ရ​ပေမယ့်​...တစ်​ခါတ​လေကျရင်​ထင်ထားတာနဲ့တခြားစီဖြစ်​​နေတတ်​တယ်​...သူပဲအရမ်း​မျှော်​လင့်​​နေမိတာများလား.....ထားလိုက်​ပါ​တော့.....​သေချာတာ​တော့ တစ်​​နေ့မှာ​အ​ဖြေထွက်​လာမှာပါ...

My Rainy Day(Zaw+Uni)Where stories live. Discover now