MY RAINY DAY(Z)
EP-9'ဟေ့...plan...ဘာဖြစ်သွားတာလဲ...မှောင်မဲနေတာပဲ မီးလည်းထွန်းမထားဘူး´ဟုပြောကာ လက်၂ဘက်အပြည့်ကိုင်ထားတဲ့ အပြင်က၀ယ်လာသောစားစရာဘူးများနဲ့အအေးဘူး၊ကားသော့နဲ့အိမ်သော့ကိုစားပွဲပေါ်အမြန်တင်လိုက်တယ်...
ပြီးတော့...ဂျိုင်းမှာညှပ်ထားသော...Flashlight
ဖွင့်ထားတဲ့ဖုန်းကိုပြန်ယူလိုက်ပြီး Planကိုflash
မီးလေးနဲ့ တစ်ချက်ကြည့်လိုက်တယ်...Planမလှုပ်ဘဲငြိမ်နေတာကိုMeanသတိထားမိသွားကာသေချာကြည့်လိုက်တော့ အပေါ်ကလည်းအကျီမပါ... အောက်မှာကလည်း လျော့တိလျော့ရဲတဘက်တစ်ထည်ပတ်ထားပြီး ကြမ်းပြင်ပေါ်မှာ ကားကားကြီးမလှုပ်ပဲရှိနေသော plan
ကိုကြည့်ရင်း Meanစိုးရိမ်သွားကာ planဘေးအမြန်ဒူးထောက်ထိုင်ချလိုက်တယ်...Mean:'ကလေး...ကလေး...Planလေး´ကြမ်းပြင်ပေါ်လဲနေသော Planခန္တာကိုယ်လေးကိုလှုပ်ကာနှိုးနေသော်လည်း planကမလှုပ်... မှောက်နေသောခန္တာကိုယ်လေးကို ပက်လက်လေးဖြစ်သွားအောင်လုပ်ပြီး ဖုန်းမီးလေးနဲ့မျက်နှာလေးကိုသေချာကြည့်လိုက်တော့ နဖူးကနည်းနည်းရောင်နေပုံရပြီး အောက်နှုတ်ခမ်းလေးပေါက်ပြီးသွေးအနည်းငယ်ထွက်နေတာကိုမြင်လိုက်ရတယ်
Mean:'ကလေး...ကလေး´လို့ခေါ်နေသော်လည်း ပြန်မထူးဘဲငြိမ်နေသော Planလေးကိုကြည့်ရင်း...ခုနက သူ့ကို'သရဲ´လို့အော်ကာ နောက်ပြန်လှည့်ပြေးတာကိုသတိရလိုက်မိတယ်...
💭နေဦးငါ့ကိုမြင်ပြီးဘာလို့နောက်လှည့်ပြေးတာလဲတစ်ချက်စဉ်းစားကြည့်လိုက်တယ်...အမှောင်ထဲမှာမလို့သရဲများထင်သွားတာလား...ငါကလည်းငါပဲ...ကလေးကိုစချင်တာနဲ့ ဒီနေ့ဒီမှာအိပ်မယ်ဆိုတာမပြောခဲ့ဘဲ ညစာအတွက်စားစရာသွားဝယ်ခဲ့တာကို...shooting အပြန်တုန်းက Panပို့ထားတဲ့ Messageအကြောင်းPlan
ကိုတမင်မပြောဘဲထားခဲ့လိုက်မိတယ်...မိုးရွာရင်...Planကြောက်တတ်မှန်းသိတာကြောင့်စချင်တာနဲ့...Plan...သူ့ကိုအိပ်မှာအိပ်ပေးဖို့မေးချင်နေတုန်းကတည်းက သိရက်နဲ့ တမင်မသိချင်ယောင်ဆောင်နေခဲ့မိလိုက်တယ်...
YOU ARE READING
My Rainy Day(Zaw+Uni)
Romanceအခုမှစရေးဖူးတာမလို သည်းခံပြီးဖတ်ပေးကြပါ ဒါနဲ့ ကိုယ်လည်းRoမှကြိုက်တဲ့သူမလို့ Roတာတွေများများပါပါ့မယ်💙💚 အခုမှစရေးဖူးတာမလို သည်းခံပြီးဖတ်ပေးကြပါ ဒါနဲ့ ကိုယ်လည်းRoမှကြိုက်တဲ့သူမလို့ Roတာတွေများများပါပါ့မယ်💙💚