MY RAINY DAY(Z)
EP-10Meanပြောတဲ့ ချစ်တယ်ဆိုတဲ့စကားကိုကြားပြီး Planကြက်သေသေနေကာ သူ့အပေါ်မှာအုပ်မိုးကာ ပြုံးပြီးကြည့်နေတဲ့Meanမျက်ဝန်းကိုမျက်တောင်မခတ်ပဲကြည့်ရင်း...ခေါင်းထဲမှာလည်းအတွေးမျိုးစုံနဲ့ပတ်ချာလည်နေတော့တယ်
Plan💭ခုနကPကငါ့ကိုချစ်တယ်လို့ပြောသွားတာလား... ငါနားကြားများမှားသွားတာလား...မဟုတ်ဘူး...မမှားနိုင်ဘူး...မချစ်ဘဲနဲ့တော့နမ်းမှာမဟုတ်ဘူး...Pကငါ့ကိုချစ်ရင် P'Smileကရောဘာလဲ...Pငါ့အပေါ်ကိုလူလည်လုပ်နေတာလား...ငါ့ကိုလွယ်တယ်လို့ထင်နေတာလား...
Pကိုချစ်ပေမယ့်...ငါလိုချင်တာဒီလိုပုံစံမဟုတ်ဘူး...Pနဲ့P'Smileရဲ့ကိစ္စသေသေချာချာမသိရဘဲနဲ့တော့...ဒီလိုရှေ့မဆက်နိုင်ဘူး...Pကလူရှုပ်ပဲ...Meanက သူ့မျက်နှာကိုသေချာစိုက်ကြည့်နေသောPlanလေးကိုကြည့်ရင်း အသည်းယားလာကာ ထပ်နမ်းမလို့မျက်နှာလေးရှေ့တိုးလိုက်တော့...Planမျက်နှာကိုမဲ့ကာ တစ်ဖက်လှည့်ပစ်သည်...Meanမျက်မှောင်တစ်ချက်ကျုံကာ Planမျက်နှာလေးကိုလက်တစ်ဖက်နဲ့ပြန်တည့်လိုက်ပြီး Planမျက်ဝန်းတွေထဲတစ်ချက်စိုက်ကြည့်လိုက်တယ်...Planမျက်ဝန်းထဲမှာအဖြေကိုရှာပေမယ့်...Planကသူ့ကိုနားလည်ရခက်တဲ့မျက်ဝန်းတွေနဲ့ပြန်ကြည့်နေတာကိုသာတွေလိုက်ရသည်
Mean:'ကလေး...မင်း...ကိုယ့်ကိုအဲ့လိုမကြည့်ပါနဲ့...မင်းမကြိုက်ရင်ကိုယ်မလုပ်တော့ဘူး...တစ်ခုပဲမှတ်ထားပေးပါ...မင်းကိုကိုယ်အရမ်းချစ်တယ်ဆိုတာကို'
Planအပေါ်မှာအုပ်မိုးထားတာကိုနောက်ဆုတ်လိုက်ပြီးကုတင်ခြေရင်းမှာ Planကိုနောက်ကျောပေးကာထိုင်နေရင်း
Mean:'မင်း...အခုချက်ချင်းအဖြေပေးစရာမလိုပါဘူး...ကိုယ်မင်းကိုချစ်တယ်ဆိုတာ မင်းသိထားရင်ရပြီ...မင်းဆီကအဖြေကိုကိုယ်နေ့တိုင်းစောင့်နေနိုင်တယ်'
Planကုတင်ပေါ်ကဆင်းလိုက်ပြီး သူ့ကိုကျောခိုင်းထားသော P'Meanရှေ့ကိုသွားလိုက်ပြီး
YOU ARE READING
My Rainy Day(Zaw+Uni)
Romanceအခုမှစရေးဖူးတာမလို သည်းခံပြီးဖတ်ပေးကြပါ ဒါနဲ့ ကိုယ်လည်းRoမှကြိုက်တဲ့သူမလို့ Roတာတွေများများပါပါ့မယ်💙💚 အခုမှစရေးဖူးတာမလို သည်းခံပြီးဖတ်ပေးကြပါ ဒါနဲ့ ကိုယ်လည်းRoမှကြိုက်တဲ့သူမလို့ Roတာတွေများများပါပါ့မယ်💙💚