အမည်မဲ့

391 55 0
                                    

"အမည်မဲ့"

သူက ကြောင်မချစ်ဘူး ခွေးတွေပဲ ချစ်တာ..။  ခွေးမည်းမည်းလေးတစ်ကောင်မွေးထားတယ်။ခွေးမလေးလို့ပြောတာပဲ၊ နှင်းတွေကျရင်ပြေးဆော့တတ်တယ် ။

            ဟိုးအရင်တုန်းက ကြောင်တွေကိုချစ်တယ် ဆိုပြီး ကိုယ့်ဘဝထဲ ဝင်လာကြသူတွေဟာ ထွက်ခွာသွားရချိန်မှာကြောင်တွေကို သိပ်မုန်းတော့တာပဲ၊ ကြောင်တွေကိုမုန်းတယ် စာအုပ်တွေကို မုန်းတယ် ၊ ကိုယ့်အငွေ့အသက်ပါတဲ့ အရာတိုင်းကိုသူတို့မုန်းတော့တာပဲ ။

             ဆုံးရှုံးသွားတဲ့ သော့တံတွေရယ်၊လှည့်မရတဲ့ တံခါးလက်ကိုင်တွေကြား ကိုယ်ဘယ်သူကိုမှ အပြစ်မတင်ပါဘူးရယ်၊ ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲလို့ ကိုယ်မမေးဖူးဘူး .သူကလည်း မဖြေပါဘူး ။

              ကိုယ့်အချစ်ဆုံးသူတွေအကြောင်း သူ့ကို ကိုယ်ပြောပြတယ် ..အချစ်ခဲ့ဆုံးယောကျာ်းလေးကအစ အမြတ်နိုးခဲ့ဆုံး မိန်းကလေးအဆုံးပေါ့. စံတော်ချိန်မတူတဲ့ အတွက် သူ့ရဲ့ နှင်းတွေကျနေတဲ့ ညက ဒီဘက်မှာမိုးတွေရွာနေတဲ့ မနက်ဖြစ်နေတယ် ၊ ကယ်လီဖိုးနီးယားက သစ်ပင်တွေ ဟာ အခေါက်မာ တယ်လို့ ထင်တာပဲ ၊ ဆောင်းရာသီ ဆို သိပ်အေးတာ ၊ သူအခုလောလောလတ်လတ်ပြတ်ထားတဲ့ ရည်းစားက ကလေး တစ်ယောက်အမေ အိမ်ထောင်သည် မို့အဲ့ ကိစ္စသိရပြီးပြတ်တယ် ပြောတာပဲ . ကိုယ့်ထက်ငယ်တဲ့ အသက် နှစ်ဆယ်အရွယ်ကောင်လေး ဘာကိစ္စအိမ်ထောင်သည်မိန်းမကို သွားပတ်သက်မှန်း ကိုယ်နားမလည်ဘူး . ဒါပေမယ့် ဘုရားသခင်ရဲ့ မြေအောက်စစ်သည်တော်ဆိုတဲ့ အစွန်းရောက် ဘာသာရေး ကျင့်စဉ်ဂိုဏ်းက မိန်းမတစ်ယောက်ဟာ လိင်တူချစ်သူတွေကို လုံးဝသဘောမကျရာကနေ  ရုတ်တရက် နိုင်ငံခြားမှာ တခြားမိန်းမတစ်ယောက်ဘေး နိုးလာခဲ့တဲ့ ကိုယ့်အဖြစ်ကိုယ် တွေးမိတော့ သူ့ရဲ့ အိမ်ထောင်သည်ရည်းစားဟောင်းအကြောင်းကို ကိုယ်မမေးမိသလိုအပြစ်လည်းမတင်မိဘူး ။

            မြေအောက်လောကရဲ့ ဘုရား နာမည်က ဘယ်သူ ... မိုက်ကယ်က ကျမ်းစာတွေကိုပြင်တယ်လို့ သူ့ကို ပြောပြတယ် ..အဖဘုရားသခင်အကြောင်းပြောတော့ သူရဲ့ ငယ်ဘဝ ရိုမန်ကက်သလစ် ဘုရားကျောင်းအကြောင်းပြောပြတယ် ၊ နောက်တော့ ဘုရားမဲ့ဝါဒီဖြစ်သွားတယ် ပေါ့
သားတော်ငယ်အတွက်အလုပ်လုပ်တဲ့ ကိုယ်တို့ဂိုဏ်းအကြောင်းပြောပြတော့သူစိတ်ဝင်စားတယ် ၊ ကိုယ်အင်္ဂလိပ်စာ အရမ်းကောင်းရခြင်းအကြောင်းရင်းက ဘာသာရေး ဝါဒဖြန့်တဲ့ သူမို့ တစ်ဝက်လောက်ကို ပုံပြင်ဝေဝေဆာဆာနဲ့ ဖန်တီးရေးပြီး နတ်ဆိုးကိုးကွယ်တဲ့ ဘာသာ အတွက် သာသနာပြုနေတာ ဆိုတာ သူသိတော့ အာရှသူတွေဟာ သင်္ချာအစား အင်္ဂလိပ်ပြောင်းတော် နေကြပြီလားလို့ မေးတယ်။

             သာသနာပြုစာပေတွေနားလိုက်ပြီ ၊ သူကတော့သူယုံကြည်ရာ သူရေးနေတုန်းပဲ .သူရေးတာက ချပ်ဝတ်စစ်သည်တော်တွေအကြောင်းပေါ့ ၊ ဘာသာရေးနဲ့ မဆိုင်လို့ ကိုယ်စိတ်မဝင်စားဘူး .သူက ဖယောင်းတိုင်ထွန်းထားတဲ့ အခန်းထဲ လူတွေ အသက်ဝင်လာတာကို မှော်ပညာလို့ထင်နေတာ သနားဖို့ကောင်းတယ်လို့ ကိုယ်တိတ်တိတ်တွေးတယ် ။
သူရေးထားတဲ့ ဇာတ်ကောင်တစ်ခုကို ကိုယ့်ကို ပုံစံတူဝတ်စေချင်တယ် .သူဇာတ်လမ်းတစ်ပုဒ်လုံးရဲ့ အဓိကမိန်းကလေးဇာတ်ကောင်ပေါ့ ။

ကိုယ်ငြင်းလည်းမငြင်းဘူး လက်လည်းမခံဘူး . သူ့စာအုပ်တွေထုတ်ရင်ပို့ပေးပါဆိုတော့ သူသာ အဲ့ အချိန်ထိချစ်သူမရှိသေးရင် ပထမဆုံးဖတ်ရတဲ့ သူက ကိုယ်ဖြစ်လိမ့်မယ်လို့ ကတိပေးတယ်တဲ့ .ငြင်းလည်းမငြင်းဘူး လက်လည်းမခံဘူးလို့ ယူဆရတာပေါ့ ။
                      လက်ဝှေ့ထိုးတဲ့ လက်တွေဟာ ကိတ်မုန့်ဖုတ်တယ်ဆိုတာ ယုံရခက်လွန်းတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ သူက သိပ်အပျင်းကြီးတာ ။ တခါတလေ စိတ်ကူးပေါ်ရင် ရစ်အန်မော်တီကာတွန်းကားထဲကဟာသတွေ ထထပြောတယ်၊ ကိုယ်မရယ်ရဘူးထင်ပေမယ့် သူကတော့ဆက်ပြောနေတုန်းပဲ ။ သူကအမဲရောင် အနွေးထည် ထူထူဝတ်ပြီး မနက်စောစော လက်ဝှေ့ရုံသွားရတာ သိပ်ကြိုက်တာ ။ သူ့ကိုသိပြီးမှ လက်ဝှေ့သမားတွေစတိုင်ကျပါလားလို့ ပထမဆုံးတွေးမိတာ။ သူကတစ်ဖွဲ့လုံးမှာ အရပ်ရှည်တာလည်းပါမှာပေါ့ ။
တစ်ယောက်ယောက်ကများ သူ့ကိုချစ်လားလို့ မေးရင် ဆရာမကြီးကြည်အေးရဲ့ မီ ဖြေသလို ချစ်လည်းမချစ်ပါဘူး မုန်းလည်းမမုန်းဘူးလို့ဖြေရမှာပဲ ။

                အင်တာနက်မှာပဲ သိပြီး အပြင်မှာ တစ်ခါမှ မဆုံဖူးတဲ့သူကို ဘယ်လိုချစ်ပြီး ဘယ်လို မုန်းရမလဲ ဖြေရသိပ်ခက်တာပဲ ၊ ချစ်လည်း မချစ်ဘူး မုန်းလည်းမမုန်းဘူး ။ ဒါပေမယ့် သူလက်ဝှေ့ထိုးနေတာ မြင်ရင် ဘာကြောင့်မှန်းမသိ သိပ်ပျော်တာပဲ ၊ သူကိုယ့်ကိုမေးတယ် အကြိုက်ဆုံးအရာ ကဘာလဲဆိုတော့ ကိုယ်က ဘိုထိုင်အိမ်သာ လို့ဖြေတာ။ ကိုယ်တကယ်ဘိုထိုင်အိမ်သာ ကြိုက်တယ် ရေပန်းပါရင် အကြိုက်ဆုံးပဲ ။ သူကပြောတယ် ငါတို့အပြန်အလှန် အီစီကလီ လုပ်နေကြတယ် ထင်တာတဲ့ ။ သူက အိမ်သာ ကိုကြိုက်တယ် ဆိုတဲ့ အကြောင်းဖြေလို့ ကိုယ့်ကိုတောက်တီးတောက်တဲ့ လက်ပေါက်ကတ်မလေးလို့ပြောသွားတယ် ။

                အရင်တစ်ခါ လိုင်းပေါ်ကလိမ်တဲ့  အနုပညာမဂ္ဂဇင်းတစ်ခုက သူ့ ကိုထပ်လာလိမ်တော့ ကိုယ်ဝင်ပြောတယ် .. တက်သစ်စတွေကိုလိမ်စားရတာ မရှက်ဘူးလားလို့ ။ သူက ပါ အဲ့လူကိုထပ်ပြောတယ် ငါ့စော်ပြောတာကြားလား လူလိမ်ကောင်တဲ့
ကိုယ်ကတော့ သူ့စော်မဖြစ်ချင်ပါဘူး ။ သူ့စာအုပ် ကို ပထမဆုံးဖတ်ရတဲ့ သူပဲ ဖြစ်ချင်တာ ။

               ကိုယ်ကခွေးတွေမချစ်ဘူးလေ ။ ကြောင်ပဲချစ်တာ ။ ကြောင်တွေချစ်တဲ့ သူတွေကိုချစ်တာ မဟုတ်ဘူးလေ .. အဲ့လိုပဲပေါ့ ။

Random Shorts Donde viven las historias. Descúbrelo ahora