■ ဖန်ဖိနပ် ■
နွေရာသီ သင်္ချာအိုလံပစ် ပြိုင်ပွဲ အတွက် ကျောင်းပေါင်းစုံက အလယ်တန်းကလေးတွေဟာ ရုတ်တရက် ရောက်လာကြတယ် ၊ တူရကီလူမျိုးတစ်ယောက်ပိုင်တဲ့ ကိုယ်ပိုင်ကျောင်းခွဲဟာသူတို့မြို့မှာ အသစ်ဆောက်ပြီး လာဖွင့်ထားတာ သိပ်မကြာသေးဘူး။
အသက်ကန့်သတ်ချက် ၁၀နှစ်ကနေ ၁၃နှစ် ဖြစ်ပြီး တစ်ပတ်အနီးကပ်သင်မယ် ၊လူရွေးမယ်၊ လက်ရွေးစင် ကလေးတွေ ပြိုင်ပွဲ အတွက် လေ့ကျင့်ပေးမယ် ပြီးတော့ ပညာသင်ဆု အစီအစဉ်လည်းရှိတယ် ၊
ကြွေပြားတွေကို နင်းလိုက်ရင် ပြောင်ချောချောဖြစ်နေတာကို မကြိုက်၊ သူဟာ လူတွေကို ခင်ရတာ မုန်းပေမယ့် လူတွေကတော့ သူ့ကို ချစ်စရာကောင်းတဲ့ မိန်းကလေးလို့ ထင်ပြီး တစ်ဖက်သတ်ခင်ကြတယ် ။" ကိုယ်ပိုင်ကျောင်းမို့လား မသိဘူး ၊ကန်တင်းက အာလူးကြော်အစ ခေါက်ဆွဲပြုတ် အဆုံး အရမ်းဈေးကြီးတာပဲ "
ဘေးက မျက်မှန်အထူကြီးတပ်ထားတဲ့ ကောင်မလေးဟာ ဖျော်သောက်ရမယ့် ကွေကာအုပ်မှုန့်တွေကို ဝါးစားရင်းပြောတယ်။ သူကတော့ အိမ်ကထည့်ပေးလိုက်တဲ့ အိမ်နားက ပေါင်မုန့်ဆိုင်က ဘီစကွတ်နဲ့ ရေပဲပါတယ် ၊ စဉ်းစားကြည့် ၊ လိမ္မော်ရောင် တောက်တောက်ကြီး သုတ်ထားပြီး ထူးဆန်းတောက်ပခေတ်မှီတဲ့ ကိုယ်ပိုင်ကျောင်းကြီး ကိုလာပြီး ရေနဲ့ ဘီစကွတ်စားဖို့ ဆိုတာ ပိန်းလွန်းတယ်လို့ခံစားရတယ် ။အတန်းထဲမှာ အရူးတစ်ကောင်ဟာ ကြွေပြားချောချောပေါ် ဖိနပ်ကို ရေစွတ်ပြီး စကိတ်လို စီးနေတယ် ၊ နောက်ဆုံး ဆိုဒါသောက်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ စားပွဲခုံကို ဝင်တိုက်မိပြီး အကုန်မှောက်ကျကုန်တယ် ။
"အရူးတွေချည်းပဲ ၊ငါ ကန်တင်းသွားတော့မယ် "
သူမဟာ ဘီစကွတ်ထုပ်ကို အမှိုက်ပုံးထဲ ပစ်ထည့်ပြီး ထထွက်သွားတော့ မျက်မှန်အထူကြီးနဲ့ ကောင်မလေးဟာ ပြေးလိုက်လာတယ် ။ ဒီနေ့မှ စသိတာကို အရမ်းတွေခင်ပြနေတယ် ၊ စိတ်ပျက်ဖို့ ကောင်းလိုက်တာ လို့ သူတွေးမိတယ် ။ကန်တင်း တကယ်ရောက်တော့ ခေါက်ဆွဲပြုတ် ဝယ်မစားနိုင်ဘူး ၊ အသင့်စား အထုပ် ကို ငါးရာ ဆိုတာ ဈေးကြီးလွန်းတယ် ၊ ခေါက်ဆွဲပြုတ်တဲ့ အစ်ကိုကြီးဟာ အင်မတန်မျက်နှာထားတည်တဲ့အပြင်အပေါက်ဆိုးတယ် မျက်နှာကို ဆံပင်တစ်ခြမ်း အုပ်ထားတယ် ၊ မစားနိုင်မှန်းသိတော့ ကောင်တာ နောက်ကို ပြန်ဝင်သွားတယ် ၊ မီးဖိုနားမှာ ဘယ်အချိန်က ရောက်နေမှန်းမသိတဲ့ ဂစ်တာတစ်လက်ကို ကောက်ကိုင်ပြီး သီချင်းဆိုတယ် ။ရာသီဥတုပူရတဲ့အထဲ ဆွေးဆွေးကြီး ဆိုနေတယ် ။
KAMU SEDANG MEMBACA
Random Shorts
Cerita Pendekတစ်ခုမေတ္တာရပ်ခံချင်တာကတော့ ဒီထဲက ဝတ္ထုတိုလေးတွေကို ဖတ်ပြီး တွေးကြည့်ပါ တွေးကြည့်ပြီးရင် ကိုယ်ခံစားရတဲ့ ကိုယ့်ဘက်က အမြင်လေးတွေကိုရေးချပေးခဲ့ပါ ။ ဝတ္ထုတိုတွေတဲ့ ၊ ရိုးရှင်းပါတယ် အရောင်မပါတဲ့ ဆန္ဒတစ်စုံ ခပ်ပါးပါးရယ်ပါ ။ (စာရေးတဲ့ ပုံစံ ကိုအသစ်တစ်မျို...