ပျောက်ကွယ်မသွားသောချစ်ခြင်း(one shot)

1.3K 99 15
                                    

June 1 မှာလုပ်တဲ့ Taokanoi club ပွဲလေးကိုအခြေခံရေးသားထားခြင်းပါ

ပျောက်ကွယ်မသွားသော ချစ်ခြင်းများ❣️ (ZawGyi)

Saint တစ်ယောက်studio ခန်းထဲမှအထွက်စောင့်နေသော ပရိတ်သတ်များကို Zee တို့ Tonnam တို့နှင့်အတူနှုတ်ဆက်နေရသည်

Chen:Saint!!Saint မင်းပစ္စည်းတွေငါ့ပေးလိုက် ငါကားထဲကစောင့်နေမယ်

Saint လက်ထဲမှအိတ်များကို P'Chen ယူသွားကာ ကားထဲတွင်သွားစောင့်နေသည်

Fans:Saint!! ဒီဘက်ကြည့်ပါဦး

Saint:kharb kharb

Fans:Tutorfighter !! Fightertutor

Fan တွေရဲ့အော်သံကို Saint ကြားတော့ ဟိုအရင်တုန်းကအချိန်ကိုသွားသတိရမိသည်
Saint(POV):မနှစ်က ဒီလိုအချိန်လေးမှာ Pinson Sonpin လို့အော်သံလေးတွေဆူညံနေခဲ့တာ.... Perth ရယ် အကိုမင်းကိုအရမ်းသတိရတယ်

Fan:Saint!! ဒီမှာမင်းအတွက်

Fan လှမ်းပေးနေသည့်အထုတ်ကို သူလှမ်းယူနေစဉ် အောက်က Fan တစ်ယောက်ဆီမှ
Fan:Saint!!Saint Fightertutor နော်

Saint စိတ်ဆိုးသလိုလုပ်ပြကာ ဆောင့်အောင့်၍လှည့်ထွက်သွားတော့ Fan တွေကချစ်ဖို့ကောင်းလို့စကြသည်

Saint အမှန်တကယ်တော့ ထိုအသံများကြားမှရုန်းထွက်ချင်လာ၍ အကိုတွေတောင်မစောင့်ဘဲ ထွက်လာခဲ့ခြင်းဖြစ်သည်

တစ်ဖက်တွင်လည်း Perth တစ်ယောက်မှာ Plan တို့ Title တို့နှင့်June 1 အတွက်ပြင်ဆင်ကြရန်အတူရှိနေလေသည်

Perth ခေါင်းလျှော်နေတုန်း ph မှ Noti တက်လာသည်
Perth:P'Saint Live လွှင့်နေတာဘဲ

Perth ဖွင့်ကြည့်လိုက်တော့ မျက်နှာတွင်အလိုမကျသော ပုံရိပ်တို့ကအထင်းသားပေါ်လာသည်
Perth(POV):P'Saint ဘာလို့အဲလိုပြုံးပြနေရတာလဲ ဘာလို့P'Zee ရှေ့မှာ အဲ့လောက်ချစ်စရာကောင်းအောင်ပြုံးပြနေရတာလဲ

Perth ကြည့်နေတုန်းပင် Zee က Saint အပေါ်မှမိုးကာ တခုခုကိုလှမ်းယူနေလေသည်
Perth:တောက်!!!

Perth တောက်ခေါက်သံကြောင့် အနားသို့ Plan ရောက်လာသည် Title ကတော့ Live လွှင့်ကောင်းတုန်းပင်

Plan:Perth ဘာဖြစ်တာလဲ

Plan လက်ထဲကို Perth ဖုန်းထိုးပေးလိုက်ကာ ကြည့်ဆိုသည့်သဘောဖြင့် ခေါင်းအသာဆတ်ပြလိုက်သည်

Endless Love storyWhere stories live. Discover now