လုံးထွေးနေတဲ့ ခန္ဓာကိုယ် ၂ ခုက မွေ့ယာပေါ် အိကနဲ ပစ်ကျသည်။
သောက်ထားတဲ့ အရက်အရှိန်က မဟုတ်တဲ့ စိတ်တွေကို ပိုပြီးနိုးကြွစေသလားမသိ။
ခါးအစကနေ လှန်ချွတ်လိုက်တဲ့ ဘော်ဒီ တောင့်တောင့်ကိုကြည့်ရင်း ရင်ဘတ်ထဲ ဗလောင် ဆူလာသည်။
နှုတ်ခမ်း၂ခု အထိ အတွေ့ စိတ်အမှောင်ရဲ့ အနက်ရှိုင်းဆုံးနေရာက ဆူကြွလာစေသလား
သူမ ခန္ဓာကိုယ်ပေါ် ပြေးနေတဲ့ လက်တွေကို မဖယ်ရှားမိ
ဒီည သူမ စိတ်ရိုင်းတွေကို ဘာအရာနဲ့မှ ချုပ်ထိန်းဖို့မလိုတော့
🎶 Inthe end, I tell you I love you and forcefully swallow my heavy tears, this isn’t right (really isn’t right) 🎶
🎶I pretend nothing is wrong, who will know my heart?🎶ထမြည်လာတဲ့ ဖုန်း Ringtone ထဲက စောက်ကလေး Jun Hong အသံကြားတာနဲ့ သွေးထဲက အယ်လ်ကိုဟောတွေ အကုန် ခန်းသွားသလားမှတ်ရသည်။
တဏှာမီး ဟုတ်ကနဲ ငြိမ်းသွားပြီး သတိကပ်သွားချိန် လန့်ဖျန့်ပြီး အပေါ်ကကောင်ကို စောင့်တွန်းချလိုက်မိသည်
What the hell
အားနဲ့ တွန်းတွန်း ကန်ကန် ကန်ချခံလိုက်ရသဖြင့် ဒေါသထွက်နေတဲ့ ကောင်ကို ဂရုမစိုက်အား။
စောင်ဘွားတော် အပျိုကြီး
ဒင်း Ringtone က ဒီအချိန်မှ ကွက်တိ လာမြည်ရသလားဟဲ့
ဘာလဲ ပြော
ဟဲ့ နင်တို့ ၂ ကောင် သတ်ကြပြန်ပြီလား
ဆူဆူအောင့်အောင့် ဖြေတဲ့ အသံကိုလည်း ဒင်းက နည်းနည်း ဂရုစိုက်တဲ့ပုံမပေါ်။
ဘာလို့လဲ
မေးတာဖြေစမ်းပါ
အဲဒီ ဘွားတော်စာကလေးကို လိမ်မရမှန်းသိတော့ ဝန်ခံလိုက်ရသည်။
ဟုတ်တယ်
နင်ဆိုတာလေ ကလေးလဲ မဟုတ်ဘဲ ကလေးနဲ့ အပြိုင်စိတ်ကောက်နေပြန်ပြီ
နင့်ကလေးဆိုတဲ့အကောင်က ကလေးမဟုတ်ဘူးဟဲ့စောက်ရမ်းမိုက်ရိုင်းတဲ့ အကောင် မသိဘဲ ငါ့ကိုလာ ရန်လုပ်မနေနဲ့
နေနေ ရန်မလုပ်နဲ့ဆိုလည်း မလုပ်ဘူး အိမ်တော့ ရောက်အောင် ပြန်ဦး ဒါပဲဒါပဲ
