Zawgyi
Ten years ago,..
အထဲဝင်လိုက်တာနဲ့ မှောင်မည်းနေရမည့်အိမ်က..
တစ်အိမ်လုံးလင်းထိန်နေသည့်အပြင်..
ဟင်းနံ့တွေပါ မွှေးကြိုင်နေတာကြောင့်..
ဘယ်လိုများဖြစ်သလဲဆိုပြီး အိမ်စီးဖိနပ်တောင်မလဲနိုင်ပဲ
မြန်မြန် လေးဝင်လာခဲ့တော့..
မီးဖိုခန်းထဲမှာ ဟင်းချက်နေသည့် appaနဲ့ဆုံသည်..။"appa ဘယ်လိုဖြစ်တာလဲ..?
ဒီနေ့ ဂျူတီရှိတယ်မလား..?""အာ..သားပြန်လာပြီလား.."
အိမ်ရာတစ်ခုမှာ ညစောင့်အလုပ်လုပ်ကိုင်နေသည်မို့..
ဒီတစ်ညလုံး ဂျူတီစောင့်ရမည်ဖြစ်ကြောင်းမနက်ကလေးတင်
ပြောနေသေးသည့်အဖေ့ကို..ဒီအချိန်ကြီးအိမ်မှာတွေ့လိုက်ရတော့ အလုပ်များပြုတ်သွားတာလား ဘာညာ
စဉ်းစားမိလိုက်သည့်နောက်ကွယ်တွင်...ဒီလအတွက်ကျောင်းစရိတ်မပေးရသေးတဲ့ကိစ္စကိုပါ
တစ်ဆက်တည်းစိတ်ရောက်သွားခဲ့တော့..
အမောတောင်ဆို့ချင်သွားသလို..။
ဒါပေမယ့် ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလာတဲ့appaရဲ့နောက်ဆက်တွဲစကားကြောင့် လူက
အသက်ရှူချောင်သွားရသည်...။"appa ..အဲ့အလုပ်လုပ်စရာမလိုတော့ဘူး..
သားလဲ အချိန်ပိုင်းအလုပ်တွေကနေထွက်လိုက်တော့..""ဘာလို့..?"
"ဒီလို..ဒီနေ့ appa ဆီကို
ph တစ်call ၀င်လာတယ်..
အရင်တုန်းက အလုပ်အတူတူလုပ်ဖူးတဲ့လုပ်ငန်းရှင်တစ်ယောက်ပါ.."ထိုင်ခုံမှာ ကျကျနန၀င်ထိုင်ပြီး အသေအချာလေးပြောနေတဲ့appaစကားတွေရဲ့အဆုံးသတ်မှာ..
ကျွန်တော်တို့သားအဖနှစ်ယောက်ရဲ့ဘ၀က နေရောင်ခြည်လေးပြန်လည်ထွန်းလင်းလာခဲ့ကြောင်းသိလိုက်ရသည်..။စီးပွားရေးပြေလည်တုန်းက အတူတူလုပ်ဖူးသည့်
လုပ်ငန်းရှင်တစ်ယောက်က appaကိုသူ့driver အလုပ်လုပ်ကိုင်စေကြောင်း..
ပြီးတော့ သူတို့ခြံဝန်းထဲက အိမ်ပုလေးမှာ ကျွန်တော်တို့သားအဖနှစ်ယောက်ကိုလာနေစေလိုကြောင်းရယ်..
ကျွန်တော်ရဲ့ကျောင်းစရိတ်တွေပါ အားလုံးထောက်ပံ့ပေးမည်ဆိုသည့်အကြောင်း တွေ...။
YOU ARE READING
Tyranny Ver.2 ( ဖိနှိပ်ညှင်းပန်းခြင်း ) ( Zawgyi + Unicode )
Fanfictionခင်ဗျားက ရက်စက်တတ်တယ်.. ဒါပေမယ့်... ခင်ဗျားရဲ့အချစ်တွေကို ခံစားလို့ရတာကြောင့်.. ခင်ဗျားကို အရမ်းချစ်တယ် ဒါပါပဲ... CV by asuna park ❤