Zawgyi
"Baek Hyun ကိုတွေ့မိကြသေးလား..?
ဟမ်..?
သူဒီကိုလာသေးလား....?""ဗျာ...အစ်ကိုလေးဒီဘက်ကို မလာပါဘူး
ခေါင်းဆောင်ကြီး....""ဟာကွာ....တောက်...!!"
"appa...appa ပျောက်သွားတာလားဟင် daddy..
ဟုတ်တယ်မလား..?
appa ပျောက်သွားတာမလား.."သမီးကိုအရုပ်ဝယ်ပေးပြီးရင် လာမှာမို့ကားပေါ်မှာပဲစောင့်နေပါဆိုတာကို...
ကားပေါ်မှာလဲမတွေ့ ကစားကွင်းထဲ ဒေါင်းတောက်အောင်ရှာကြည့်ပေမယ့်လဲမရှိ...
CCTV ထိသွားရှာတော့လဲ ကားပေါ်တက် သွားတာပဲတွေ့ပြီး အဆင်းမတွေ့လို့တစ်ခုခုတော့ထူးပြီ ဆိုပြီး...
တပည့်တစ်ချို့ကို လမ်းကြောင်းလိုက်ဖို့ ညွှန်ကြားထားနှင့်ပြီးဖြစ်ပြီး...
အိမ်အမြန်ပြန်လာခဲ့သည်...။အိမ်ရောက်တော့ အိပ်ခန်းထဲကအစ တစ်အိမ်လုံးပတ်ရှာပြီး အစေခံတန်းလျားအထိရှာသော်လည်း..
မလာပါ မတွေ့ပါဆိုတဲ့လူတွေချည်းပဲ ဆိုတော့..
ဒီလောက်ဆိုသိလိုက်ပါပြီ..။ကျွန်တော့်အသည်းနှလုံးဟက်တက်ကွဲကြေဖို့် အကြောင်းဖန်လာပြီဆိုတာ....။
သမီးကလဲ သူ့အဖေကို မတွေ့တော့လို့တငိုငိုတရယ်ရယ်နဲ့...။
သူ့ကိုချော့ဖို့ ထက်ကိုယ်ကိုယ်တိုင်ကိုက မျက်ရည်စက်လက်နဲ့လူပျောက်ရှာနေရတာ ဆိုတော့..
အင်း..အဆင်မပြေဘူး..
ဘယ်လိုမှ အဆင်ပြေမနေဘူး..။နေပါဦး..ကျွန်တော်နဲ့သမီးနဲ့ အရုပ်သွားဝယ်တာ မိနစ်ပိုင်းလေးပဲရှိသေးတာကို...
ဘယ်ကအကောင်းစားတွေက..ကျွန်တော့်လူကို ခေါ်သွားဝံ့တာတဲ့လဲ...။ကျွန်တော့်အနီးပတ်ဝန်းကျင်ကနေ ခေါ်ထူတ်သွားဝံ့တာ
ဆိုတော့ကာ သိပ်ကိုသတ္တိကောင်းလှတယ်ပေါ့...။အဲ့တာကလဲ ကျွန်တော်အမြတ်နိုးရဆုံးဖြစ်တည်မှုကိုမှ..
ဆွဲခေါ်ချသွားတာ...။
VOUS LISEZ
Tyranny Ver.2 ( ဖိနှိပ်ညှင်းပန်းခြင်း ) ( Zawgyi + Unicode )
Fanfictionခင်ဗျားက ရက်စက်တတ်တယ်.. ဒါပေမယ့်... ခင်ဗျားရဲ့အချစ်တွေကို ခံစားလို့ရတာကြောင့်.. ခင်ဗျားကို အရမ်းချစ်တယ် ဒါပါပဲ... CV by asuna park ❤