4..

6.6K 692 43
                                    


Zawgyi

ကောင်းကင်​ပြာပြာကြီး​ပေါ်မှာ အဖြူ​ရောင်​မိုးသားတိမ်​လိပ်​​တွေ ​လေနဲ့အတူ ဟိုဟိုဒီဒီ​မျောပါ​နေတာကို
မော့ကြည့်​ရင်း..
ရာသီဥတုသာယာ​နေတဲ့ည​နေခင်းတစ်​ခုမှာ..
ကျောင်းကအဆင်းအိမ်​ပြန်​ဖို့အတွက်​..
bus ကားမှတ်​တိုင်​ကို လမ်း​လျှောက်​လာခဲ့သည်​...။

ကျောင်းသူ​ကျောင်းသား​တွေဟိုတစ်​စုဒီတစ်​စုရယ်​..
လမ်းသွားလမ်းလာ​တွေရယ်​...
အားလုံးသူ့​ထောင့်​နဲ့သူလှုပ်​ရှားသွားလာ​နေကြတဲ့
ည​နေခင်း​လေးက အားလုံးသာသာယာယာပင်​...။

သူငယ်​ချင်း​တွေနဲ့အိမ်​အပြန်​လမ်းမတူတာမို့
ကားအတူတူစီးစရာအ​ဖော်​မရှိလို့နည်းနည်းပျင်း​နေတာကလွဲရင်​..ကျန်​တာအားလုံးအဆင်​​ပြေသည်​..။

ဒီ​ခြောက်​လအတွင်း..အခုလို ​အေး​အေး​ဆေး​ဆေးလမ်းမ​လျှောက်​ခဲ့ရတာကြာ​ရော​ပေါ့...။
ကျောင်းဆင်းတာနဲ့အချိန်​ပိုင်းအလုပ်​​နောက်​ကျမှာစိုးလို့..
ပြေးလွှားပြီးသွား​နေရတာနဲ့တင်​ ဘ၀ကြီး​တော်​​တော်​ခါး​နေခဲ့သည်​...။

အခု​တော့အဖိုးတို့​ကျေးဇူးဖြင့်​ သက်​သက်​သာသာ​လေးပြန်​​နေရသည်​မှာ အိမ်​မက်​တစ်​ခုလို...။
စာထဲမှာပဲ အာရုံစိုက်​ခွင့်​ရတာကလဲ ကံ​ကောင်းခြင်းတစ်​ခုလို...။

ဒီလိုအ​ခြေအ​နေမျိုးပြန်​​ရောက်​​အောင်​ကူညီ​ပေးခဲ့တဲ့..
အဖိုးကို အိမ်​မှာ ​တွေ့တိုင်း​ကျေးဇူးတင်​စကား​ပြောလွန်းလို့..
အဖိုးက​တောင်​ recordingဖြစ်​ဖြစ်​သွင်းထားပါလားလို့​နောက်​​နေ​သေးသည်​...။

"အယ်​..ကိုကို..!!"

မှတ်​တိုင်​မှာ ကား​စောင့်​​နေတုန်း...
အိမ်​ကအရှင်​သခင်​ကြီး...သူ့ကိုယ်​သူ ကိုကိုလို့​ခေါ်ခိုင်းသည့်​ လူ​ချောကြီးသည်​..
သူစီး​နေကျ ကားအကြီးကြီးနဲ့ ဘယ်​က​နေဘယ်​လို​ရောက်​လာမှန်းမသိ..
မှတ်​တိုင်​မှာ ကားထိုးပြီးဟွန်း​တွေစွတ်​ဆတ်​တီးပြ​နေသည်​..။

ကိုယ်​က busကားအလာကိုပဲ​မျှော်​​နေတာမို့အစက သူ့ကားကိုသတိမထားမိ..။
နားမခံနိုင်​​အောင်​ဟွန်းသံ​တွေဆူညံလာ​တော့မှ
ဘာဖြစ်​တာလဲစူးစမ်းကြည့်​​လိုက်​​တော့မှပဲ..
ကားအကြီးကြီး​ပေါ်က​နေ ပြုံးပြပြီးလက်​ယက်​​ခေါ်​နေသည့်
ကိုလူ​ချောကို ​တွေ့လိုက်​ရသည်​..။

Tyranny Ver.2 ( ဖိနှိပ်​ညှင်းပန်းခြင်း ) ( Zawgyi + Unicode )Tempat cerita menjadi hidup. Temukan sekarang