Zawgyi
ရာသီဥတုသာယာနေတဲ့ ညနေခင်းတစ်ခု...။
လက်ရှိနေထိုင်တဲ့Park အိမ်တော်ထဲကတိုက်ပုလေးမှာ
မဟုတ်ပဲ..တစ်ခြားတိုက်ခန်းငယ်ထဲမှာ ...ရောက်နေပြီး
လိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီးနေရာချနေမိသည်..။လိုအပ်တဲ့ပစ္စည်းဆိုတာကလဲ..ဒီနေ့ညစာအတွက်ချက်ပြုတ်မယ့် ဟင်းချက်ပစ္စည်းအနည်းငယ်ပါ..။
Jin Hyuk တို့မိဘတွေက ချမ်းသာတော့
ဒီလိုတိုက်ခန်းမျိုးကို သူ့သားနားအေးပါးအေးနေပါစေဆိုပြီးသက်သက်ပေးထားတာမို့...
မနက်ကအထိ Jin Hyuk လဲ ဒီမှာနေသွားတာမို့...
အိမ်သုံးပရိဘောဂနဲ့တစ်ခြားအသုံးအဆောင်ပစ္စည်းတွေကလဲ သူ့နေရာနဲ့သူပင်..။အားလုံးအသင့်တက်နေရန်သာ...။
အင်း..Jung Jin Hyuk နဲ့မခင်ခင်တုန်းက..ဒီကောင်
့ကိုသူဌေးသားဆိုပြီးမာနကြီးမယ်ထင်တာ..
အခုတော့သူငယ်ချင်းကိုကူညီချင်စိတ်ရှိတာပဲ..။"အမဲသားမစားရတာကြာပြီ..appa လာရင် ချက်ခိုင်းရမယ်.."
ဟိုအိမ်မှာမနေတော့ပဲ..ဒီမှာပဲ ပြောင်းနေတော့မယ့်အကြောင်းကို ကြိုတင်ပြောပြထားခြင်းမရှိပဲ..
ဒီတိုင်းအိမ်လိပ်စာကိုပေးပြီး လာခိုင်းထားတာကြောင့်
ရောက်လာရင် ဆူများဆူမလား တွေးလိုက်ပေမယ့်..
အခုလုပ်ရပ်အတွက်နည်းနည်းလေးတောင်နောင်တမရ..။ဒီရက်ပိုင်း ထဲမှာ အကြိမ်တစ်ရာတစ်ထောင်မကစဉ်းစားပြီးခဲ့ပြီ..။
အဲ့Park အိမ်တော်မှာ ဆက်နေဖို့ကဘယ်လိုမှ မဖြစ်နိုင်တော့...။လွန်ခဲ့တဲ့ လေးရက်ညပိုင်းအချိန်တုန်းက..
Park Chan Yeol ဆီမှာ အနိုင်ကျင့်ခံရပြီးကတည်းက
လူကရူးချင်ချင်ဖြစ်သွားသည်..။ကိုယ်ချစ်မိနေတဲ့လူက..ဘယ်လိုလူစားမျိုးလဲဆိုတာ
ကောင်းကောင်းကြီးသိလိုက်ရတာမို့..
အချစ်တစ်ခုတည်းအတွက်နဲ့တော့ မရူးမိုက်ချင်ဘူးလေ..။
အဲ့မှာဆက်နေနေရင်..အဲ့နေ့ကလို အဖြစ်မျိုးပဲအလားတူ
ထပ်ဖြစ်ဦးမယ်ဆိုတာ..သိသိရက်နဲ့..ဆက်နေရအောင်က
ကျွန်တော်အရူးမှမဟုတ်တာ..။
YOU ARE READING
Tyranny Ver.2 ( ဖိနှိပ်ညှင်းပန်းခြင်း ) ( Zawgyi + Unicode )
Fanfictionခင်ဗျားက ရက်စက်တတ်တယ်.. ဒါပေမယ့်... ခင်ဗျားရဲ့အချစ်တွေကို ခံစားလို့ရတာကြောင့်.. ခင်ဗျားကို အရမ်းချစ်တယ် ဒါပါပဲ... CV by asuna park ❤