Chapter-5

1.1K 34 1
                                        

"Jael!! နင်ရူးနေလားဒါမဖြစ်နိုင်ဘူး။နင်တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။နင့်လိုပျော့တိပျော့ဖတ်မိန်းကလေးကဒီလိုလုပ်ဖို့ကြံမိတာတောင်ငါအံ့သြတယ်။ကျင့်ကြံဆင့်အတော်မြင့်တဲ့သူတွေတောင်အဲ့လိုသွားစိန်ခေါ်ရဲတာမဟုတ်ဘူး" ဝေ့ဝူရှင်းတစ်ယောက်Jaelရဲ့အကြံကိုကြားပီးတာနဲ့မျက်လုံးမျက်ဆန်ပြူးပြီးထအော်ပါတော့သည်။ကျန်းချန်ကလဲထောက်ခံသည့်ပုံပင်။Jaelကတော့သူတို့နှစ်ယောက်ကို "ရော်.....ခက်တော့တာပဲဆိုတဲ့ပုံစံနှင့်သာခေါင်းခါပြသည်။
"နင်တို့ကလည်းဟာ....ငါပြောတာကသတင်းလွှင့်ဖို့သက်သက်ပါပဲဟ။လောလောဆယ်သူ့အာရုံတွေကယွမ်မုန့်ကျန်းကိုသိမ်းဖို့အာရုံမရှိတော့လောက်အောင်ကိုအာရုံလွှဲပစ်ချင်ရုံပဲငါဆိုလိုတာက။တတ်နိုင်သလောက်သတင်းလွှင့်အချိန်ဆွဲထားပီးရတဲ့အချိန်အတွင်းမှာသခင်မယွီနဲ့ဂိုဏ်းချုပ်ကိုရအောင်စည်းရုံးပီးနင်တို့ပြောကြလေ။သူတို့လဲရိပ်မိမှာပါ။ဝမ်ဂိုဏ်းကတနေ့မဟုတ်တစ်နေ့တော့တခြားဂိုဏ်းတွေကိုအာဏာသိမ်းဖို့ပြင်နေတယ်ဆိုတာ။ကြိုတင်ပြင်ဆင်မှုတွေလုပ်ကြတော့မှာပဲ။အဲ့လိုမဟုတ်ဘဲနဲ့နင်တို့ကသခင်မနဲ့ဂိုဏ်းချုပ်ဆီကိုအဲ့ဒီ့နေ့မနက်မှအပြေးအလွှားသွားပီး "သခင်မ....ဦးလေးကျန်း! ဒီညဝမ်ဂိုဏ်းကလာတိုက်တော့မယ်!ကျတော်တို့တခုခုလုပ်မှဖြစ်မယ်။မဟုတ်ရင်အကုန်လုံးဒုတိယတစ်ကြိမ်ပြန်သေသွားရလိမ့်မယ်အခုတောင်Jaelကယ်ထားလို့အားလုံးအသက်ရှင်နေသေးတာပါဆိုပီးပြူးပြူးပြဲပြဲနဲ့သွားပြောလို့ကတော့လေဟိုကနင့်ကိုမယုံမယ့်အပြင်ဒီကောင်ရူးနေပီလားအပမှီနေပီလားမသိဘူးဆိုပီးZidianစာတောင်မိသွားဦးမယ်။ပြီးတော့နင်တို့မှာလဲတခြားအကြံမရှိသေးဘူးဆိုရင်ငါပြောသလိုလုပ်တာပဲကောင်းမယ်နော်။

"ဒါပေမယ့်...ဒါပေမယ့်ဒါကတော့တစ်အားအတင့်ရဲလွန်းရာမကျဘူးလား။" ဝေ့ဝူရှင်းကလက်မခံနိုင်သေးသောပုံစံဖြင့်မေးပြန်သည်။
နင်တစ်ခုခုဖြစ်သွားနိုင်တယ်Jael။ နင်ဘာမှဖြစ်လို့မရဘူးငါတို့နင့်ကိုလိုအပ်တယ်လေ။"
ထိုစကားကိုပြောလိုက်သူကမူ ကျန်းချန်ပင်။

"နည်းနည်းတော့အရဲစွန့်ရာကျမှန်းငါသိပါတယ်။ဒါပေမယ့်လက်လွန်စရာအကြောင်းမရှိဘူးလေ။ငါတို့ကတကယ်မရှိတဲ့သူတစ်ယောက်ကိုဖန်တီးမှာအဓိကကတော့Wen RuoHanသာအာရုံပြောင်းသွားရင်ရပြီ။သူ့လိုလူမျိုးကလောကမှာသူသာလျှင်အတော်ဆုံးလို့ထင်နေတာ။သူ့ထက်တော်တဲ့သူလို့တနေရာရာကနေအသံထွက်လာကြည့်ပါလားချက်ချင်းလိုက်ဖျက်ဆီးပစ်ပီးသူ့ထက်တော်တဲ့သူမရှိဘူးလို့သက်သေပြမယ့်သူမျိုး။အဲ့ဒါကြောင့်ငါတို့သာဒီအကြံအတိုင်းလုပ်ရင်သူ့ကိုကောင်းကောင်းကြီးအာရုံလွှဲထားနိုင်မှာ။အနည်းဆုံးတော့အချိန်အတိုင်းအတာတစ်ခုအထိပေါ့။

Now I Understand. Where stories live. Discover now