part 7(zawgyi +uni)

95.1K 8K 80
                                    

"ဦးတိုး ဘာတွေချက်နေတာလဲ မွှေးနေတာပဲ”

ခေတ်နွေ ခြံထဲထိုင်နေရင်း ပျင်းလာသည်။လုပ်စရာအလုပ်မရှိတော့ နေရထိုင်ရတာ တစ်မျိုးဖြစ်လာတာမို့ မီးဖိုခန်းဝင်ကာ ဦးတိုးအား ကူဖို့ သွားလိုက်သည်။

ကြက်သွန်လှီးနေရင်း ဦးတိုးက ဟင်းအိုးနားဝဲနေသည့် ခေတ်နွေကိုလှည့်ကြည့်ပြီး

"ပဲကြာဇံနဲ့ ပဲဟင်းလေးချက်မယ် ကြက်ဥကို ကြက်သွန်နီလေးနဲ့ကြော်မယ် ငါးပိထောင်းလေးနဲ့ အသီးရွက်ပြုတ်လေးရယ် ပြီးတော့ ငါးကြော်နှပ်လေးချက်မယ်လေ လူလေးရဲ့”

"ဝါးးး ရှယ်ပဲ သွားရည်တောင်ကျလာမယ်”

တံတွေးကိုဂလုဆိုပြီးမျိုချကာ လျှာလေးသပ်၍ ခေတ်နွေ သွားရည်ကျနေသည်။ ဒါတွေက သူအကြိုက်တွေချည်းပဲကို။ ဦးတိုးကတော့ ခေတ်နွေကိုကြည့်ပြီးရယ်ကာ

"လူလေး လျှာလည်သွားမယ်ဗျို့။မောင်နေသစ်က ဒီလိုဟင်းမျိုးတွေဆို သိပ်ကြိုက်တာဗျ လူလေးလည်းကြိုက်မှာသေချာတယ် ”

"ယုံတယ် ယုံတယ် ညစာနဲ့ မနက်ကထမင်းကြော်က သက်သေပဲကို ဒါနဲ့ သားဘာကူလုပ်ပေးရမလဲ ဘဘတိုး”

ခေတ်နွေသည် ပိုပြီး ရင်းနှီးလို၍ သူ့ကိုယ်သူသားလို့ သုံး၍ ဦးတိုးအား ဘဘတိုးဟုခေါ်လေသည်။ တကယ်ပင်လည်း ခေတ်နွေနှင့် ဦးတိုးက ဘကြီးနဲ့ တူအရွယ်သာရှိသည်။

"နေပါစေ သားရယ် ဘဘပဲလုပ်ပါမယ် သားက ဒဏ်ရာနဲ့မလား ငြိမ်ငြိမ်လေးသာထိုင်နေ ”

ခေတ်နွေက ဘဘတိုးလို့ခေါ်တော့ ဦးတိုးသည် ခေတ်နွေအား သားဟုပင် နွေးထွေးစွာခေါ်သည်။

"သားရဲ့ နောက်လက်တစ်ဖက်ကကောင်းပါသေးတယ် ဘဘတိုးရဲ့ ဒီတိုင်းကြီးပဲနေရတော့ ပျင်းတယ် ပြီးတော့ အားလည်းနာတယ် ”

"အမလေးဗျာ နောက်လက်တစ်ဖက်ကောင်းသေးလည်း အေးအေးလူလူလေးနေပါနော်။ တော်ကြာ မောင်နေသစ်က လူလေးကိုခိုင်းလို့ဆိုပြီး ဘဘကိုဆူနေပါအုံးမယ်။ သူက ဘဘကိုမှာထားတယ် လူလေးကို ဘာမှမခိုင်းပါနဲ့တဲ့ ”

ဦးတိုးရဲ့စကားကြောင့် ခေတ်နွေ နှာခေါင်း ရှုံ့လိုက်သည်။

Sugar Daddy (Completed)Where stories live. Discover now