" မင်း အခုထိ မပြန်သေးဘူးလား"
သူရ meeting အပြီး ပြန်လာတော့ သူ့ရုံးခန်းက ဆိုဖာ၌ ရှည်လျားတဲ့ သူ့အရပ်ကြီးမှ အားမနာ ခွေခေါက်ပြီး အိပ်နေသော အလင်းကို တွေ့လိုက်ရသည်။
ဒီကောင်လေးသည် ရှိန်းခေတ်နွေ ဂျပန်လိုက်သွားတယ်ဟု ကြားပြီးကတည်းက အလုပ်တွေ ကူလုပ်ပေးမလိုလိုနဲ့ ကျွန်တော့်ဆီ အမြဲလိုလိုလာတတ်သည်။ ဘယ်လိုနှင်ထုတ်ထုတ် မသွားတဲ့ကောင်ကို ကျွန်တော် တကယ်ပဲ စိတ်ညစ်မိပါသည်။
" ဟေ့ကောင် ဟေ့ "
ဆိုဖာပေါ် တွဲလျားကျနေသော ခြေချောင်းရှည်ကြီးကို လှမ်းကန်၍ နှိုးလိုက်သည်။
" ဟေ့ကောင် ထစမ်း "
ဒါတောင် မျက်လုံးဖွင့်ပြီး ပြန်အိပ်သွားတဲ့ ဟိုငနဲကို ကျွန်တော် အမြင်ကပ်လာ၍ လက်ထဲမှာကိုင်ထားသော file တွဲဖြင့် ခေါင်းကိုထုချလိုက်သည်။
"အားး နာတယ် ဘာလို့ရိုက်တာလဲ "
နာကျင်သွားတဲ့ခေါင်းကိုဖိကာ အတင်းကုန်းထလာသည်။
" မင်း အခုထိမပြန်သေးဘူးလား မနက်ကတည်းက ဒီမှာအိပ်နေတာ အခု ရုံးဆင်းနေပြီး ငါ့ရုံးခန်းကို မင်းအိပ်ယာများမှတ်နေလား "
" အဲ့ဒါ ခင်များကိုစောင့်ရင်းအိပ်ပျော်သွားတာလေ ခင်များက မနက်ကတည်းက လုပ်လိုက်တဲ့ အလုပ်ဆိုတာ ကျွန်တော့်မှာ ဘယ် အချိန်များ နားမလဲလို့ စောင့်နေတာ စောင့်ရင်း အိပ်ပျော်သွားတာ "
" ဘာလို့စောင့်နေတာလဲ "
" တူတူသောက်မလို့လေ "
" နေစမ်းပါအုံး မင်းငါ့ကို မင်းလို အရက်သမားများထင်နေလား ပြီးတော့ ငါမင်းနဲ့ မသောက်ဘူး မင်းက မူးလာရင် ငါ့ကို ဖက်နမ်းတယ် မသောက်ချင်ဘူး ဟေ့ကောင် ငါ ရုံးဆင်းပြီ "
သူရသည် ပြောပြောဆိုဆိုဖြင့် သူ့အိတ်ထဲ စာရွက်တွေ laptopတွေ ကောက်ထည့်နေသည်။ အလင်းက ရယ်ကာ အရှေ့တိုးလာပြီး သူရနားကပ်ကာ
" ခင်များကို နမ်းချင်လို့သောက်တာလေ "
ထိုစကားကြောင့် သူရ၏ နားရွတ်လေးသည် တရိပ်ရိပ် ရဲလာသည်ကို အလင်းမြင်လိုက်သည်။
ESTÁS LEYENDO
Sugar Daddy (Completed)
Romanceအနိမ့်အမြင့် အတက်အကျ ပြောင်းလဲနေတဲ့ ဘဝကြီးမှာ ကံကြမ္မာရဲ့ ကြိုးဆွဲရာကို ကျနော် ခံနိုင်ရည်ရှိသမျှ ကခဲ့ရတယ်။ ဘဝတစ်ခုကိုကြိုးစားရှေ့ဆက်နေချိန် ကျနော့်ရဲ့ ဘဝထဲကို နောက်ထပ်ဘဝတစ်ခုဟာ မမျှော်လင့်ပဲရောက်လာခဲ့တယ်...။ ကျနော့်ရဲ့ ခက်ခဲလှတဲ့ဘဝထဲကို သူဟာ ရသပေါင်း...