" မောင်နေသစ်မာန် ပြောသွားတဲ့ စကားကို အမေ နားလည်တယ် သား "
အေးစက်သွာထွက်ပေါ်လာသော အမေ့အသံကြောင့် ကျွန်တော် ထိပ်လန့်ကာ ပေါင်ပေါ်မှာ တင်ထားသည့်လက်ကို ကျစ်နေသော ဆုပ်လိုက်မိသည်။
" ဟို.......အမေ"
" နေအုံး အမေပြောတာ နားထောင်ပါအုံး "
ဖြေရှင်းချက်ပေးမယ့် စကားများကို အမေက လက်ကာ၍ တားကာ စကားဆက်သည်။ ကျွန်တော်က ကြားရမယ့် စကားများကို ရင်ခုန်စွာ ထိပ်လန့်စွာဖြင့် နားထောင်ရတော့သည်။
" သူနဲ့ သားနဲ့ အခြေနေက ဘယ်လိုရှိလဲဆိုတာ အမေ ဦးတိုးဆီက တီးခေါက်ကြည့်ပြီးလို့ သိသင့်သလောက်သိပြီးပြီ အမေလည်း ငယ်ရာကကြီးလာတာပဲ သားကိုကြည့်တာနဲ့ သားဘာဖြစ်နေတယ်ဆိုတာသိတာပေါ့ အမေအကဲခတ်ကြည့်ရသလောက်ကတော့ မောင်နေသစ်က လူတော်တစ်ယောက် လူကောင်းတစ်ယောက်ပါ သဘောထားလည်း ပြည့်ဝတဲ့ ယောင်္ကျားတစ်ယောက်ပေါ့ ဒါပေမယ့် သားရယ် အမေ့မှာ ဒီသားတစ်ယောက်ပဲရှိတာလေ ပတ်ဝန်းကျင်က လက်ညိုးထိုး ပြီး အမေ့သားလေးကို အပုတ်ချပြောဆိုတာတွေ မလိုချင်ဘူး "
"သား သူ့ကို ချစ်တယ် အမေ "
ရုတ်ချည်းထွက်လာသည့် ကျွန်တော့်စကားကြောင့် အမေ့မျက်နှာသည် ညိုးငယ်သွားပေမယ့် ကျွန်တော့် ပါးပြင်ထက် သူမ၏ လက်လေးများဖြင့် ပွတ်သက်ကာ ကျွန်တော့်ကို နွေးထွေးစွာကြည့်၍
" အမေ့သားလေးတောင် အရွယ်ရောက်နေပြီကိုးးးး အမေတို့က သူပေးတဲ့နေရာမှာနေနေရတာ သား။ သူ့အထောက်အပံ့နဲ့ အမေတို့ဘဝကိုရပ်တည်ထားတာ ။ သားကို ပတ်ဝန်းကျင်က ပြောဆိုကြမှာ သားနားလည်တယ်မလား "
" ဟုတ် သား သိပါတယ် "
" အမေ့ကတော့ သားရယ်။ အမေ့ရင်နင့်နေအောင် ချစ်ရတဲ့ အမေ့သားလေးကို လူတကာလက်ညိုးထိုးမယ့် အဖြစ်မျိုး မဖြစ်စေချင်ဘူး။ အမေက သဘာဝမဆန်တဲ့ သားတို့ရဲ့ အချစ်ကို နားလည်ပေမဲ့ အမေ လက်ခံနိုင်ဖို့ ခက်တယ်သား ဒါပေမယ့် အမေ့သားက သူမှသူဖြစ်နေတာကို "
မျက်ရည်များကျကာ ကြေကွဲစွာ ပြောနေသည့် သူမက တစ်ဦးတည်းရှိသည့် ကျွန်တော့်အား မည်မျှ ချစ်သည်ကို ကျွန်တော် ခံစားရသည်။ အမေ့လက်ကို ဆုတ်ကိုင်ကာ ကျွန်တော် မျက်ရည်ကျနေရုံမျှလွှဲ၍ ဘာမှမပြောနိုင်ပါ။
YOU ARE READING
Sugar Daddy (Completed)
Romanceအနိမ့်အမြင့် အတက်အကျ ပြောင်းလဲနေတဲ့ ဘဝကြီးမှာ ကံကြမ္မာရဲ့ ကြိုးဆွဲရာကို ကျနော် ခံနိုင်ရည်ရှိသမျှ ကခဲ့ရတယ်။ ဘဝတစ်ခုကိုကြိုးစားရှေ့ဆက်နေချိန် ကျနော့်ရဲ့ ဘဝထဲကို နောက်ထပ်ဘဝတစ်ခုဟာ မမျှော်လင့်ပဲရောက်လာခဲ့တယ်...။ ကျနော့်ရဲ့ ခက်ခဲလှတဲ့ဘဝထဲကို သူဟာ ရသပေါင်း...