Ring...... Ring.....Ring...." ဟဲလို အမေ "
" သားရယ် အလောတကြီးနဲ့ ပြေးထွက်သွားတာ ဘာဖြစ်တာလဲ အမေ စိတ်ပူလိုက်တာ "
အမေ့၏ စိုးရိမ်တကြီး မေးသည့် အသံကိုကြားလိုက်ရတော့ ခေတ်နွေ မျက်ရည်ဝဲကာ နေသစ်ကို ပြန်ကြည့်လိုက်သည်။ ထို့နောက် အသံကိုထိန်းကာဖြင့်
" ဟို...ဦးမာန် ကားaccident ဖြစ်လို့ အမေ အဲ့ဒါ သားအခု ဆေးရုံမှာ "
" ဟယ် ဘုရားရေ စိုးရိမ်ရလားသား ဘယ်လိုဖြစ်တာလဲကွယ်"
"အခုတော့ စိုးရိမ်ရတဲ့ အခြေနေကနေကျော်သွားပြီတဲ့ သားဒီည ဦးမာန်ကိုစောင့်ပေးလိုက်မယ်နော် ပြန်မလာတော့ဘူး သူအခုထိ မေ့ဆေးအရှိန်မပြယ်သေးဘူး အမေ ပြီးတော့လေ ပူကြူးလေးကို ခေါ်ထားပေးပါအုံးနော် "
"အင်းပါ အင်းပါ သားရယ် သေချာလေးဂရုစိုက်ပေးလိုက်အုံး"
" ဟုတ် ဒါပဲနော် အမေ"
ခေတ်နွေဖုန်းချလိုက်ပြီး နေသစ်ကိုကြည့်ကာ ရင်ထဲမကောင်း ။ ပတ်တီးဖြူဖြူနဲ့ ဒဏ်ရာများကို တစ်ခုချင်းစီ ခပ်ဖွဖွ တို့ထိနေမိတုန်း....နေသစ်၏ မှိတ်ထားသော မျက်လုံး အိမ်တို့က လှုပ်ခပ်လာလေသည်။ လက်ချောင်းလေးတို့ကလည်း လှုပ်ရှားလာသည်ကို မြင်လျှင် ခေတ်နွေ ဝမ်းသာအားရဖြင့်
" ဦးမာန် ဦးမာန် ကြားရလား ဦးမာန် ကျနော်လေ ကျနော့်ကို မြင်လားဟင် ဦးမာန် "
နေသစ်သည် မျက်လုံးဖွင့် လို့ရရခြင်းမှာပဲ မျက်လုံး သားငယ်အိမ်သည် လှုပ်လှုပ်ရှားရှားဖြစ်သွားကာ အနည်းငယ် ပြူးကျယ်သွားသည် ။ နှုတ်ခမ်းတို့က ပွင့်ဟလျက် တစ်ခုခုကို ပြောချင်နေဟန်ရှိသည်။
" ဦးမာန် ဘာဖြစ်လို့လဲဟင် ဘာပြောမို့လဲ"
စကားပြောရန် အားယူပြီးမှ ညီ့ အသံကြောင့် ကျွန်တော့်၏ တုန်လှုပ် ခြောက်ခြားမှုများကို ကျွန်တော် အတင်း ပြန်၍တည်ငြိမ်လိုက်သည် ။
" သား...သား.."
" အင်း ပူကြူးကို ကိုသူရပြန်ခေါ်လာပါပြီ ကျွန်တော်မေမေနဲ့ ပို့ထားခိုင်းထားတယ် စိတ်မပူနဲ့နော် အခု ဦးမာန် ဘယ်လိုနေလဲဟင် သက်သာရဲ့လား နေဦး ကျွန်တော် ဆရာဝန်သွားခေါ်အုံးမယ်"
CZYTASZ
Sugar Daddy (Completed)
Romansအနိမ့်အမြင့် အတက်အကျ ပြောင်းလဲနေတဲ့ ဘဝကြီးမှာ ကံကြမ္မာရဲ့ ကြိုးဆွဲရာကို ကျနော် ခံနိုင်ရည်ရှိသမျှ ကခဲ့ရတယ်။ ဘဝတစ်ခုကိုကြိုးစားရှေ့ဆက်နေချိန် ကျနော့်ရဲ့ ဘဝထဲကို နောက်ထပ်ဘဝတစ်ခုဟာ မမျှော်လင့်ပဲရောက်လာခဲ့တယ်...။ ကျနော့်ရဲ့ ခက်ခဲလှတဲ့ဘဝထဲကို သူဟာ ရသပေါင်း...