Lost In Zay Cho

574 54 2
                                    

မနက်ရောက်တော့အားလုံးထမင်းစားခန်းမှာမနက်စာစားကြသည်။
အသားညှပ်ပေါင်မုန့်များပေါင်မုန့်မီးကင်များကိုစားပွဲပေါ်တွင်ပြင်ဆင်ပေးထားကြသည်။ အားလုံးကသားနားစွာဝတ်ဆင်ထားပြီးဒီနေ့မေမြို့မသွားခင်ဈေးဝယ်ထွက်ကြမည်ဖြစ်သည်။
ဈေးချိုသွားရန်ရထားလုံးများလည်းဆိုက်ရောက်နေပြီဖြစ်သည်။ အားလုံးကတော့အပျိုလူပျိုများပိုးပန်းရန်​မြို့ကြီးသားမြို့ကြီးသူဆန်ဆန်ဘိုဆန်ဆန်ဝတ်ဆင်ထားကြသည်။ မန်းလေးရှိမိန်းကလေးများမှာရန်ကုန်ရှိမိန်းကလေးများလိုမဝတ်မစားတတ်သလိုအနေအထိုင်လည်းပိုရိုးကြသည်။ ခြေချင်းကြီးများကိုဝတ်ဆင်သကဲ့သို့တုတ်ခိုင်သောခြေသလုံးများမှာစက်ဘီးမည်မျှစီးရခြင်းကိုသက်သေပြနေသည်။ ဈေးချိုထဲသို့လည်ပတ်ရန်ရိုး2ရှင်းဝတ်စားထားသူမှာကင်းတယောက်သာရှိမည်ထင်သည်။ တခြားသူများကဲ့သို့ကုတ်အကျီင်္များဝတ်စားခြင်းနက်ကတိုင်များစီးခြင်းမပြုလုပ်ဘဲ.ရှုပ်အကျီင်္ကိုသာဘောင်းဘီနဲ့တွဲဖက်ဝတ်ဆင်ထားသည်။ တင်းနစ်သွားကစားတော့မည်ပုံပေါက်နေသည်။ ထို့ကြောင့်တော်မီတို့အုပ်စုကတီးတိုးပြောဆိုနေကြသည်။
မြန်မာလိုပြောခြင်းကြောင့်နားမလည်သောကင်းကတော့မြဘုန်းနဲ့မနေ့ညကတယောတီးတဲ့အကြောင်းပြောနေလေသည်။
သို့သောါထမင်းစားခန်းတွင်အားလုံးစုံသောအခါကင်းကိုမိန်းကလေးများကဝိုင်းဝန်းကြည့်ရှုချီးမွမ်းလေသည်။ ကင်းသည်မျက်နှာဖြူရုပ်လည်းအလွန်မပေါက်သလိုအရှေ့တိုင်းသာရုပ်လည်းမကျအနေတော်ပင်အလွန်ကြည့်လို့ကောင်းနေသည်။ နာမည်အကြီးဆုံးကတော့သူ့ရဲ့အစိမ်းရောင်မျက်လုံးပင်ဖြစ်သည်။
အားလုံးချီးမွမ်းနေသည်ကိုတော်မီကမနာလိုဖြစ်တာငပိသံဖြင့်ကင်းအား
-ဟေ့လူ.မင်းကဈေးဝယ်ထွက်မှာကိုကောင်းကောင်းမွန်မွန်ဝတ်စားစမ်းပါ.ဘာလို့တင်းနစ်ရိုက်မလိုဝတ်ထားတာတုန်း
ထိုအခါကင်းက
-လွတ်2လပ်2နေချင်လို့ပါ.ပီးတော့ရာသီဉတုကအရမ်းပူလို့ပါ.ဟိုမှာလည်းဒါမျိုးကဝတ်ဖြစ်နေလို့ပါ.မာမီတို့ကလည်းဘာမှမပြောဘူးလေ
တော်မီပြန်မပြောနိုင်ခင်မှာပင်မိန်းကလေးတသိုက်က
-ဟယ်.ကြည့်ပါဦး.တော်မီတို့များမျက်နှာချေကသပ်2အကျီင်္ကလည်းလူထက်တောင်ကြီးသေး
-ကင်းတို့များနုပျိုလတ်ဆတ်ပြီးစမတ်ကျလိုက်တာ.နိုင်ငံခြားဓာတ်ရှင်ထဲကမင်းသားကျနေတာပဲ
အခုလိုမျိုးအလှောင်ခံအယှဉ်ခံလိုက်ရသောကြောင့်တော်မီတယောက်ဒေါသထွက်နေလေသည်။
ထိုသို့နှင့်ရထားလုံးများပေါ်ကိုယ်စီမနက်စာစားပြီးတက်ကြလေတော့သည်။ ဈေးချိုရောက်သောအခါလူစုခွဲပြီးဈေးဝယ်ထွက်ကြသည်။ တော်မီတို့မိန်းမနောက်ပိုးအုပ်စုကတော့မိန်းကလေးများနဲ့နောက်ကလိုက်လိုက်.ဈေးခ်ျုထဲရှိအညာသူမလေးများအားဟန်ရေးပြလိုက်.ဘိုလိုညှပ်ပြောပြီးဟန်လုပ်လိုက်စသဖြင့်ပျော်ရွှင်စွာဈေးဝယ်နေကြသည်။
ကင်းကတော့အခုလိုမျိုးတခါမှဈေးမဝယ်ဖူးသဖြင့်မြဘုန်းနဲ့သာတူတူလမ်းလျှောက်နေမိသည်။
ထိုစဉ်ထူးထူးခြားခြားရင်ခုန်လာသလိုခံစားရသောကြောင့်ကင်းတယောက်ကြောင်နေစဉ်မျက်စိရှေ့ကစက်ဘီးနဲ့မိန်းကလေးတယောက်ဖြတ်သွားသည်။ ရင်ခုန်ရလွန်းလို့ဘာကိုမှမကြားနိုင်တွေးခေါ်နိုင်စွမ်းတွေကျဆင်းသွားသလိုကြောင်းတောင်2နဲ့စက်ဘီးကိုသာငေးကြည့်နေမိသည်။
စက်ဘီးရှင်ကတော့စက်ဘီးကိုရပ်ကာဈေးထဲသို့ဝင်သွားလေသည်။
ကင်းလညါးမပြောမဆိုပြေးပြီးသူမနောက်ကိုပြေးလိုက်လေသည်။
မြဘုန်းကလည်းကြောင်သွားပြီးလိုက်အော်ခေါ်သည်။ သို့သော်ကင်းဘာမှမကြားနိုင်။ သူ့နောက်သာပြေးလိုက်နေမိသည်။
ကင်းကတော့ပြေးလိုက်ရင်းသူ့တွေ့လိုက်သည့်ပန်းနုရောင်အကျီင်္ပိုင်ရှင်လေးကိုသာရှာနေမိသည်။ ရှာရင်းကနေတွေ့ပီအထင်နဲ့ပျော်ပြီးကြည့်လိုက်သည့်အခါမှာတော့သူမဟုတ်ချေ။
ထို့ကြောင့်စိတ်ပျက်လက်ပျက်နဲ့ဖြစ်နေစဉ်မှာသူသတိရမိတာကအပြင်ပြန်ထွက်ဖို့။
ဒီလောက်ဈေးချိုအကြီး2ကိုသူပြန်မထွက်တတ်တတ်သလိုသူပြောတာမေးတာကိုလည်းနားမလည်ကျ။ သူတို့နာရီပြန်2ချက်တီးကိုမေမြို့တက်ဖို့ရထားစီးရမည်။ သူရောက်ပီးသားနေရာတွေကိုပဲရောက်နေသည်။ ထွက်ပေါက်ကိုမတွေ့။ တွေ့လျှင်တောင်ပြန်ဖို့နည်း2ခက်ခဲမည်။ သို့နှင့်
ကင်းတယောက်ဈေးချိုထဲတွင်လမ်းပျောက်နေလေသည်။

Velvet History Where stories live. Discover now