Life Saver

520 58 7
                                    

လမ်းပျောက်ပြီးတိုင်ပင်နေသောသူ့ကိုနတ်သိကြားမသကဲ့သို့ကူညီမဲ့သူပေါ်လာခဲ့လေသည်။
ဗင်နကူလာဆယ်တန်းအောင်ထားပြီးဘိုလိုအတော်သင့်ပြောတတ်သောမိန်းကလေးတဦးကကင်းကိုလမ်းပျောက်နေမှန်းရိပ်စားမိရာအကူညီပေးလေသည်။
-ဟေ့.လမ်းပျောက်နေတာလား
-ဟုတ်တယ်.သူငယ်ချင်းနဲ့လူစုကွဲသွားတာ.ရိပ်သာလည်းမပြန်တတ်လို့
-ဟုတ်လား.ပြန်ပို့ပေးမယ်လေ​ လာ
သွက်2လက်2နဲ့ကလေးမလေးကလက်ဆွဲခေါ်သွားသည်။ ထိုသို့နဲ့ရွှေဆိုင်လေးတဆိုင်ဘက်သို့ရောက်လာသည်။
-ကဲ.ဒီမှာစောင့်ဦးနော်.မင်းကိုကားနဲ့ပို့ရမှာ.မမကမောင်းပို့လိုက်မယ်.တို့နာမည်ကသူဇာ.မင်းနာမည်ကရော
-ဒန်ဗာပါ.ကင်းဒန်ဗာပါ.ကင်းလို့ခေါ်နိုင်ပါတယ်
-ဟော​ဟိုမှာ.မမပြန်လာပြီ
လှမ်းကြည့်လိုက်ရာမှထားဖြစ်နေသည်ကိုတွေ့ရသည်။ သူဇာကအကျိုးကြောငါးရှင်းပြလေသည်။
ထားကလညါးသူ့ကိုကြည့်နေသည်။ သတိရသွာရဟန်လညါးပေါက်သည်။ ထားကအလွန်ကောင်းသောလေယူလေသိမ်းနဲ့
-မင်းပဲကို.လမ်းပျောက်နေတာလား.
-ဟုတ်ကဲ့.
-ဘယ်မှာနေသလဲရောမှတ်မိလား
-ရိပ်သာတခုမှာတည်းပါတယ်
-အင်း.မန်းလေးမှာကရိပ်သာအရမ်းမများပါဘူးတို့လိုက်ပို့ပေးမယ်လေ
ထားတယောက်လိုက်ပို့လေသည်။ ရိပ်သာရောက်သောအခါတော်မီတို့အုပ်စုကသူ့ကိုတအံ့တသြကြည့်ရင်းအပြစ်တင်နေကြသည်။ ကျန်တဲ့သူနဲ့မြဘုန်းတို့ကသူ့ကိုဈေးထဲမှာလိုက်ရှာနေကြသည်။ အားလုံးပြာယာခတ်နေလေသည်။
- ကဲ​ စိတ်မပူပါနဲ့.ထားဈေးထဲကိုသွားပြီးရှာလိုက်ပါ့မယ်
ထားကပြော2ဆို2နဲ့ပင်ကားကိုမောင်းပြီးဈေးဘက်သို့ပြန်ထွက်လာသည်။ တဈေးလုံးလည်းလူတွေရှုပ်ရှက်ခက်နေသည်။
-ဦးလေး.ဘာတွေဖြစ်နေကြတာတုန်း
- ရန်ကုန်ကနေအလည်လာတဲ့ကော်မရှင်နာမင်းကြီးဒန်ဗာရဲ့သားဈေးထဲမှာပျောက်သွားလို့တဲ့
-ဟုတ်လား.
-ကောင်လေးကနိုင်ငံခြားသားဆိုတော့မြန်မာလိုမတတ်ဘူးတဲ့.ဆွေကြီးမျိုးကြီးအပြင်ချမ်းသာတဲ့လူတွေဆိုတော့ကျုပ်တော့ဈေးခေါင်းကြီးတော့ကြောက်ပြီးတုန်နေလေရဲ့​ဟားဟား.ဈေးချိုကြီးလူစည်တာပေါ့
ထားလည်းသဘောပေါက်သလိုရှိပြီးလူစုလူဝေးနားသို့သွားကာကော်မရှင်နာမင်းကြီးအားဘိုလိုပင်ပြောလိုက်သည်။
-လူကြီးမင်းရဲ့သားကိုကျမရိပ်သာပြန်ပို့ပေးထားပါတယ်.သူအခုရိပ်သာပြန်ရောက်နေပါပီ.အေး2ချမ်း2ပြန်ပါတော့
-အို.မိန်းကလေး.သင်ဟာအလွန်ကိုကူညီတတ်သူဖြစ်ပါပေတယ်.သင်တို့မိသားစုအချိန်မရွေးကျွန်ုပ်တို့ဆီမှာအကူညီတောင်းခံနိုင်ပါတယ်.ခွင့်ပြုပါ.ကျေးဇူးအထူးပင်တင်ပါတယ်မိန်းကလေး
ဒန်ဗာတို့စိတ်ပူသည်မှာမလွန်ပေ။ ထိုခေတ်ကမန်းလေးတွင်ဝံသာနုများအလွန်ပေါပြီးမျက်နှာဖြူမျာရကိုအလွန်မုန်းကြလေသည်။ ကူညီသာထက်ဒုက္ခပေးမဲ့သူနဲ့တွေ့နိုင်လေသည်။
သို့နှင့်သူတို့နေ့လည်အခါ၌မေမြို့သို့ထွက်ခွာခဲ့ကြလေသည်။ ရထားပေါ်တွင်ကင်းတယောက်စာဖတ်​လိုက်.ငေးလိုက်.ပြုံးစိစိလုပ်လိုက်နဲ့တယောက်တည်းသဘောတွေ့နေလေသည်။ မြဘုန်းက
-ဟေ့.ကင်း.နောက်တခါမင်းငါ့ကိုပြောပီးမှသွားစမ်းပါ.စိတ်တွေပူလွန်းလို့.ဟိုမိန်းမတွေကလည်းအကဲပိုလိုက်ကျတာ.တော်မီတို့ကတမျိုးလူကြီးတွေကတမျိုး
-ဆောရီးပါသူငယ်ချင်းရာ.ငါရုတ်တရက်မို့ပါ
-ဘာတွေများအဲ့လောက်ဖြစ်နေတာတုန်းကွ
-ငါ့ကိုဒီနေ့ထားပြန်လိုက်ပို့တာကွ
-ဟေ....
-ဟုတ်တယ်.ငါထားနဲ့တွေ့ခဲ့တာ.ထားပဲလိုက်ပို့တာလေ.ပီးတော့...
-ဘာဖြစ်တာလဲ​ ပြောလေကွာ
သို့နှင့်ကင်းလည်းထားနဲ့တူတူဖြစ်ခဲ့တဲ့အဖြစ်ပျက်ကိုပြန်ပြောပြလေသည်။ထိုအဖြစ်အပျက်ထဲတွင်ရင်ခုန်စရာအဖြစ်ပျက်တချို့လည်းပါဝင်လေသည်။
ထားကကင်းအားပို့ရန်ကားနားကိုသွားစဉ်လမ်းမှာစက်ဘီးတစီးကအရှိန်လွန်ပြီးတိုက်မိလေသည်။ သို့သော်လညါးကင်းကအမြန်လှမ်းဆွဲလိုက်ရာစက်ဘီးမတိုက်မိသို့သော်နှလုံးသားချင်းတော့ခလုတ်တိုက်မိကြသည်။
ထားလည်းလန့်ပီးနေရာမှမျက်လုံးဖွင့်ကြည့်မိရာသူသည်ကင်းကိုဖက်ထားမိလျက်ကင်းရဲ့လည်ပင်နားလေးကိုရောက်နေလေသည်။
ထားရဲ့အသက်ရှူလိုက်တဲ့လေနွေးလေးကကင်းရဲ့လည်ပင်းကိုလာပြီးရိုက်ခတ်နေလေသည်။
ကင်းလည်းရင်ခုန်ပြီးကြောင်နေစဉ်ထားကအမြန်ထကာထွက်သွားသည်။ ရှက်နေပုံလည်းရသည်။ တလမ်းလုံးစကားမပြောဖြစ်ကြ။
ရိပ်သာရောက်တော့ကားပေါ်ကနေမဆင်းမီကင်းကအသာလေးထားရဲ့လက်ဖမိုးကိုဆွဲကာနမ်းလိုက်ပီးပြောလိုက်သည်။
-နောက်တခေါက်တွေ့ချင်ပါသေးတယ်.ထား
မြဘုန်းလည်းနားထောင်ပြီးတော့သဘောကျနေလေသည်။
-ဘုရားရေ.ကိုယ့်လူတော့ရောဂါကျွမ်းပီပေါ့​ဟားဟား....
ကင်းတယောက်ကတော့သူ့ရဲ့ကယ်တင်ရှင်ထားကိုသတိရလျက်စိတ်ကူးအယဉ်ကြီးယဉ်နေမိသည်။ သို့သော်အပျော်ကသိပ်မကြာပါ။
ငါကမိန်းကလေးပဲဆိုတာထားသိသွားရင်ဆိုတဲ့အတွေးငလေထဲကအိမ်မက်ကိုတိုက်စားသွားလေသည်။

Velvet History Where stories live. Discover now