The End???

438 23 2
                                    

ရတနာပုံရဲ့သူရိန်နေမင်းဟာအလျှံညီးညီးထွန်းလင်းနေတယ်။ ကူလီကုလားတွေအပြေးအလွှာအထုတ်တွေတင်နေကြပြီး ကြံပန်းခိုင် ထမင်းထုပ် ကြက်ဥပြုတ် စတဲ့စျေးသည်လေးတွေကလည်း သင်္ဘောနားတဝိုက်ရစ်သီရစ်သီ။ ကင်းတယောက်ကတော့မော်တော်ကားပေါ်ကနေဆိပ်ကမ်းသွားတဲ့လမ်းတလျှောက်မျက်နှာမကောင်းလှဘူး။
ကင်း - မြဘုန်းရော
အိမ်တော်ထိန်း - သူနောက်ကရထားလုံးနဲ့လိုက်လာမယ်ပြောပါတယ်
ကင်းအဖေ - ဒါဟာ တို့ရဲ့ဘုရင်မကြီးကိုရော အင်ပါရာကိုပါသွေးတိုးစမ်းလိုက်ခြင်းဖြစ်တယ် ကမ္ဘာစစ်ကြီးဖြစ်လာရင်စစ်ကြီးထဲမှာသူတို့တောင့်မခံနိုင်ပါဘူး ဖက်စစ်ဝါဒကျရှုံးရေးကိုငါတို့တွေအမေရိကန်နဲ့ပူးပေါင်းဖို့တိုင်ပင်နေတယ်လို့ကြားတယ်
ကင်းအမေ - ဘာပဲဖြစ်ဖြစ် လန်ဒန်ကိုအရင်ပြန်ရောက်အောင်သွားရမယ် ဘုရင်မကြီးအတွက်ရောမိုးကုတ်ကထွက်တဲ့ပတ္တမြားတွေပါခဲ့ရဲ့လား သစ်မွှေးတွေရော
အိမ်တော်ထိန်း - ပါပါတယ် ဆင်စွယ်ကတော့Rangoonကပစ္စည်းတွေနဲ့မှထည့်ပေးလိုက်ပါပီ
ကင်း - ဟင် ဒယ်ဒီနဲ့မာမီ အဲ့ပစ္စည်းတွေဟာအလွန်တန်ဖိုးကြီးမှာပေါ့ ဘယ်လောက်တောင်ပေးရလဲ
ကင်းအဖေ - သေချာတာပေါ့ တန်ဖိုးကြီးတာ ဒါပေမဲ့ပေးစရာမလိုပါဘူး ဒါဒယ်ဒီတို့ပိုင်တာပဲ
ကင်း - ဟင်
ကင်းတဖြေးဖြေးသဘောပေါက်လာပါတယ်။ ဘာကြောင့်သူကြားဖူးတဲ့ဘားမားတွေကLow class people with no manners (ယဉ်ကျေးမှုမရှိတဲ့အောက်တန်းကျသူတွေ) တဲ့။ သူသင်ရတဲ့စာတွေထဲမှာပေါ့။ ဒါပေမဲ့စစ်စတာထားကအဲ့လိုလူမျိုးမဟုတ်ဘူး။ ပညာတတ်ပြီးသိမ်မွေ့တယ်။ သူသိတဲ့အင်္ဂလန်သူ ရုရှားသူ ဥရောပသူ သူ့အဘွားတွေရှိတဲ့အမေရိကန်ကသူတွေထက်ကို အများကြီးသာပါတယ်။ လုံခြုံပီးတည်ငြိမ်တယ်။ ဂုဏ်ရှိတယ်။ အခုအတိုင်းဆိုငါတို့လူမျိုးတွေကအနိုင်ကျင့်နေတာပဲ။
အော် ဒါကြောင့်ငါ့ကိုမမထားကပြန်မချစ်တာကိုး။
ဂေါ်ဝိန်ဆိပ်ကမ်းကိုရောက်လာပါပြီ။ သူသင်္ဘောပေါ်မတက်နိုင်ဘဲဂနာမငြိမ်ဖြစါနေသည်။ နောက်တော့မြဘုန်းရောက်လာသည်။
ကင်း- မြဘုန်း ဘယ်လိုလဲ ထားကလိုက်မှာတဲ့လား
မြဘုန်း - ငါအခုပဲရောက်ခဲ့တယ် သူကမလိုက်နိုင်ဘူးတဲ့ မင်းကမိန်းကလေးဖြစ်တာကြောင့်ရယ် သူ့နိုင်ငံကိုမခွဲနိုင်တာကြောင့်ရယ်တဲ့
ကင်း-ငါသူနဲ့မောင်နှမတွေလိုပဲနေလည်းဖြစ်ပါတယ်လို့ ပြီးတော့ငါတို့ပြန်လာမယ်လို့လေမနက်ကသွားပြောခိုင်းတာမပြောလိုက်ဘူးလား
မြဘုန်း- ပြောတယ် ကင်း သူပြောတာကတော့မျက်နှာဖြူတယောက်အတွက်နဲ့နိုင်ငံနဲ့မိဘကိုမစွန့်နိုင်ဘူးတဲ့ ပြန်လာဖို့ကလည်းတိုင်းပြည်ရေးရာမသေချာဘူးတဲ့လေ အဓိကကတော့ မင်းကိုသူအယုံကြည်မရှိဘူးတဲ့ ငါစိတ်မကောင်းပါဘူး နောက်တခုကငါလည်းမနက်ကမှသိတာ သူ့အမေသေသွားရတာမင်းအဖေကြောင့်တဲ့ သူ့အဖေမနက်ကပြောလိုက်တာ
ကင်းပြုံးလိုက်သည်။ တခုခုကိုသဘောပေါက်လိုက်သည်။
ကင်း- အင်းပေါ့ ငါကအင်္ဂလိပ်လူမျိုးဖြစ်နေတာကို
သူစိတ်နာမှာပေါ့ အထူးသဖြင့်သူ့အဖေမျိုးချစ်ပုဂ္ဂိုလ်ကိုထောင်ထဲထည့်လိုက်လို့ သူ့အမေသေခဲ့ရတာကို
မြဘုန်း- ဟင် မင်းသိတယ်ပေါ့ ဒီကိစ္စကို
ကင်း- ငါသိလိုက်တယ် ငါတို့မေမြို့မှာတုန်းကမေမြို့ကအိမ်တော်ထိန်းဦးလေးကြီးပြောပြတာ သူ့ကိုတွေ့တော့ဦးလေးကမှတ်မိနေတယ် သူ့အမေနောက်ဆုံးအချိန်ကိုကုပေးခဲ့တာငါ့အမေပေါ့။ အာ့ကို ဦးလေးပဲဆေးရုံကိုလမ်းကြုံပို့ပေးခဲ့ရတာမို့လေ။ သူကတော့သေချာမမှတ်မိလောက်ပါဘူး။ သူတို့ညီအမတွေသူတို့အဖေထောင်ထဲကမထွက်ခင်ဒုက္ခရောက်နေမှာစိုးလို့ ငါ့ဒယ်ဒီနဲ့မာမီကပဲတဖက်လက်နဲ့ဦးလေးကနေတဆင့်စောင့်ရှောက်ခိုင်းခဲ့တာ သူ့အဒေါ်ကြီးနဲ့အဆက်သွယ်ရတဲ့ထိပဲ။
မြဘုန်း - ဟင် သူကဒါတွေသိမယ်မထင်ဘူး မင်းအဖေကြောင့်သေတယ်လို့ပဲစိတ်ထဲစွဲနေတာထင်တယ် သူ့အဖေကလည်းခါး၂သီး၂ပဲ အဲ့တုန်းကငါ့ဦးလေးကတရားသူကြီးကို
မြဘုန်း - ကဲသင်္ဘောပေါ်တက်တော့ ဟိုမှာခေါ်နေပြီ
ကင်းသင်္ဘောပေါ်တက်လိုက်သည်။ သင်္ဘောလည်းတခနကြာတော့တဖြေးဖြေးကမ်းကနေခွါလာသည်။ စျေးသည်လေးများလည်းထွက်ပြေးကြလေသည်။ တဖြေးဖြေးရေလှိုင်းတွေလည်းထလာသည်။
ကင်း မြဘုန်းကိုနှုတ်ဆက်ရင်းသင်္ဘောခန်းထဲဝင်ရန်ပြင်လိုက်သည်။
ဟင် ဟာ ဒါမဖြစ်နိုင်ဘူး
ကင်းသင်္ဘောပေါ်ကနေခုန်ဆင်းသွားသည်။ ကင်းရေကူးပြီးကမ်းဘက်သို့သွားရန်ကြိုးစားသည်။ သင်္ဘောတစီးလုံးရုတ်သဲသဲဖြစ်သွားပြီး ကမ်းပေါ်မှလူများကလည်းလူထူးဆန်းသဖွယ်ကြည့်ရှုအားပေးနေကြသည်။ ရေကူးပြီးလာရန်အတန်ငယ်မျှဝေးသောအကွာဝေးဖြစ်သည့်အပြင်ရေတက်ချိန်မို့အားလုံးစိတ်ပူနေကြသည်။
စိတ်အပူဆုံးကတော့ကမ်းပေါ်ကကြည့်နေသည့်ထားပင်ဖြစ်မည်။
မစ်စတာဒန်ဗာရဲ့ပူပန်သောကအမိန်းအာဏာကြောင့် သင်္ဘောကိုချက်ချင်းရပ်လိုက်ပြီးသက်ကယ်လှေများချပြီးလိုက်ကြသည်။
ကင်း ကူးလေမောလေဖြစ်လာသည်။ အသက်ရှုရလည်းခက်လာသည်။ သို့သော် ထားမျက်နှာလေးကိုသူမမြင်ရတော့မှပိုကြောက်သည်။ သူ့အသက်ဘေးကိုဝိုင်းစိုးရိမ်နေကြသည့်လူအုပ်ကြီးကိုသူ့အနောက်မှာထားခဲ့ပြီး သူ့အသက်လောက်ချစ်ရတဲ့ထားဆီကိုသူသွားနေမိသည်။
သူကမ်းပေါ်ပြေးတက်လာသည်။ ရေကူးခဲ့တဲ့အရှိန်ကြောင့်ချော်လဲသည်။ ချက်ချင်းပြေးထသည်။
ကင်းထားရှေ့ရောက်လာသည်။
ထားမျက်နှာမှာမျက်ရည်တွေအပြည့်။
ထား - ကင်းရယ် မရူးစမ်းပါနဲ့ အရူးလေး မင်းကိုငါချစ်ပါတယ် မင်းအခုပြန်ပါတော့နော် ငါတို့ကံမကုန်းင်ပြန်ဆုံမှာပါ ငါနဲ့မင်းတကယ်ပြန်ဆုံဖို့ရှိသေးရင်ပေါ့
ထားကစကားပင်မပြောနိုင်အောင်မောနေသည့်ကင်းရဲ့လက်ကောက်ဝတ်မှာပုဝါလေးချည်ပေးလိုကါသည်။ အနမ်းတပွင့်ပေးပြီး သူထွက်သွားခဲ့သည်။ ကင်းထားကိုကြည့်ရင်းမျက်လုံးမှိတ်သွားခဲ့သည်။ သက်ကယ်လှေကလူတွေရောက်လာပြီးသူ့ကိုပြန်ခေါ်သွားသည်။
ပင်လယ်ကြီးတွေအများကြီးဝေးသွားပါပြီ။
၃နှစ်ခန့်ကြာသော်.......
ကင်း - ကျတော်မြန်မာနိုင်ငံပြန်မလိုက်တော့ပါဘူး ဒယ်ဒီပဲ ဟိုမှာသေချာပြန်သွားပြီးစီမံခဲ့ ပြီးရင်တော့လန်ဒန်ကိုပြန်လာပြီးအေးဆေးအနားယူပေါ့
ကင်းအဖေ - အေးပါကွာ မင်းတက္ကသိုလ်ပြီးတဲ့အခါပြန်လာခဲ့ပါ့မယ် အဖိုးကိုလည်းသေချာစောင့်ရှောက်ထားနော် မင်းအမေကိုတော့မခွဲနိုင်လို့ခေါ်သွားမယ်
ကင်းအမေ - အရူးကြီး မရူးစမ်းနဲ့
ကင်းတို့တမိသားစုလုံးရယ်မောနေသည်။ မာမီဒယ်ဒီ့ကိုခေါ်လိုက်တာကြားတာကင်းထားကိုသတိရသွားသည်။
ဂျပန်တွေတပ်ပြန်ဆုတ်သွားပြီး အင်္ဂလိပ်တွေပြန်အုပ်ချုပ်ရမည်။ အရင်လိုကိုလိုနီတော့မဟုတ်တော့။ သို့သော်ကင်းအဖေကတော့ပြန်ပြီးပြီးဆုံးအောင်ဆွေးနွေးဆောင်ရွက်ပေးရမည်။ ဒယ်ဒီပြောတာကသူတို့ရဲ့လွတ်လပ်ရေးကိစ္စတွေသူတို့ရဲ့စစ်တပ်နဲ့ဆွေးနွေးဆောင်ရွက်ပေးရမည်ပြောသည်။  ဒါတွေကင်းသိပ်နားမလည်။ သို့သော်ဒယ်ဒီကနေတဆင့်ထားအတွက်လူကြုံလက်ဆောင်ထည့်ပေးလိုက်သည်။ ထားရဲ့နောက်ဆုံးပုံရိပ်ပန်းချီကားလေးတချပ်။ ထူးခြားတာကတော့အရင်လိုရင်ခုန်မှုတွေနဲ့ဆွဲထားတာမဟုတ်ဘူး။ မျက်ရည်တွေနဲ့ဆွဲထားတာ။ ပန်းချီကားထဲကထားမှာလည်းမျက်ရည်တွေနဲ့.။
သူoxford မှာတက္ကသိုလ်တက်သည်။ ကျောင်းကိုမော်တော်ကားနဲ့တက်တာမို့ ကားကိုကျောင်းထဲမှာရပ်လိုက်သည်။ လမ်းလျှောက်လာရင်းကျောင်းထဲကlibrary မှာစာအုပ်ဖတ်သည်။ စာဖတ်နေရင်း သူအိပ်ပျော်သွားသည်။ သူနိုးလာတော့သူ့လက်မှာချည်ထားနေကြပုဝါလေးမရှိတော့။ သို့သော် သူ့စာအုပ်ကြားထဲမှာ စာလေးတစောင်ရောက်နေသည်။
We will meet again if we are mean to.
Sister Htar.........
ကင်းပြုံးလိုက်သည်။
The End

Velvet History Where stories live. Discover now