Welcome To Myanmar

980 57 6
                                    

ကင်းတယောက်ယောင်ချာချာလေးနဲ့သဘောင်္ပေါ်ကနေဆင်းချလာသည်။ ကင်းတယောက်သဘောင်္ပေါ်ကဆင်းတာနဲ့တပြိုင်နက်ကူလီကုလားများရဲ့အော်ဟစ်သံများကိုကြားရသည်။ အကိုလေး.ပစ္စည်းပါသေးလားစသဖြင့်ဆူညံနေသည်။ ကင်းဒါမျိုးမကြုံဖူးသဖြင့်ခေါင်းရှုပ်နေစဉ်မှာပဲ.ဝတ်ကောင်းစားလှများဖြင့်လူတစုရောက်ရှိလာသည်။ သူ့ကိုသူပင်မသိသောမိန်းမကြီးများကပင်နှုတ်ဆက်နေကြသည်။
-ဟယ်လို.ကင်းမြန်မာနိုင်ငံကကြိုဆိုပါတယ်ဒါလင်
သူ့မိဘများကိုတွေ့တာနဲ့ပြေးဖက်လိုက်သည်။
သူတို့မိသားစုအချင်းချင်းအင်္ဂလိပ်လိုပဲပြောကြသည်။ ဘေးနားကပါလာသည့်လူများကတော့သဘောင်္ဆိပ်လူနွေရှုပ်ရှက်ခက်နေသည့်ကြားမှပင်ခရီးသွားများပင်နေရာမရနိုင်အောင်တိုးဝေ့ကြိုဆိုနေကြသည်။
ဗိုလ်တထောင်ဆိပ်ကမ်းတွင်အခုလိုမျိုးစည်းကားပြီးကြိုဆိုနေကြသည်မြင်ကွင်းမှာမြင်တွေ့ရခဲသလိုလူများကပင်စိတ်ဝင်တစားတိုးဝေ့ကြည့်နေကြသည်။
ထို့ကြောင့်ကင်းရဲ့အဖေကပင်ဦးစီးပြီးအားလုံးကိုအိမ်သို့အလည်ဖိတ်လိုက်သည်။
ကားများကိုယ်စီဝင်ဒါမီယာထဲသို့ဦးတည်မောင်းနှင်လာကြသည်။ ကင်းလည်းယခုလိုကြိုဆိုခံရခြင်းကိုအနေခက်နေလေသည်။
လာရာလမ်းတလျှောက်မှာတော့
-  မာမီပြောတော့သမီးဆို.အခုတော့ယောကျာင်္းလေးကြီးပါလား
- အေးကွယ်.မာမီသိတာတော့သမီးလေးပါ
ထိုသည်မှာဂျင်မီသန်းဖေဖြစ်သည်။ ဝန်ထောက်သားဆန်စက်ပိုင်ရှင်သားဖြစ်သည့်အလျောက်ကြီးကျယ်လွန်းလှသူဖြစ်သည်။ သို့သော်သူ့မှာအရပ်ပုလှပြီးအလွန်ကြည့်ရဆိုးသည်။ သူတို့သားအမိကားပေါ်မှာပြောဆိုနေကြခြင်းဖြစ်သည်။
နောက်ကားတစီးမှာလည်း
- ဟဲ့စီစီ.တို့တော့လေသူငယ်ချင်းမလုပ်ဘဲရည်းစားတော်ရတော့မယ်ထင်တယ်
- အမယ်.သူကမီ့ကိုခိုးခိုးကြည့်နေတာပါနော်
- ဟယ်မဦးမချွတ်.ရီ့နဲ့ကမှသူနဲ့ရွယ်တူလေမမတို့ကကြီးနေပြီ
- ဟဲ့ကလေးမတွေ​ အမေတယောက်လုံးပါနေတယ်နော်​ ပီးတော့အစကငါသိတာမိန်းကလေးပါ.အခုဘယ်နှယ့်ယောကျာင်္းလေးတုန်း
- အော်မာမီကသမီးရှင်ပဲ.ယောကျာင်္းလေးဆိုတော့သာပြီးမကောင်းပေဖူးလား.ပညာကလည်းအလွန်တတ်​ မိဘတွေကလည်းဂုဏါရှိ.ဘိုးဘွားတွေကလည်းအလွန်ချမ်းသာ.ပီးတော့ဘိုစစ်စစ်တွေကြီးပဲ.ဘိုကတော်ဖြစ်မဲ့အရေတွေးမိရုံနဲ့တောင်အရှုံးမရှိ
-  အော်​ ဒါတင်ပဲလား.အရပ်ကလည်းထောင်ထောင်မောင်းမောင်း.ရုပ်ကလေးကလည်းချောတာမှမှုံလို့​အနေကလေးကလည်းတည်ကြည်
အော်စတင်ကားကလေးပေါ်မှပါးစပ်အရသာခံပြောနေသူတို့မှာ​ပွဲရုံပိုင်ရှင်သမီးစီစီ၊ မီမီ​နဲ့​ရီရီတို့ပင်ဖြစ်သည်။
သို့နှင့်ဝင်ဒါမီယာသို့ရောက်သောအခါကင်းကိုမိဘများကအခန်းလိုက်ပြသည်။ လန်ဒန်မှာတွေ့နေကျမို့ကင်းယေကျာင်္းလေးဆန်တာသိသောကြောင့်ယောကျာင်္းလေးလိုသာနေစေသည်။ သားကလေးလိုချင်နေသူတွေမို့အခုဖြစ်ရပ်ကိုသဘောပင်ကျနေသည်။
- ကင်း.အောက်ကိုအဝတ်စားလဲပြီးဆင်းခဲ့တော့နော်​ဧည့်သည်တွေစောင့်နေမယ်။
အောက်ထပ်မှဧည့်သည်များမှာမူတီးတိုးပြောလျက်ရှိသည်။ ကင်းမိဘများရောက်လာသောအခါမှတိတ်သွားတော့သည်။ ကင်းအဖေကပင်စပြီးမြန်မာလိုပင်
-လူကြီးမင်းများခင်ဗျာ.အားလုံးဝေဝါးနေမယ်ဆိုတာသိပါတယ်.ဒါပေမဲ့အခုသင်တိုမြင်တွေ့ခဲ့ရတာကင်းအစစ်ပါ.သူကအခုဆိုကျွန်ုပ်တို့ရဲ့သားကလေးဖြစ်နေပါပြီ။ သူ့ကိုအခုလိုလာပြီးကြိုဆိုပေးကြတာကျေးဇူးတင်ပါတယ်
အားလုံးငြိမ်ပြီးနားထောင်စဉ်မှာပင်ကင်းလှေကားကနေဆင်းလာသည်။
အကျီင်္အဖြူဘောင်းဘီရှည်အဖြူဖြင့်လွန်စွာကြည့်ကောင်းလှသည်။
ကင်းဆင်းလာပြီးpianoတီးပြသည်။ လက်သံကအလွန်ကောင်းသည်။ ပရိသတ်များကလည်းအားပေးကြသည်။ သူလည်းpianoတီးပီးတာနဲ့စားစရာတခုခုစားဖို့ထွက်လာစဉ်ဘွိုင်ကုလားတဦးကိုမချေမငံဆက်ဆံနေသည်ကိုတွေ့ရ​သည်။ ထိုသူမှာဂျင်မီသန်းဖေပင်ဖြစ်သည်။
-မင်းဘယ်လိုလုပ်လိုက်တာလဲ.ဒီcoatကဘယ်လောက်တန်လဲမင်းသိလား
-တောင်းပန်ပါတယ်ဘရားဆပ်
ဘွိုင်ကုလားမှာကြောက်လွန်းသဖြင့်တောင်းပန်နေရှာသည်
သို့သော်လည်းနိုင်ရသူတို့ရဲ့သဘောအရဂျင်မီမှာမကျေနပ်နိုင်သည်ဖိနပ်နဲ့ကန်လေသည်။ အားမရပဲထပ်ပြီးထိုးကြိတ်ရန်ပြင်ဆင်မှာပင်ဂျင်မီတယောက်လွင့်ခနဲဖြစါသွားသည်။ ကင်းတယောက်ဝင်ဆွဲလိုက်ခြင်းဖြစ်သည်။ ကင်းကအင်္ဂလိပ်လိုပင်
-ဟေ့သူငယ်ချင်း.ဘာအဆင်မပြေလို့လဲ.ဟိုညီလေးသွားလို့ရပီနော်
ပြုံးရွှင်စွာဖြင့်ပြောဆိုလေ​သည်။
ဂျင်မီလည်းလူကြားထဲမှာအဆွဲခံလိုက်ရသဖြင့်ရှက်နေလေသည်။
ဒီလိုနဲ့အဲ့ညကပွဲပီးသွားလေသည်။
တနေ့ကန်တော်ကြီးသို့စီစီတို့ရီရီတို့ညီအမများကလာခေါ်သဖြင့်ပျော်ပွဲစားထွက်ကြလေသည်။ လှေစီးရင်းပုဝါလှမ်းဆွဲကာစီစီရေနစ်သွားသည်။ ထိုအခါကမ်းပေါ်ရှိကင်းကပင်သွားရောက်ဆယ်ယူလေသည်။ ထိုသို့ဖြင့်ကင်းသည်သာပြီးနာမည်ကြီးလာတော့လေ​သည်။
မန်းလေးပြင်ဦးလွင်ခရီးထွက်ကြရန်ကင်းအဖေကလူစုလေသည်။ ကင်းကြောင့်လိုက်ချင်သည့်မိသားစုများများလှသည်။ စီ2ရီ2မီ2တို့ညီအမ.အပျော်ပါးကြိုက်သည့်ဂျင်မီ.စက်ရှင်တရားသူကြီးသား​မြဘုန်း.နဲ့အခြားလူကုံထံမိသာစုများလိုက်ပါကြသည်။ ထိုခရီးစဉ်ကိုမှမသွားလျင်လူရာမဝင်သကဲ့သို့ပင်နာမည်ကြီးသည်။ ရထားရဲ့အထက်တန်းတတွဲလုံးမှာသူတို့နဲ့ပြည့်နေပြီးမန်းလေးသို့ချီတက်ခဲ့ကြလေသည်။
ကင်းမှာမြဘုန်းနဲ့အဖွဲ့ကျနေသည်။ မြဘုန်းကအင်္ဂလိပ်စာတော်သလိုလူလည်းယဉ်ကျေးသည်။ မြဘုန်းကကင်းနဲ့တူတူလန်ဒန်ကိုစာလိုက်သင်ရန်ပင်ရည်ရွယ်ထားသည်။ ကင်းတို့မန်းလေးကိုရောက်သောအခါဘုရားကြီးသွားဖူးကြလေသည်။ ကင်းလှည့်ပတ်ကြည့်နေတုန်းမှာပဲ.အရပ်မြင့်မြင့်အသားလတ်လတ်မိန်းကလေးတယောက်ရဲ့ပဝါစလေးလွှင့်လာခဲ့သည်။ channelရေမွှေးနံ့လေးသင်းနေသည်။ ပိုင်ရှင်ကိုလိုက်ရှာတော့တွေ့မိသည်။
-ဒါထားရဲ့ပုဝါပါ​ ကျေးဇူးတင်ပါတယ်
ကင်းကြောင်ပြီးကြည့်နေမိသည်။
-အော်​မြန်မာမဟုတ်ဖူးထင်တယ်.ဒါကျမရဲ့ပုဝါပါကျေးဇူးတင်ပါတယ်
တကယ်တော့ကင်းကြောင်ပီးကြည့်နေသည်မှာမြန်မာလိုပြောခြင်းထက်သူ့ကြောင့်ဖြစ်သည်။ ထားရဲ့မျက်နှာကိုသူကြည့်နေရင်းရင်တွေခုန်လာမိသည်။ သူတခါမှဒီလိုမခံစားခဲ့ဖူး။ ထားအင်္ဂလိပ်လိုပြောလိုက်တော့မှကင်းသတိပြန်ဝင်လာသည်
- ဟုတ်.ရပါတယ်.ဒါနဲ့နာမည်ဘယ်လိုခေါ်လဲမသိဘူး
- ထားလို့ခေါ်ပါတယ်.
ထိုစဉ်မှာပဲသူ့ရဲ့အကူကောင်မလေးရောက်လာပြီးခေါ်သွားသည်။
ထိုညကကင်းအိပ်မပျော်မြဘုန်းကလည်းရိပ်မိသည်
-ဘာဖြစ်နေသလဲကိုယ့်လူ
-ငါတော့ရူးနေပီထင်တယ်
-အလိုဘုရားရေ.ဘယ်လိုဖြစ်တာတုန်း
-ငါသူ့အကြောင်းတွေးရင်ရင်တွေခုန်လာတယ်.သူ့ကိုထပ်တွေ့ချင်တယ်
-အလို.မင်းတော့အချစ်ကြောင့်ရူးပီထင်တယ်
-ဖြစ်နိုင်ပါတယ်
-ကဲ​ နာမည်ကဘယ်သူလဲဘယ်ကလဲ
-နာမည်ပဲသိတာ.ထားတဲ့.အာ့ဘာအဓိပ္ပါယ်လဲ
-ထားဆိုတာ.မြန်မာလိုထားရစ်ခဲ့ခြင်းကိုလည်းသုံးတယ်.တနေရာရာမှာနေရာချထားခြင်းကိုလည်းခေါ်တယ်.
-သူကတော့ငါ့ရင်ထဲမှာအချစ်တွေထားသွားပြီးထင်တယ်.မြဘုန်းငါ့ကိုမြန်မာလိုသင်ပေးပါ
-ဟေ.မင်းတော့ရူးပီပဲ​ဟားဟား.ကဲလာတယောလေးသွားတီးရင်းဖွင့်ချရအောင်
မြဘုန်းတီးခိုင်းသည့်သံစဉ်ကိုတီးပေးနေရင်းမြဘုန်းကသီချင်းဆိုနေသည်။ သူနားမလည်သော်လည်းသီချင်းမှာအချစ်သီချင်းမှန်းခံစားလို့ရနေသည်။
သူ့အိမ်မက်ထဲကအဲ့ညကထားလာလည်သည်။

Velvet History Where stories live. Discover now