အပိုင်း(၂၁)

768 75 2
                                    

Zawgyi. ....

Baek တစ်​​ယောက်​ ​ဆေးရုံထဲမှ ​ခြေ​ထောက်​​တွေ​လေးလံစွာဖြင့်​ ထွက်​လာခဲ့သည်​။

"Baek "

"Yeol...ငါတစ်​​ယောက်​တည်း ​နေချင်​တယ်​"

"​ကောင်းပါပြီ"

yeol က ​ဆေးရုံ အဝ၌ကျန်​ခဲ့သည်​။

Baek ​လေးလံ​သော​ခြေလှမ်းများဖြင့်​ တစ်​ဖက်​ကားလမ်းသို့ကူးသွားရာ~~

အရှိန်​ပြင်းစွာလာ​နေ​သောကားတစ်​စီး~_

ကားကို လမ်းမအလယ်​မှာရပ်​၍​ကြောင်​ကြည့်​​နေ​သော baek~~

ပြင်းထန်​စွာ ဟွန်းတီး​နေ​သော ကား~~

               တီ.......တီ........

ဆေးရုံအဝမှ​နေ၍ baek ကိုစိုးရိမ်​​နေစွာအော်နေသော yeol~~

"Baek.. .သတိထား.."

yeol က အမြန်​​ပြေးသွားကာ baek ကိုဖက်​၍
တစ်​ဖက်​​ကားလမ်းသို့ လှိမ့်​ချလိုက်​၏။

                     ကျွီ........

ကားက​ရှေ့နားတွင်​ဘရိတ်​အုပ်​ကာ....
ကားသမားရဲ့မြည်​တွန်​​တောက်​တီးသံထွက်​လာ၏။

"​ဟေ့...​သေချင်​လို့လား..လမ်းကိုဘယ်​လိုကူး​နေတာလဲ..."

Yeol နဲ့ baek ကလဲ​နေရာမှထထိုင်​ကာ....

အားမရှိသည့်​​လေသံဖြင့်​ baek ​ပြော​လိုက်​သည်​။

"​တောင်းပန်​ပါတယ်​"

ထိုစဉ်​....ကား​ပေါ်မှ..အမျိုးသမီးကြီးတစ်​​ယောက်​ဆင်းလာပြီး....

"သမီး..အဆင်​​ပြေရဲ့လား...​တောင်းပန်​ပါတယ်​နော်​.. "

"ရပါတယ်​..သမီးကသာ ​တောင်းပန်​ရမှာပါ..."

"အန်​တီတို့.ဘရိတ်​အုပ်​တာ​နောက်​ကျသွားတယ်​..သားသာ​ရောက်​မလာရင်​တိုက်​မိသွားမှာ..သမီးအဆင်​​ပြေရဲ့လား...​ဆေးရုံထဲဝင်​မလား.."

"ရပါတယ်​..သမီးဘာမှမဖြစ်​ပါဘူး..စိတ်​မပူပါနဲ့ .. အန်​တီသွားစရာရှိတာသွားပါ"

"ဒါဆို..အန်​တီသွားပြီ​နော်​..."

မိန်းမကြီးလည်းကား​ပေါ်ပြန်​တက်​သွားပြီး...ကား​မောင်းထွက်​သွားသည်​။

My Lifetime Lover !Completed!Dove le storie prendono vita. Scoprilo ora