စက်တင်ဘာ ၅ ရက် ၊ ၁၉၅၅
ကယ်လီ ဖိုးနီးယားပြည် ၊ ဆိုနိုမာမြို့။
အဖြူ ရောင်နှစ်ထပ် တိုက်ကြီး တွင်
အစိမ်းရင့်ရောင် ခေါင်မိုးများက အမိုး အကာအဖြစ် တာဝန်ယူသည်။
ဝွန်ဘက် တောင်ကုန်းရဲ့ တစ်နေရာမှ အကျအန တည် ထားသည့် ထို အိမ်ကြီး ၏
ဘေးတွင် ဆောင်းအလာကို မျှော်နေကြသော
ဝါထိန်ထိန် စိန်ပန်း များက ဖူးငုံရန် အသင့်။
လက်ထဲက ကင်မရာနှင့် စိန်ပန်းဖူး များအား အဝေးက
ဖမ်းယူရိုက်ကူး လိုက်သည်။
ပြတင်းပေါက် ကို ထွင်းဖောက်၍
စန္ဒရားသံ နှင့် တီးခတ်သူ၏ အသွင်အပြင်ကို ရေးရေးသာ မြင်ရသည်။
ရေငွေ့အလိပ်လိပ် နဲ့ မှုန်ဝါးဝါးဖြစ်နေတဲ့
ပြတင်း မှန်က လူ မရှိသည့် အဆောက် အဦတစ်ခုလို။
အိမ်တံခါးကို ခေါက် ရန် ကျွန်တော် လက်ရွယ်ပြီး
တံခါးပေါ်တင်ခါမှ
လော့မချထားသည်ကို သတိထားမိသည်။
ကျွီ ခနဲ ဖွင့်ဟ သွားသည့် တံခါးနှင့် အတူ
ကျွန်း ရောင် ဝင်းနေတဲ့ အိမ်ကြီးက ဦးညွှတ် ကြိုဆိုနေသည်။
တကယ်တမ်း ဦးညွှတ်ကြိုဆိုသင့်သည့်
အိမ်အကူ အမျိုး သမီး သုံးယောက်က တော့
တစ်စုံတစ်ခုကို စိုးရိမ်သလို
ခပ်လှမ်းလှမ်း က အခန်းတံခါးနားတွင် ရပ်နေကြ ကာ
တိုးတိုး တိုးတိုး ပြောနေကြသည်။
ကျွန်တော် ရောက်လာတာကိုကော သတိထားမိကြ လေသလား။
အခြေအနေ ကို ကျွန်တော် အကဲခပ်နေတော့
ထိုသူတို့အား အသိပေးဖို့ ပင် မေ့နေသည်။
အမျိုးသမီး အုပ်စုထဲမှ အသက်အရွယ် ခပ်ကြီးကြီး
ရှိမည့် အမျိုးသမီး က တံခါး ကို ဖြည်းဖြည်း ချင်း
တွန်းဖွင့်သည်။
ကျွန်တော် ရှိနေသည် ကို သူတို့ မရိပ် မိကြသေး။
ကျွန်တော် ကိုယ် တိုင်ကလည်း အကဲခပ်ချင်စိတ်ပိုနေသည် ကြောင့် အသံမပေးဘဲ အပေါက်ဝ မှ တိုးတိတ်စွာ
ရပ်နေလိုက်သည်။
အခန်းထဲ တွင် ဆူညံပွက်လော ရိုက်သံနှင့် အတူ
"ထွက်သွား" ဆိုသည့် စကားကို ဆယ်ခါထပ်မနည်းကြားရသည်။
အော် ဟစ် သူ၏ အသံသည်
ပြတ်သားသည်၊ရဲတင်းသည်၊နက်ရှိုင်းသည်၊သမုဒ္ဒရာ နှင့်တူသည်။
အသံကို ဝေဖန် ပိုင်းခြား နေစဉ်
ရုတ်တရတ် ကြား လိုက်တဲ့
"ခွမ်း" ဆိုသည့် အသံစူးစူး နဲ့ အတူ
စင် ထွက်လာတဲ့ ဖန်ကွဲ စ တစ်စ က
ဘယ်ဘက် ပါးပြင် စီ သို့
တည့် မတ် စွာလာထိခိုက်သည်။
ဘယ်ဘက်ပါးပြင် စီက နာကျင်မှုနှင့်ထပ်တူ
ဘယ်ဘက် ရင်အုံထဲက ဆူး ခနဲ ခံစားမှု။
နှလုံးသားထဲထိ ဘယ် ဖန် ကွဲ စ က များ စိုက် ဝင်သွားလေသလဲ။

YOU ARE READING
PHOBIΔ - 공포증
Fantasyသေး လွန်းတဲ့ လမ်း ကျဉ်းတစ်သွယ်။ ပုစ္စာတစ်ပုဒ်ကို ပန်းခင်းလမ်းထဲမှာ ကျွန်တော် ဖြေရှင်းခဲ့တယ်။ အဖြေ ထွက်အံ့ဆဲဆဲမှာ မမျှော်လင့်ဘဲ သူက ပုစ္စာ တစ်ပုဒ် အဖြေသိပေမယ့် ကျွန်တော် မဖြေရှင်း ရက်တဲ့ ပုစ္စာ တစ်ပုဒ်။ သူက လမ်းတစ်သွယ် ပန်းခင်းလမ်းပေမယ့် ကြမ်းတမ...