September 30

472 59 2
                                    

"မစ္စတာ ထတော့လေ  အကြာကြီးအိပ်ရင် ခေါင်းလေးလိမ့်မယ် "

လိုက်ကာစကို ဆွဲ လိုက်တော့ မနက်ခင်းရဲ့ရောင်ခြည်ကာ 
ညိုစိမ့်စိမ့်အသားအပေါ်တွင် တလဲ့လဲ့အရောင်ပြန်နေသည်။ မျက်လုံးတွေ က ခပ်ဖြေးဖြေးဖွင့်လာပြီး  နှိုးထလာတဲ့ လူတစ်ယောက်ရဲ့ ပုံရိပ်က သိပ်လှတယ်လို့
ကျွန်တော် စိတ်ထဲတွင် တစ်ကိုယ်တည်းရေရွတ်မိသည်။

" ကျွန်တော့်မစ္စတာ့အတွက်  ကိပ်မုန့်ဖုတ်ထားတယ် မစ္စတာ ကြိုက်မှာသေချာတယ်
စတော်ဘယ်ရီ ခရင်မ် နဲ့ လေ "

စားပွဲပေါ်တွင် တင်ထားတဲ့ ဗန်းကို ဆွဲယူရင်း
ရွှင်ရွှင်လန်းလန်းပင်ကျွန်တော်ပြောတော့
မစ္စတာ က ပြုံးသည်။
လေပြေအဝှေ့ မှာ မေဘယ်ျးလေးတွေ ယိမ်းနွဲ့လှိုက်ခက်သွား  သလို 
သူ့ရဲ့ ခပ်ဖျော့ဖျော့အပြုံးကြောင့် အမည်မဖော်လိုတဲ့ ခံစားချက်တစ်မျိုးက ဘယ်ဘက်ရင်အုံကို တဆတ်ဆတ်လာထိခိုက်သည်။
ပူကနဲနှင့်ရဲတက်လာတဲ့မျက်နှာကို မစ္စတာမမြင်ပါစေနဲ့လို့သာဆုတောင်းမိသည်။
ပြီးခဲ့တိုင်းရက်ပိုင်းတွေအတွင်း မစ္စတာဟာ ကျွန်တော့်အပေါ်အမြင်ကြည်လာသည်။
တရင်းတနှီးမဆက်ဆံပေမယ့်  လိုအပ်ရင်တော့ "ကောင်လေး" ဆိုသောအမည်နာမနှင့် ခေါ်တတ်သည်။
ကျွန်တော် ဟာဆန်းကျယ်သည်။
သစ်ရွက်လှုပ်တောင် ရင်ခုန်တတ်တဲ့ ဆယ်ကျော် သက်အရွယ် မဟုတ်ပါလျက် တစ်စုံတစ်ယောက်ကမခို့တရို့ပြုံးရင်တောင်
နှလုံးသားအစုံက တစ်ဒုန်းဒုန်း နှင့်  စီးချင်းတိုက်သည်။
ခန့်မှန်းလို့မရပေမယ့် ကျွန်တော်ကတော့
နားလည်ရခက်တဲ့ သူစိမ်းတစ်ယောက်အပေါ်စိတ်ဝင်စားမှုပိုနေပြီပဲဖြစ်သည်။ဒါဟာ စိတ်ဝင်စားခြင်းသက်သက်
ဒီ့ထက် နက်နဲတဲ့ စကားလုံးနဲ့ တင်စားလို့မရသေးဘူးဆိုတာတော့ သေချာတယ်။

" ဒီနေ့ အပြင်သွားမယ် နော် "

အသင့်ကိုင်ထားတဲ့ ရေစိုစို မျက်နှာသုတ်ဝတ်နဲ့ မစ္စတာမျက်နှာကိုခပ်ဖွဖွသုတ်ပေးရင်း ပြောလိုက်သော်လည်း မစ္စတာ မျက်နှာမှာ ဘာ ခံစားချက်မှမတွေ့ရ။

" သွားမယ်မလားဟင် "

တမင်တကာ လုပ်မယူပါသော အသံသာသာနှင့်
မျက်နှာနုနုကို ခပ်ဖွဖွ သုတ်ပေးရင်း
မေးတော့ "ဟင့်အင်း" တစ်လုံးသာအဖြေပေးသည်။
ခဏနေတော့ သူ့ကိုတွဲရင်း ထိုင်ခုံပေါ်တွင်ထိုင်စေသည်။
ကော်ဖီတစ်ခွက်ကိုသောက်ရင်း ကျွန်တော်ဖုတ်ပေးထားတဲ့ ကိတ်မုန့်ကိုနှစ်နှစ်ခြိုက်ခြိုက်စားနေသည်။

You've reached the end of published parts.

⏰ Last updated: Nov 08, 2019 ⏰

Add this story to your Library to get notified about new parts!

PHOBIΔ - 공포증Where stories live. Discover now