September 7

312 44 1
                                    

" ဂျ န်နီ ဇာ "

အိမ် ရှေ့က ပန်းခြံ ထဲတွင်ဖြစ်သည်။
ဘယ်သူ့ကိုမှ အနား မကပ် ခံသည့် မစ္စတာ ကို ဒီ မိန်းကလေး သုံးယောက်က ဘယ်လို ရေချိုး ပေး အဝတ်အစားလဲပေးသလဲ ဆိုတာ ကျွန်တော် စဉ်းစား ရ ခက်နေသည်။
ဟိုး နား က ခရမ်းရောင် ပန်းလေးတွေကို ငေးရင်း
ခုံတန်း ပေါ်က နေ ဘယ်သူ ဖြစ်နိုင်မလဲ ထိုင် တွေးနေမိသည်။
တွေးမရ သည့် အဆုံး ပန်းပင် ရေလောင်းနေသည့် ဂျန်နီ ဇာကို လှမ်းခေါ်လိုက်သည်။

ဂျန်နီဇာက လက်ထဲတွင်ကိုင် ထားသော ရေအိုးလေးကို ချကာ ကျွန်တော့် ဆီ လျှောက်လာသည်။
ဘေး က နေရာ လွတ်တွင် ဝင်ထိုင်သည်။

"ပြော လေ ဂျောင်ဂု "

" ငါမေးမယ်နော် တစ်မျိုးတော့ မထင်နဲ့
မစ္စတာ့ ကို နင်တို့ထဲက ဘယ်သူ ရေချိုး ပေးလဲ "

ဂျန်နီ ဇာ မျက်လုံး တွေ ပြူးကျယ် သွားသည်
နောက် တော့ ရယ်ကျဲကျဲ ဖြစ်ကာ

" နင့်ကို လီလီ မပြောပြသေးဘူးလား "

လီလီ က ဘာကိုပြောပြ ရမှာလဲ ကျွန်တော် နားမလည်
ကြောင်တောင် တောင် သာ ပြန်ကြည့်နေလိုက်သည်။

" လီလီ က မိန်းကလေး အစစ်မဟုတ်ဘူး "

တည်တည်ငြိမ်ငြိမ် ပြောသော ဂျန်နီဇာအသံက
ခါတိုင်းနဲ့ မတူ ပေ။

" ဘုရားရေ"

မယုံနိုင် အောင် ကျွန်တော် အသံကျယ် ကျယ် ယောင်မိသည်။

" သိပ် အံ့ဩသွားလား
ဟုတ်တယ် တကယ်တော့ သူက မိန်းကလေး လို ဝတ်စား နေထိုင် ရတာ ကြိုက်တဲ့ ယောက်ျား လေး တစ်ယောက်ပဲ
ဒါမို့ မစ္စတာ နဲ့ ပတ်သတ်တဲ့ အချို့ ကိစ္စတွေ ကို သူ က လုပ်ပေး ရတယ် "

ဂျန်နီ ဇာပုံက တော့ အေးဆေး ပင်
ဒီအမှန်တရားကို သိထား ပြီးသား ဖြစ်သည့် အတွက် တည်တည်ငြိမ်ငြိမ် ပင် ရှင်း ပြသည်။

" သူ... သူ တကယ် မထင်ရဘူးနော်
သူ့ ရဲ့မျက်နှာက နည်းနည်း ရင့်နေပေမယ့် ငါ လုံးဝ မထင်ခဲ့တာ "

တုံး အ လွန်းတဲ့ ကိုယ့်ကိုယ် ကို လည်း ရီမိသည်။
ဂျန်နီဇာကလည်း ထပ်တူ ရီနေသည်။

PHOBIΔ - 공포증Where stories live. Discover now