September 5 pt.2

614 43 2
                                    

မှိုင်းပြပြ ဒီအိမ်ကြီးသည် လူရှိနေ သော်လည်း ခြောက်ခြား စရာကောင်း လှသည်။
အပြင် ကကြည့်တုန်းက သာမန်မျှ လို့ထင်မိပေမယ့် တကယ်တမ်း အထဲ ရောက်မှ တော်တော်ခမ်းနားပြီး
ကြီးကျယ်ကြောင်းကျွန်တော် လက်ခံ ရတော့သည်။
ပါးပေါ် က သွေးစစ ထွက်နေတဲ့ အမာရွတ်နဲ့အတူ
ကျွန်တော်က ကျွန်းခုံ နီရဲရဲ ပေါ် တွင် ထိုင်နေသည်။
အခုဏ က အ ဖြစ် အပျက် အားလုံး အခုတော့
ငြိမ်သက်နေပြီဖြစ်သည် အခန်းထဲက လူကိုတော့ ကျွန်တော် မမြင် လိုက်ရ
မိန်းမငယ်လေးနှစ်ဦးက ဖန်ကွဲစတွေကို ရှင်းလင်းနေကြသည်။
အသက်အနည်း ငယ် ကြီးဟန် ရှိသည့် အမျိုးသမီး
ကြီးက တော့
ကျွန်တော့် မျက်နှာချင်းဆိုင်တွင် ထိုင်ရင်း
ကျွန်တော့ကို အသေအချာ စူးစိုက် ကြည့်နေသည်။
အကဲ ခတ်သည့် သဘောမျိုး ရှိသည်။

" အဲ့တော့ မင်းအသက်က "

တိတ်ဆိတ် နေသည့် ပတ်ဝန်းကျင်နှင့် အတူ ထိုအမျိုးသမီး ၏အသံကလည်း တည်ငြိမ်နေသည်။

"၁၉ နှစ် "

ကျွန်တော် လည်း တည်တည်ငြိမ်ငြိမ်ပင်ပြန်ဖြေသည်။
ကျွန်တော့် အသက် ကိုကြားတော့ အနည်းငယ် အံ့ဩသွား ဟန်ရှိသည်။မျက်မှောင်ကြုံ့ပြီး နောက်တစ်ကြိမ် အကဲခတ်ပြန်သည်။

"မင်း က သူနာပြု ဘွဲ့ရထားတာ ဆိုတာ သေချာလား "

လူကိုမသင်္ကာ သည့်ပုံဖြင့်မေးနေသော ထိုအဒေါ်ကြီးအပေါ် ကျွန်တော့်
စိတ်အနည်းငယ် ချဉ် ဟန်ပြု လာသည်။
အသက်ငယ်တော့ မကျွမ်းကျင်နိုင်ဘူး ဟုများ
ထင် မြင်လေသလား ကျွန်တော် မခန့်မှန်း တတ်ပေမယ့်
ထို သူ၏မျက်လုံးများသည် သံသယ အမှောင်အမိုက် များ ရှိသည်ကိုတော့ကျွန်တော့် ရိပ်မိသည်။

ု"ကျွန်တော်က ဘွဲ့ရ ရချင်း လော့စ် အိန်ဂျလိစ် က ပြည်သူ့ဆေးရုံတစ်ခုမှာ အလုပ် ၂ လ ဝင်လုပ်ဖူးတယ်
အဲ့ကနေတစ်ဆင့် ဒီကို အဆက်အသွယ် နဲ့ လာလုပ်တာပါ
လိုအပ်မယ် ထင်လို့ ဘွဲ့လက်မှတ် လည်းယူလာပါတယ်
ခင်ဗျား စစ်ဆေးမလား "

သူ မ မေးသည်ထက် ပိုပြီးဖြေ ပြလိုက်တော့
အနည်းငယ် မျက်နှာပျက်ကာ တစ်ဖက်သို့ လှည့် သွားသည်။
ထို့နောက် မျက်လုံးချင်း ပြန်ဆုံကာ

PHOBIΔ - 공포증Where stories live. Discover now