အပိုင်း ၁

6.8K 480 26
                                    

ဒီနေ့က ကြာသပတေးနေ့။ ရုံးပိတ်ရက်မဟုတ်ပေမယ့် ကော်ဖီဆိုင်ထဲမှာ လူရှင်းနေသည်။ မိုးက သည်းသည်းမည်းမည်းမဟုတ်သော်ငြား ခပ်ဆွေဆွေရွာနေတာကြောင့်ဖြစ်မည်။ စားပွဲကိုလက်နှင့်ခေါက်ရင်း မှန်နံရံအပြင်က ထီးကိုယ်စီနှင့်လူတွေကို ငေးနေမိတာ ဘာရယ်မဟုတ်။

" ပေါင်ဝု မိုးအေးတာကို ကော်ဖီအေးမှာခဲ့တယ်ဟုတ်လား။ ရော့ ဒီမှာ အပူပဲသောက် ငါပြောင်းမှာခဲ့တယ်"

လျိုကန်က ကော်ဖီအပူတစ်ခွက်၊အအေးတစ်ခွက်ကို ဗန်းလေးနဲ့သယ်လာပြီးပြောသည်။ ကော်ဖီအေးမှာခဲ့တယ်ဆိုတာကလည်း ပါးစပ်ထဲရှိရာပြောလိုက်မိတာ ၊ တကယ်က သူဘာမှ ဟုတ်တိပတ်တိ သောက်ချင်သည်မဟုတ်။ ကော်ဖီပူပူကို ရှေ့သို့ယူကာထားလိုက်ရင်း

" အင်းရတယ်။ "

" မင်းနေကောင်းရဲ့လား ပေါင်ဝု။ မင်းကြည့်ရတာ စိတ်လွတ်နေသလိုလိုနဲ့ "

တစ်ခုခုစားလျှင်အမြဲဟိုဖိတ်ဒီဖိတ်ဖြစ်တတ်သည့်သူ့အကျင့်ကို အကျွမ်းဝင်နေသည့်လျိုကန်က တစ်ရှူးနှစ်ခုလောက်ဆက်တိုက်ဆွဲထုတ်ပြီး ပေးလာသည်။ လှမ်းယူလိုက်သည့်တစ်ခဏ လက်တို့ခေတ္တထိသွား၏။

တစ်ရှူးတွေကို ကော်ဖီခွက်နားကပ်ထားလိုက်ရင်း လမ်းဘက်မျက်နှာပြန်လှည့်ကာကြည့်နေမိစဉ် လျိုကန်ဆီက ကွဲအက်နေသည့်အသံထွက်လာသည်။ အသက်ပြင်းပြင်းရှူသံပင်။

သူပြန်လှည့်ကြည့်တော့ မျက်မှောင်ကျုံ့ကာ ခေါင်းကိုငုံ့ထားသည့် လျိုကန်ကိုတွေ့ရသည်။ ခုံပေါ်တင်ထားသည့် လက်နှစ်ဖက်ဟာ တင်းတင်းဆုပ်လျက်။

" ဘာဖြစ်တာလဲ။ မင်းဘာမြင်လို့လဲ။ "

ထိုသို့ဖြစ်နေပုံဟာ တစ်စုံတစ်ခုကို ကြိုမြင်ယောင်နေတာမှန်း ငယ်စဉ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းမို့ သူအတပ်သိလိုက်ပြီ။ မျက်တောင်ပင်မခတ်ဘဲ သူ့ကိုစိုက်ကြည့်ရင်းသာငြိမ်နေတဲ့လျိုကန်က ၅မိနစ်လောက်ကြာမှသာ မျက်ရည်တွေဝဲရင်း မျက်တောင်တဖျက်ဖျက်ခတ်လာသည်။ တစ်ရှူးတစ်ခုကို သူကမ်းပေးတော့

" ငါမင်းကို မြင်တယ်။ မင်းရဲ့အနာဂတ်အကြောင်း။ အသေးမစိတ်ပေမယ့် မင်းသိတယ်မလား ငါကသူများနဲ့မတူဘူး တဖြေးဖြေးချင်းမှ မြင်လာတာဆိုတာလေ။"

神奇的吻 (Magical Kiss)ARC Dove le storie prendono vita. Scoprilo ora