Ep-6

3.2K 348 51
                                    

🍁Play Boy🍁
🍃HunHan🍃

Zawgyi ver.

ကျွီ

ရုတ်​တရက်​ကြီးကားကထိုးရပ်​သွား၍ minseokစိတ်​ညစ်​သွားသည်​။

ကားဘဲ​မောင်းတတ်​တာ ကားကမပြင်​တတ်​ဘူး​လေ.. ကားကလဲဘာဖြစ်​လို့ဖြစ်​သွားသည်​မသိ..

ကား​ပေါ်ကဆင်းကာ တစ်​စုံတစ်​​ယောက်​ကိုအကူအညီ​တောင်း၍ ရလို့ရငြားဆင်းကြည့်​​သော်​လဲ သူရှိ​နေတဲ့လမ်းသည်​ကရှင်းလင်း​နေသည်​။

နာရီကိုကြည့်​​တော့ အချိန်​ကကပ်​​နေပြီ..
မင်္ဂလာ​ဆောင်​ကအချိန်​မှီပါ့မလားminseok​တွေးပူ​နေသည်​။

ထိုစဉ်​ minseok​ဘေးနားကားတစ်​စီးလာရပ်​၍ ၀မ်းသာသွား​ပေမဲ့ ကားတံခါးဖွင့်​လာချိန်​မှာ​တော့ minseokစိတ်​ညစ်​သွားသည်​။

ထိုသူမှာ Chenဖြစ်​​နေ​သော​ကြောင့်

"ချာတိတ်​ ကားဘာဖြစ်​လို့လဲ အကိုဘာကူညီရမလဲ?"

Chenကား​ပေါ်ကဆင်းကာ​မေးလိုက်​သည်​။

"ရတယ်​ ဘာမှမဖြစ်​ဘူး"

"ချာတိတ်​ကားတခုခုဖြစ်​​နေတာ အကိုသိပါတယ်​. ​ပြောပါ အကိုကူညီပါ့မယ်​"

"ရတယ်​လို့​ပြော​နေတယ်​​လေဗျာ.. ခင်​များဘာဖြစ်​​နေတာလဲ?ခင်​များဘာသာသွားစရာရှိတာသွား"

ပြောမဲ့သာ​​ပြောရတာ ပွဲချိန်​ကကပ်​​နေပီမို့ minseok​တွေးပူ​နေသည်​။

"ချာတိတ်​ကားတစ်​ခုခုဖြစ်​သွားတာ အကိုသိတယ်​.. ချာတိတ်​အ​ရေးတကြီးသွားစရာရှိလို့အချိန်​မှီမ​ရောက်​မှာစိုးရိမ်​​နေတာလဲ အကိုသိတယ်​.."

"ခင်​များ ဘယ်​လို"

"အကို ဟိုနားမှာရပ်​​နေတာ ချာတိတ်​ကားပြင်​ထွက်​လာကထဲကမြင်​လို့ အ​ရေးကြီးသွားစရာရှိတယ်​မလား?အချိန်​ကပ်​​နေရင်​အကိုလိုက်​ပို့​ပေးမယ်​"

"ရပါတယ်​.. ကျ​နော်​taxiငှါးသွားလိုက်​မယ်​"

"ချာတိတ်​​ရောက်​​နေတဲ့လမ်းကိုသတိထားဦး​လေကွာ ဒီလမ်းမှာဘယ်​taxiလာလို့လဲ?"

ဟုတ်​ပါတယ်​.. ဒီလိုလမ်းကြားထဲ ဘယ်​taxiကားကတစ်​ကူးတကလာမှာတဲ့လဲ?

PLAY BOY (Zawgyi+Unicode) (Completed)Where stories live. Discover now