🌹Play Boy🌹
🌲HunHan🌲Zawgyi ver..
"တီတီ"
အမေတစ်ယောက်ရှေ့မှာ သားဖြစ်သူကိုမဟုတ်တာတွေပြောမိလိုက်တာ ဘယ်အမေကကြိုက်မှာတဲ့လဲ?
Luhanရှင်းပြဖို့လဲစကားတွေမရှိခဲ့.. ကိုယ်တိုင်ကလဲ ဘွင်းဘွင်းရှင်းရှင်းကြီးကိုမဟုတ်တာတွေပြောခဲ့ပြီးပြီမလား?
Luhan ဟိုလူကြီးကိုသာမုန်းချင်မုန်းမယ် တီတီနဲ့ဦးဦးကိုတော့ ကိုယ့်မိဘတွေလိုသဘောထားပြီးချစ်ပါသည်။ဟိုလူကြီး သူ့အပေါ်ဘယ်လိုမြင်မြင် တီတီနဲ့ဦးဦးတို့ တမျိုးမမြင်စေချင်ပါ..
Luhanအလုပ်လုပ်လာတဲ့တစ်ပတ်အတွင်းမှာ တီတီတို့စိတ်ဓာတ်ကိုတဖြည်းဖြည်းသိလာသည်။တီတီတို့ကအရမ်းသဘောကောင်းကျသည်။သူ့အပေါ်လဲ သားတစ်ယောက်လိုဆက်ဆံသည်။
မိဘတွေမရှိကထဲက မိဘမေတ္တာငတ်နေခဲ့တာ.. တီတီတို့ပေးတဲ့မေတ္တာက သူ့အတွက်အရမ်းနွေးထွေးလွန်းသည်။ဘယ်အရာနဲ့မှမလဲနိုင်ပါ..
"တီတီ သား သား"
Luhanဘယ်ကစပြောရမှန်းမသိခဲ့..
Suဧည့်ခန်းခုံမှာဝင်ထိုင်မလို့လုပ်ရင်း Luhanသန့်ရှင်းရေးလုပ်ပြီးပြုတ်ကျနေတဲ့ကြက်မွှေးကို ကောက်ယူလိုက်သည်။
Luhanသိလိုက်ပီ.. တီတီသူ့ကိုရိုက်ပြီးအပြစ်ပေးတော့မယ်.. ရိုက်လဲ အရိုက်ခံဖို့အဆင့်သင့်ပါဘဲ.. သူကအပြစ်လုပ်ထားတာကိုး..
Luhan.. Suအရှေ့သွားရပ်ကာ သူ့ဘောင်းဘီလေးကို ခြေသလုံးဖြူဖြူလေးတွေပေါ်အောက် မတင်လိုက်သည်။
Suကတော့ Luhanလုပ်သမျှကို စဉ်းစားမရဘဲရပ်ကြည့်နေခဲ့သည်။
"သား ဘာတွေလုပ်နေတာလဲ?"
"တီတီသားကိုရိုက်မလို့မလား?သားသိပါတယ်.. ရိုက်ပါ သားအပြစ်ရှိလို့ရိုက်တာ သားခံရမှာပေါ့"
"ဟယ် သားရယ်ပေါက်ပေါက်ရှာရှာ တီတီကဘာလို့ရိုက်ရမှာလဲ?တီတီက ကြက်မွှေးပြုတ်ကျနေလို့ကောက်တင်မလို့ယူလိုက်တာ သားကိုရိုက်မလို့ထင်သွားတာလား?မရိုက်ပါဘူးသားရယ် ထိုင်ပါဦး"