🎀PLAY BOY🎀
🐇HunHan🐇Zawgyi ver..
sehunနဲ့luhanတို့ကားလေး ခုနကဖုန်းဆိုင်နားရောက်လာတော့ luhanကားပေါ်ကဆင်းဆင်းချင်းဘဲ luhanဆီပြေးဖက်လာတဲ့xiao zhan..
"gege "
"xiaoလေး .. အော် ဘာလို့ငိုနေတာလဲ?gegeပြန်လာပြီလေ "
ညီတော်မောင်ရဲ့မျက်ရည်တွေသုတ်ပေးရင်းluhanချော့တော့
"gegeကို ဟိုလူကြီးကခိုးပြေးသွားပြီထင်တာပေါ့.. gegeကလဲ ကောက်ကောက်ပါအောင်လိုက်သွားတာ ကျနော့်ကိုတောင်လှည့်မကြည့်ဘူး"
"ဟင်"
xiao zhanရဲ့ဟိုမလွတ်သည်မလွတ်စကားကြောင့် luhanမျက်နှာရဲပြီးပူထူသွားသည်။
"မဟုတ်တာxiaoလေးရာ.. ဘာတွေလျှောက်ပြောနေတာလဲ?အခုgegeပြန်လာပြီနော် မငိုနဲ့တော့တိတ် တိတ်.. "
ကလေးမကျ လူကြီးမကျပုံနဲ့ အကိုဖြစ်သူရင်ခွင်ထဲအတင်းတိုးကာငိုနေတဲ့xiao zhanကို ကလေးလိုလို လူကြီးလိုလိုပုံနဲ့ ညီဖြစ်သူကို လူကြီးတစ်ယောက်လိုချော့နေတဲ့luhanတို့ကို sehunလက်ပိုက်ကာရှူတည်တည်နဲ့ကြည့်နေတော့ chenက sehunပုခုံးကိုလက်နဲ့ပုတ်ကာ
"သူငယ်ချင်း သူတို့ကညီအကိုတစ်ဝမ်းကွဲတွေနော် သိလား?အတင်းတွေသ၀န်တိုမနေနဲ့ ဟိုကလေးဆီလဲ မင်းမျက်လုံးထဲကလေဆာတွေသွားမှန်နေဦးမယ်"
"ငါကဘာကိုသ၀န်တိုရမှာလဲ?ရူးနေလား?"
"အေးပါကွာ ဘယ်သူကရူးချင်ယောင်ဆောင်နေလဲ ကိုယ့်ဘာကိုသိပေါ့.. ဟိုကလေးက သူ့အကိုကို မင်းကခိုးပြေးသွားတယ်ထင်ပြီး ရဲတိုင်ပါလုပ်နေလို့မနည်းတားထားရတာသိလား?မင်းကိုလူဆိုးမှတ်နေတာ"
"အောင်မာ သောက်ကလေး ငါ့ကိုများ"
"xiaoလေး gege ph၀င်ဝယ်လိုက်ဦးမယ်ခနစောင့်"
xiao zhanတစ်ယောက် luhanရင်ခွင်ထဲကထွက်လာပြီး sehunအနားလျှောက်သွားသည်။