Ep-10

3.3K 358 48
                                    

🍭PLAY BOY🍭
🍓HunHan🍓

Zawgyi ver..

ချောက်​..

ညသန်း​ခေါင်​အချိန်​ကျမှ အာ​ခေါင်​​တွေ​ခြောက်​ပြီး ​ရေဆာလို့luhanနိုးလာခဲ့သည်​။

အခန်းထဲမှာ ​ရေဘူး​တွေဘာ​တွေမယူထား​တော့ အိပ်​ချင်​မူးတူးထကာ အခန်းပြင်​ထွက်​လာခဲ့သည်​။

ဧည့်​ခန်းဘက်​သာမီးဖွင့်​ထားပြီး ထမင်းစားခန်းထဲကို​တော့ ညအိပ်​ရင်​မီးပိတ်​​လေ့ရှိသည်​မို့​မှောင်​​နေသည်​။

luhanမီးမဖွင့်​​တော့ဘဲ ရမ်းသန်းမှန်းသန်းစမ်းပြီး ​ရေခဲ​သေတ္တာဖွင့်​ကာ​ရေ​သောက်​ရန်​ပြင်​သည်​။ရေဘူး​လေးဖွင့်​ကာရှိ​သေး အ​မှောင်​ထဲက​နေအစိမ်း​ရောင်​လိုလို လက်​လက်​နဲ့အရာနှစ်​ခုက သူ့ကိုစိုက်​ကြည့်​​နေသလိုခံစားရသည်​မို့ luhan​ကျောချမ်းသွားသည်​။

ရေမ​သောက်​နိုင်​​သေးဘူး ထိုအစိမ်း​ရောင်​အရာကိုကြည့်​​နေမိသည်​။ကြည့်​​နေရင်းမှ ထိုအရာက သူ့ဆီကိုတဖြည်းဖြည်း​ရွေ့လာသလိုခံစား​နေရသည်​။

ဘုတ်​.. လက်​ထဲက​ရေဘူးပင်​ပြုတ်​ကျသွားသည်​။ညအချိန်​ လူတိတ်​​နေပြီ တအိမ်​လုံးအိပ်​​နေချိန်​သန်း​ခေါင်​ယံမှာ​တွေ့ရသည်​မို့ luhan​ခြေဖျားလက်​ဖျား​တွေပါ​အေးသွားသလို..

ထိုအစိမ်း​ရောင်​ကတဖြည်းဖြည်းလာ​နေရင်းမှ အ​ပေါ်ကို​မြှောက်​တတ်​သွားကာ သူ့အနားကို​ရောက်​လာသလိုမို့ luhanမျက်​လုံးစုံမှိတ်​ကာ​အော်​လိုက်​သည်​။

"luhan.. luhan ဘာဖြစ်​တာလဲ?"

ပုခုံးကိုကိုင်​ကာ​မေးသံ​ကြောင့်​ luhanအားကိုးရသွားသည်​။

"အကို​လေး.. သရဲ သရဲလားမသိဘူး ကျ​နော်​​ကြောက်​တယ်​"

"မဖြစ်​နိုင်​တာ.. ဘယ်​ကသရဲကရှိမှာလဲ?"

"ရှိတယ်​အကို​လေး.. ကျ​နော်​​ကြောက်​တယ်​"

luhanမှာ ခန္ဓာကိုယ်​​လေးပင်​တုန်​​နေသည်​။မျက်​၀န်းမှာလဲမျက်​ရည်​စ​လေးပင်​စို့​နေ​လေပြီ..

sehun​ဘေးဘက်​ကိုငဲ့ကြည့်​​တော့ အစိမ်း​ရောင်​အရာကသူတို့ကိုကြည့်​​နေသလို..(အတွဲ​ချောင်း😂)

PLAY BOY (Zawgyi+Unicode) (Completed)Where stories live. Discover now