ပထမနေ့ ........
အေးစက်မှုတွေကြားကနေ ကျွန်တော်နိုးထလာ
ခဲ့တယ် ဆက်ပြီးအိပ်ဖို့ဆိုတာ
မဖြစ်နိုင်ဘူး။
အနားမှာ သူရှိပေမယ့်
နစ်ယောက်လုံးရဲ့ အပူမီးတွေကြောင့်
တစ်ယောက်နဲ့တစ်ယောက်ကို
ပူလောင်စေတယ့်အထိ
ဖြစ်သွားတယ်။
ထိုက်အောင်ကို ကျွန်တော် ကြည့်နေရင်း
သူနိုးလာတယ် ကျွန်တော်ကြိုက်တယ့်
အပြုံးလေးနဲ့ ပြုံးလာတယ်။"ဘာကြည့်နေတာလဲ မျက်နှာသစ်ပြီးပြီးလား
လက်ဖက်ရည်ဆိုင် သွားကြမယ်""အေး သွားကြမယ်"
"အစ်ကို တို့ဘာစားမလဲ"
"ကျဆိမ့်တစ်ခွက်......."
"ချိုဆိမ့် တစ်ခွက်......."
ကျွန်တော်တို့နှစ်ယောက်ဟာ
ကိုယ့်အတွက်ကိုမမှာဘဲ ကိုယ်ချစ်တယ့်
သူအတွက်
အရင်မှာပေးကြတာကလည်း
ကရုစိုက်ခြင်းတွေထဲက တစ်မျိုးဘဲ။လက်ဖက်ရည်ဆိုင်မှာ အများနဲ့ ဝိုင်းဖွဲ့ပြီး
ပျော်ပျော်ပါးပါး စကားဝိုင်းဖွဲ့ပြီးနောက်
အဆောင်ကို ပြန်လာကြတယ်။"ငါတို့ ဈေးသွားရအောင် စိုင်းထက်
ငါတို့အဆောင်မှာချက်စားကြရအောင် ""အင်း သွားတာပေါ့"
"အန်တီ ကြက်သားဘယ်ဈေးလဲ .......ငါတို့ကြက်သား
ကာလသားချက်ရယ် သီးစုံပဲဟင်းရယ် ချက်စားရအောင်""ကောင်းပြီလေ "
"ဒါနဲ့ လေ ငါတို့ တကယ်တစ်ပတ်ဘဲ
အချိန်ရတာ အိမ်မက်မဟုတ်ဘူးမို့လားစိုင်းထက်""မင်းကလည်းကွာ စိတ်မကောင်းစရာတွေကို
လာငါတို့ဝယ်စရာရှိတာ ဝယ်ရအောင်"ကျွန်တော့်စိတ်ကူးထဲကအတိုင်းဘဲ ကျွန်တော်က
ဈေးခြင်းတောင်းကိုင်
ကျွန်တော်ချစ်ရတယ့်အမျိုးသမီးက
ကျွန်တော့်ကို ချက်ကျွေးဖို့
ဈေးဝယ်နေတာမျိုး။
ဖြစ်လာပါတယ် ကျွန်တော့် စိတ်ကူးထဲက
အတိုင်း ဒါပေမဲ့ မဖြစ်လာတာက
ချစ်ရတယ့်သူက အမျိုးသမီးမဟုတ်ဘဲ
အတောင်နှစ်ဆယ်ဝတ် မင်းယောကျာ်း
တစ်ယောက်။
YOU ARE READING
Short Storyသူတို့နှစ်ဦး၏တွေ့ဆုံမှု ကိုဆုံးဖြတ်ပေးမယ့်ရထားလေး သူတို့နှစ်ဦး၏တွေ့ဆုံမှု ကိုဆုံးဖြတ်ပေးမယ့်ရထားလေး