ကျွန်တော်ဘဲ ထင်နေတာလား ဒီနေ့ည
တစ်လက်လက်တောက်ပနေကြ
ကြယ်တွေက မထွက်လာဘူး ဒါ့အပြင်
လမင်းလည်း ကြယ်လေးတွေနည်းတူ
မပေါ်လာခဲ့ဘူး။
ဒါပေမဲ့ ရထားလေးကတော့ သူ့တာဝန်အတိုင်း
ထွက်ခွာလာပြီး ကျွန်တော်တတ်မယ့် ဘူတာရုံ
မှာ ရပ်တန့်နေသည်။
ကျွန်တော် စိတ်ထဲကနေ စိုင်းထက်
ကျွန်တော့်ကိုမျှော်နေမှာ သိနေတယ့်အတွက်
ပျော်မိသည့်အထိပါ။
ခနလေးပါဘဲ အိမ်ကကိစ္စလေးကို ခနလေးဘဲ
မေ့ထားပါ့ရစေ။ဒါပေမဲ့လည်း အမေ့အကြောင်းက အမြဲ ခေါင်းထဲ
ရောက်ရောက်လာတယ်။
ကျွန်တော်လျှောက်တယ့် လမ်းက မှားနေပြီလား
ကျွန်တော့်မှာ အပြည့်အဝမပျော်နိုင်ပါဘူး။
တစ်ဖက်မှာ ချစ်ရတယ့်သူနဲ့ အတူနေရမှာမို့
ပျော်မိပေမယ့်၊တစ်ဖက်မှာလည်း
ငယ်စဉ်ကတည်းကကောင်းမွန်စွာထိန်းသိမ်းကြည့်
လာတယ့် မိသားစုကို ထားခဲ့ရတယ့်
အတွက် လည်း စိတ်ထိခိုက်မိတယ်။ရထားလေးကလည်း မီးခိုးတစ်လူလူနဲ့ ကို
ခုတ်မောင်းနေသည်။တောင်စဉ်အသွယ်သွယ်ကို
ကွေ့ဝိုက်ပြီး ဖြတ်မာင်းလာတယ့်အချိန်မှာ
ရင်ထဲမှာလည်းပျော်ရွှင်မိသည် သူနဲ့အတူနေထိုင်ပြီး
မိသားစုတွေ လက်ခံအောင် အတူတကွ
ကြိုးစားရအုံးမယ်လေ။
ထိုအချိန်မှာဘဲမိုးနဲ့လေကြောင့်လားမသဲကွဲစွာဘဲ တောင်ပြိုလာတယ် တကယ့်ကို
ခနလေး အချိန်အတွင်းမှာဘဲ
ရထားအတွင်းမှောင်မဲနေပြီး တဖြည်းဖြည်းနဲ့
ရထားဟာ တိမ်းစောင်းလာပြီး
ရထားပေါ်က လူတိုင်းကလည်း
ရင်ဘတ်တစ်ဖိဖိနဲ့။ဘုရားစာရွတ်နေကြတယ့် သူများ
ငိုနေကြတယ့်သူများနဲ့
ကျွန်တော်ကရော ဘာဖြစ်နေပြီလဲ
သေချာတာက ကျွန်တော်နာကျင်တယ်
မျက်လုံးတွေကို ပိတ်ပြီးအနားယူချင်နေပြီ။တောင်းပန်ပါတယ် စိုင်းထက်ရာ
မင်းရောငါရောစိတ်ကူးထားတယ့် အိမ်အသစ်လေးမှာ
ငါမင်းနဲ့အတူတူမနနိုင်တော့ဘူး။
မင်းတစ်ယောက်တည်းသား ပျော်အောင်နေပါကွာ။
ငါကတော့ အရင်ထွက်သွားတော့မယ်
မင်းလည်း ငါ့ကိုမစောင့်ပါနဲ့ ဘဝသစ်ကိုစတင်ပါ။
ငါကတော့ ငါ့ဘဝကို အခုလိုမျိုးအဆုံးသတ်ရမယ်မထင်ထားပေမယ့် ငါကျေနပ်ပါတယ်။
ငါ့တို့ရဲ့ ဝဋ်ကြွေးကျေပြီလေ။
အရှင်ဘုရား တကယ်လို့ နောက်ဘဝဆိုတာ
ရှိခဲ့လျှင်ယခုလိုမျိုး အများက မနှစ်သက်
မိဘက မနှစ်မြို့ ပတ်ဝန်းကျင်က ကျိန်ဆဲတယ့်
ဘဝကို မရရပါစေနဲ့ဘုရား။
ယောကျာ်းဆိုလည်း ယောကျားအလျောက်ဆန့်ကင်ေဘက် မိန်းကလေးကိုသာစိတ်ဝင်စားပြီး
မိန်းကလေးဆိုလည်း ယောကျာ်းလေးကိုသာ
စိတ်ဝင်စားတယ့် သူမျိုးဘဲ ပိုင်ဆိုင်ရပါစေ အရှင်ဘုရား။
YOU ARE READING
Short Storyသူတို့နှစ်ဦး၏တွေ့ဆုံမှု ကိုဆုံးဖြတ်ပေးမယ့်ရထားလေး သူတို့နှစ်ဦး၏တွေ့ဆုံမှု ကိုဆုံးဖြတ်ပေးမယ့်ရထားလေး