အပိုင်း(၈)
98 7 7
ကျွန်တော်တို့တွေ့ပြီးအတူနေဖို့ရာ
၃လလောက်ဘဲ လိုတော့တယ့် အချိန်မို့
တစ်ဖက်မှာ ကျွန်တော် ပျော်နေပေမယ့်
ကျွန်တော့်ရဲ့ အခြားတစ်ဖက်မှာတော့
သေမလောက်အောင် နာကျင်စွာ
ရင်တွေနာရပါတယ်။
အမေနဲ့ အဖေက ကျွန်တော့်ကို ရွာထဲမှာ
တွေ့ရင်တောင် စကားမပြောတော့သလို
လူအများရှေ့တောင် အလိုက်အထိုက်မပြောတော့ဘူး။
ဝမ်းနည်းတယ်ဆိုတယ့် စကားလုံးထက်
စိတ်မကောင်းဖြစ်တယ် အခုလိုမျိုး
လူတစ်လုံးသူတစ်လုံး ဖြစ်အောင် ပျိုးထောင်ပေးခဲ့တယ့်
မိဘတွေကျေးဇူးကို ယခုလို ဆပ်တာဟာ
ကျွန်တော်ဟာ အင်မတန်မှ
မိုက်မဲတယ့်သူပါ။
ဒါပေမဲ့ လည်း ရင်နှစ်သည်းချာ ချစ်မိသူကိုလည်း
မခွဲနိုင်နဲ့ ကျွန်တော့်ရဲ့
အရင်ဘဝက ဝဋ်ကြွေးက ကြီးမားလိုက်တာဗျာ။
"Hello ထိုက်အောင်နဲ့ပြောချင်လို့ပါ"
"ဟုတ်ကဲ့ ခနလေး စောင့်ပေးပါဗျာ ဆရာလေး
ကို သွားခေါ်ပေးပါ့မယ်"
"Hello အခုပြောနေတာ ထိုက်အောင်ပါ"
"ငါ စိုင်းထက်ပါ ငါအိမ်မက်တွေ မကောင်းလို့ကွ
မင်းနေကော ကောင်းရဲ့လား
အိမ်နဲ့အဆင်ကော မပြေသေးဘူးလား
ငါ့ကိုတော့ မင်းလက်မလွတ်ဘူးမို့လား"
"ဖြေးဖြေးချင်း နားနားပြီးပြောပါကွာ အိမ်မက်ဆိုတာ
ပြောင်းပြန်လှန်ရတယ်ဟ နောက်ပြီးတော့
အိမ်နဲ့ကလည်း မကြာခင်အဆင်ပြေမှာပါ
ငါတို့အတူတူ ကြိုးစားရမှာပေါ့"
"အင်းပါ မင်းအဆင်ပြေရင်လည်း ကျန်းမာရေလည်း
ကရုစိုက် မင်းငါ့ဆီလာဖို့က
၂လလောက်ဘဲ လိုတော့တာ"
"အေးပါကွာ မင်းလည်း ကရုစိုက်
ခြံလည်း ရှင်း အိမ်လည်းပြင်ဆင်ရနဲ့
မင်းပင်ပန်းနေပြီမို့လား
ငါကအနှောင့်အယှက်ဖြစ်နေပြီလား စိုင်းထက်"
"ဟ မင်းနဲ့အတူနေဖို့ ဘဲလေ ခြံရှင်းတာကလည်း
အလုပ်သမားတွေနဲ့ အတူတူရှင်းတာပါ
အိမ်ဆောက်တာကလည်း လက်သမားတွေ
ဆောက်ပေးတာလေ ငါကဘေးကနေ
ငါတို့လိုချင်တယ့်ပုံစံမျိုးဖြစ်အောင်
ပြောပေးရတာဘဲ "
"ဟုတ်ပါပြီ ကွာ ဘာဘဲ ဖြစ်ဖြစ် ကျန်းမာရေးရော
ကရုစိုက်ပါ"