ကျောင်းကအပြန် Ai'Kim တို့နဲ့ လည်ပတ်ပြီး အပြန် ခြံရှေ့အထိ ကားနဲ့ ပြန်လိုက်ပို့တော့ Tee တစ်ယောက် KimCop အတွဲကို နှုတ်ဆက်ပြီး အိမ်ထဲ ဝင်လာလိုက်သည်။ အိမ်စောစောပြန်တာမျိုး Tee မလုပ်။ လုပ်လျှင်လည်း Tee မဟုတ်ဟုဆိုရမည်။ Grade 10 စတက်ကတည်းက အိမ်ကို အစောဆုံး ပြန်ရောက်ရင်တောင် ၉နာရီလောက်ဖြစ်နေတတ်သည်။ သူငယ်ချင်းတွေနဲ့ လည်ရင်လည် မဟုတ်ရင်လည်း တစ်ယောက်ယောက် အိမ်မှာ ဂိမ်းဆော့တာပဲ ဖြစ်ဖြစ် ကာတွန်း ဖတ်တာပဲဖြစ်ဖြစ် လုပ်နေတတ်သည်လေ။
အခုလည်း သူပြန်ရောက်သည့် အချိန်က ည ၁၀နာရီ ထိုးဖို့ ၁၀မိနစ်အလို။ ဧည့်ခန်းထဲမှာလည်း မီးက ခပ်မှိန်းမှိန်းသာ ထွန်းထားသည်မို့ တစ်မိသားစုလုံး အခန်းကိုယ်စီမှာ အနားယူနေကြလောက်ပြီထင်ကာ အပေါ်ထပ် တက်တော့မည်ဟုပြင်လိုက်စဉ်-
"TeeTee"
လူမိသွားပြီမို့ shit ဟု ခပ်ဖွဖွ ရေရွတ်ကာ အသံလာရာ ဖက်လှည့်ကြည့်လိုက်တော့ ဧည့်ခန်းက ဆိုဖာပေါ်မှာ ဝိုင်နီ တစ်ခွက်ကိုင်ကာ ခြေထောက်ချိတ်၍ ထိုင်နေသူက-
"...Mae..."
"ပြန်လာတာ နောက်ကျ လှချည်လား။ ဘယ်ရောက်နေတာလဲ။"
"ဒီလိုပါပဲ။" ဟု ခပ်တိုတို ဖြေကာ အပေါ်တက်မည်အလုပ်။
"Thanapon"
Shit. TeeTee လို့ ချစ်စနိုးနဲ့ အမြဲခေါ်တဲ့ Mae က သူ့ကို နာမည်အရင်းအပြည့်အစုံနဲ့ ခေါ်ရင် အခြေအနေတော်တော် မကောင်းဘူးဆိုသည်ကို သူသိသည်။
"Krup"
"အခု Mae ရှေ့ကိုလာထိုင်"
ငြင်း၍မရနိုင်သည့် အခြေနေမို့ သက်ပြင်း ကို ရှည်ရှည် မှုတ်ထုတ်လိုက်ပြီး လွယ်ထားသည့် လွယ်အိတ်ကို လျှောချလိုက်ကာ ဧည့်ခန်းထဲသို့ လျှောက်သွားပြီး Mae ဘေးမှာ ဝင်ထိုင်လိုက်သည်။
"Mae ကျွန်တော့်ကို ပြောစရာရှိလို့လား။"
"ရှိတယ် သား။" Mae က ပြောရင်း ဝ်ိုင်ခွက်ကို စားပွဲပေါ်လှမ်းတင်လိုက်ပြီး-
"ခုတလော အမှတ်တွေလည်း မကောင်းဘူးနော်။ စာမေးပွဲကြီးက နီးနေပြီ။ သား ဒီလိုပဲ အပြင်မှာ ဆော့ ပြီး အလေလိုက်နေလို့ မဖြစ်တော့ဘူး ဆိုတာ သိရဲ့လား။ မင်း အစ်မ ကို ကြည့်စမ်း။ သူ့လို တက္ကသိုလ် ကောင်းကောင်းမှာ မတက်ချင်ဘူးလား။ အိမ်က လုပ်ငန်းတွေ မင်းတို့ မောင်နှမပဲ ဦးဆောင်ရမှာနော်။ Mae သားက ညံ့ဖျင်းနေတာမျိုး မကြားချင်ဘူး ကြားလား Mae ပြောတာ။"
DU LIEST GERADE
Bad Boy Cutie
Fanfiction16 နှစ် သား ဒိတ်ဒိတ်ကြဲ high school senior လူဆိုးလေး ကို ထိန်းရဖို့ အကြောင်းဖြစ်လာတဲ့ ၂၃နှစ်အရွယ် အထက်တန်းပြ ဆရာပေါက်စ Tae 😌💓