[ Panyarat High School ]
မနက် ၈နာရီ အတန်း ပထမအချိန်တက်ဖို့ အချက်ပြခေါင်းလောင်းမြည် လာလို့ တခြား ကျောင်းသားတွေ အတန်းကိုယ်စီကို နောက်ကျမှာစိုးလို့ ခွေးပြေးဝက်ပြေး ပြေးနေချိန်မှာ senior သိပ္ပံဆောင် ဘေးက လှေကားထစ်ကနေ သူတို့အဖွဲ့ ခိုနေကျ secret place တားမြစ်နယ်မြေဖြစ်တဲ့ ခေါင်မိုးပေါ်ကို တစ်လှမ်းချင်းတက်လာခဲ့သော senior ကောင်လေးတစ်ယောက်။ လက်ထဲမှာကလည်း ကာတွန်းစာအုပ်တစ်အုပ်နဲ့ အတန်း မတက်ပဲ ခေါင်မိုး ပေါ်ကို ဘာသွားလုပ်တာလဲ လို့ မေးချင်ကြပါသလား။
ဖြစ်ပုံက ဒီလိုပါ။ အရင်တစ်ပတ်က တစ်ခြားအထက်တန်းကျောင်း တစ်ခုရဲ့ အဖွဲ့နဲ့ ရန်တွေ အကြီးအကျယ်ဖြစ်ပြီး ဟိုဘက် အဖွဲ့က ကောင်တွေကို သွေးထွက်သံယို ဖြစ်တဲ့အထိ ၅ယောက်ပေါင်းပြီး တီးပေးလိုက်တဲ့ အကြောင်းက ကျောင်းအုပ် ဘိုးတော်ဆီ ကိုပေါက်ကြားပြီး Panyarat ကျောင်းရဲ့ ဒိတ်ဒိတ်ကြဲ senior ၅ယောက် ရုံးခန်းရောက်လို့ suspension တစ်ပတ် ပေးခံထိထားတာပါလေ။ အဲလိုဆိုတော့ တစ်ပတ်လုံး အတန်းတက်စရာမလိုပဲ နေ့တိုင်း reflection essay ရေးပေးရတာကလွဲရင် သူတို့ ၅ယောက် လက်လျား လက်လျား နေချင်သလို နေလို့ရတာပေါ့ ဆိုးတော့လည်း မဆိုးပါဘူး။
Suspension ပေးခံထိတယ်ဆိုတာကတော့ Teeတို့ အဖွဲ့အတွက်က ရိုးအီနေပြီ။ ရန်ဖြစ်တိုင်းလည်း ဒီ အပြစ်ပဲ ပေးခံထိတာမလား။ တစ်ခါတလေ ဘိုးတော် စိတ် သိပ်မကြည်ရင်တော့ ၅ယောက်သား senior ဆောင် အိမ်သာတွေပါ ပတ်ဆေးရတတ်တယ်လေ။
Tee အပါအဝင် သူတို့ အဖွဲ့မှာ ငယ်ငယ်တည်းက ပေါင်းလာတဲ့ သူငယ်ချင်း ၅ယောက်ရှိတယ်။ Ai Godt, Ai'Kim, Ai'Cop ပြီးတော့ Ai Krist။ ၅ယောက်လုံးက မူလတန်းထဲကနေ အထက်တန်းအထိ တူတူတွဲလာကြတာမို့ ညီအစ်ကိုတွေလိုပဲဖြစ်နေကြပြီ။ သူတို့ထဲကတစ်ယောက်ကိုထိရင် မခံတတ်လို့ ခဏခဏ ရန်ဖြစ် တတ်ကြတော့ ရုံးခန်းဆိုတာ အိမ်ဦးနဲ့ ကြမ်းပြင်ပဲ။ ကျောင်းမှာလည်း သူတို့ ၅ယောက်ရဲ့ သတင်းက မွှေးတယ်လေ။ ငါးယောက်လုံးက ခပ်မိုက်မိုက်ကိုယ်တော်ချောလေးတွေမို့ bad boy ကြိုက်တတ်တဲ့ ကောင်မလေးတွေအတွက်ကတော့ အသည်းစွဲပဲပေါ့။ အယ် ခုတော့ ၆ယောက်လို့ ပြောရမလားပဲ။ Ai' Godt က Grade 8 က ကောင်လေး တစ်ယောက်နဲ့ တွဲနေတာမို့ အယ့်ကလေးကလည်း သူတို့ အဖွဲ့နဲ့ ပဲ အတူသွားအတူစားနေဖြစ်တယ်။ ၅ယောက်ထဲမှာ ဦးဆောင်သူ ဘောစိကတော့ Tee။ သူငယ်ချင်း ငါးယောက်ထဲမှာ သူတစ်ယောက်ပဲ လူလွတ်ဖြစ်နေတော့ Ai Kim က FA ဘောစိလို့ ချစ်စနိုးနဲ့ ခေါ်လေ့ရှိတယ်။

STAI LEGGENDO
Bad Boy Cutie
Fanfiction16 နှစ် သား ဒိတ်ဒိတ်ကြဲ high school senior လူဆိုးလေး ကို ထိန်းရဖို့ အကြောင်းဖြစ်လာတဲ့ ၂၃နှစ်အရွယ် အထက်တန်းပြ ဆရာပေါက်စ Tae 😌💓