Chapter - 2

1K 89 17
                                    

နေ့လည် ၁၁နာရီခွဲ တိတိမှာ မုန့်စားဆင်းဖို့ ခေါင်းလောင်းမြည်လာတော့ ရှေ့မှာ ချပြီး သင်နေတဲ့ သင်ရိုးညွှန်းတမ်း ဖတ်စာအုပ်ကို ပိတ်လိုက်ပြီး ကလေးတွေကို မုန့်စားလွှတ်ပေးလိုက်သည်။ ပထမဆုံးနေ့ဖြစ်တဲ့အတွက် အခက်အခဲရှိမယ်ထင်ခဲ့ပေမယ့် ဒီအတန်းထဲက ကလေးတွေ အကုန်လုံးက အတော်ငြိမ်တယ်ပြောရမည်။စစ သင်ချင်းနေ့မို့ ဆရာ တပည့် အပြန်အလှန် အကြောင်းမသိသေးလို့ ငြိမ်နေတာလည်း ဖြစ်နိုင်ပါတယ်။ အယ်လိုနဲ့ ပစ္စည်း သိမ်းနေတုန်း အတန်း ခေါင်းဆောင် လို့ မိတ်ဆက်ထားတဲ့ ကလေးမလေး က သူရှိနေတဲ့ စားပွဲနားကို မရဲတရဲလေး ကပ်လာတာတွေ့တော့-

"Pichaya, ဆရာ့ကို ပြောစရာရှိလို့လား။"

"ဟုတ် ဟို- ဟိုလေ ဆရာ"

ရှက်ကိုးရှက်ကန်း ထစ်ထစ်ငေါ့ငေါ့နဲ့ စကားစလာတဲ့ ကျောင်းသူကြောင့် သိမ်းလက်စ စာအုပ်တွေကို စားပွဲပေါ်ပြန်ချပြီး သူ့ကို ပြုံးပြလိုက်ကာ-

"ပြောလေ ဆရာနားထောင်နေတယ်။"

"ဒီ-ဒီနေ့ အတန်းထဲမှာ ၅ယောက် မလာတာ ပြောချင်လို့ပါ။"

"သူတို့က ခွင့်တိုင်ခိုင်းတာလား။"

"မဟုတ်ဘူး ဆရာ။ သူတို့က ဒီလိုပဲ ပျက်နေကြပါ။"

"အော် ဘာဖြစ်လို့လဲ။"

"သ-သူတို့အဖွဲ့က အပြစ်ပေးခံရလို့ မတက်တဲ့ အချိန်လည်းရှိတယ်။ ဒီတိုင်း နေလည်း ပျက်ချင် ပျက်တတ်ပါတယ်ဆရာ။"

သူပြောပုံအရဆိုရင် ဟို အဖွဲ့က တစ်ကယ့် လူဆိုးလေးတွေပဲ။

"အိုကေ ဆရာသိပြီ။ မုန့်စားချိန်မလား။ သွားစားလေ။ အချိန်မရှိပဲနေဦးမယ်။" လို့ပြောလိုက်တော့ ပြုံးတုံ့တုံ့နဲ့ လက်အုပ်ချီပြီး ထွက်သွားလေရဲ့။

နေ့လည်စာစားချိန် ဖြစ်ပေမယ့်လည်း ဗိုက်ကမစာသေးတော့ စာအုပ်တစ်ထပ်ကိုပိုက်ပြီး နားနေခန်း ဘက်ကိုပဲ လျှောက်လာဖြစ်သည်။ လမ်းလျှောက်နေရင်းခေါင်းထဲဝင်လာတဲ့ အတွေးကတော့ နှစ်တွေ တော်တော်ကြာပြီးမှ ပထမဆုံး အကြိမ် ပြန်တွေ့ရတဲ့ Mae ရဲ့ အချစ်တော် Tee ဆိုတဲ့ ကလေးအကြောင်း။

Bad Boy Cutie Tempat cerita menjadi hidup. Temukan sekarang