Zawgyi
JK's POV
သူ-သူ တကယ်ဘဲ ကိုယ်ဝန်ရှိနေပြီလား....ဘ-ဘယ်ချိန်တုန်းကလဲ....?
စဉ်းစားနေတုန်းမှာဘဲ.....
Ahh! အဲ့နေ့က.... နှစ်လနီးပါးလောက်ရှိနေပြီပေါ့....ahh.... y/n ahh miyanhae တကယ် miyanhae.... ငါကဘာလို့.....ဒါလေးတောင်ဘာလို့ မစဉ်းစားမိတာလဲ.....
ခဏလောက်တွေဝေနေပြီး စာအုပ်ကို ပြန်ကောက်ကိုင်လိုက်တယ်....
" ကျမမှာ ကိုယ်ဝန်ရှိနေပြီတဲ့.....ဒီနေ့ဆေးရုံသွားတော့ ဆရာဝန်ကပြောတယ်...အရင်တုန်းက ကလေးတယောက်ရဖို့က ကျမအိပ်မက်ပေါ့... အခုတော့မဟုတ်တော့ဘူး..."
ဘာ?? မင်းက ကိုနဲ့ကလေးမလိုချင်ဘူးလား??
" ကျမအချစ်ဆုံးလူသားနဲ့အိမ်ထောင်ကျပြီးလှပတဲ့ မိသားစုတခုတည်ထောင်ချင်တာပေါ့....သူပြောင်းလဲလာပြီ သူကျမကိုချစ်လာပြီထင်တာ...အရင်တိုင်း...တခြားသူတယောက်ရဲ့ပုံကိုကြည့်ပြီး ချစ်တယ်ပြောနေတုန်းဘဲ.....ကျမကိုမရှိသလိုဆက်ဆံတုန်းဘဲ....ကျမကလွှဲ တခြားသူတွေအပေါ်ကောင်းနေတုန်းဘဲ....မင်္ဂလာဆောင်တဲ့နေ့ကို ကျမမှတ်မိသေးတယ်....ကျမကကမ္ဘာပေါ်မှာ အပေါ်ဆုံးလူတယောက်ဖြစ်သလို စိတ်အဆင်းရဲဆုံး လူသားတယောက်လဲဖြစ်ပြန်တယ်....ကျမပြုံးရွှင်နေချိန်မှာ သူ့မျက်နှာက နာကျဉ်းမှုတွေကိုဘဲမြင်နေရတယ်....ကျမသူ့ကိုအရမ်းချစ်သလို နာကျဉ်းစိတ်တွေကလဲ ပေါ်လာပြန်တယ်....သူ့ကိုကျမခံစားရသလိုပြန်ခံစားစေချင်တယ်....အခုလိုချိန်မှာ ကျမကလေးရှိတယ်ပြောရင် သူစိတ်တွေဆိုးပြီး ဖြတ်ချခိုင်းအုံးမှာမလား....သူ့ဖက်ကအဲ့လိုပြောတဲ့စကားမကြားချင်လို့ သူမပြောဘဲ ကျမကိုယ်တိုင်ဖြတ်ချမှာမလို့ သူ့အပြစ်မဟုတ်တော့ဘူးပေါ့....အားလုံးကကျမအမှားပါ....ဆရာဝန်စီက တားဆေးတောင်းခဲ့တယ်....တလဘဲ...ဒီတလဘဲ ဆက်ပြီး ခံစားရမှာ...ဒီတလပြီးတာနဲ့ ကျမရော ကျမကလေးရော ဒီလောက ကနေအပြီးထွက်ခွာသွားတော့မယ်....သူတော့ ခံစားရမလား ကျမထွက်သွားလို့ဘဲပျော်နေမလား....ဘာဘဲဖြစ်ဖြစ်လေ သေချာတာ တခုကတော့ ကျမဒီနာကျင်မှုတွေကိုထပ်ပြီးမခံစားရတော့ဘူးပေါ့..."

YOU ARE READING
LOVE TRAVEL{U+Z}( Completed )
FanfictionTime Travel, Travel to your Love Available on both Zawgyi and Unicode ^.^