Part { 15 }

3.2K 272 16
                                    

Zawkyi

Mom : " Y/n-ahh!! တံခါးဖွင့်ပါ အဲ့လိုမလုပ်ပါနဲ့ အမေတို့တောင်းပန်ပါတယ်!! အဖေကြီး တံခါးသော့မြန်မြန်သွားယူလေ!!!"

Grandma : " Y/n! သမီးလေး အဲ့လိုမလုပ်ပါနဲ့... အဖွားကို စိတ်မချမ်းမသာနဲ့ သေအောင်လုပ်မလို့လား!! သမီးရဲ့ တံခါးဖွင့်ပါ သမီးရဲ့.."

ဟင်?? အပြင်မှာဘာတွေဖြစ်နေကြတာလဲ? အော်ကြီးအော်ကျယ်နဲ့ ငိုယိုနေကြတယ်ရော....

ထပြီး တံခါးဖွင့် အလုပ်မှာ လက်ထဲက ထွက်ကျသော ဆေးလုံးတွေမှ မရေမတွက်နိုင်...

😳😳😳!!!? ဘာတွေလား??

လက်တွေအကုန်တုန်လာတာနဲ့အမျှ ပြန်ဝင်ရလာတဲ့ မှတ်ဉာဏ်ဆိုးတွေ......

" ဟဲ့ အဲ့ကလေးမ အမှတ်က စုတ်ပြတ်နေတာဘဲဆို!"

" သူက ဘယ်လောက်ထိရမှာမလို့လဲ ငါကစကတည်းက သိပြီးသားပါအေ အပိုတွေလုပ်နေတာ"

" သူ့အမေ ပိုက်ဆံအကုန်ခံပြီး ကျူရှင်တွေထားပေးနေတာ နှမြောစရာကြီးဟယ်"

" Y/n!!!! သမီးဘာလုပ်လိုက်လဲ သိလား? အခုလူတွေအကုန်ပြောနေပြီ?? ဘာလို့အဲ့လောက်တောင် အသုံးမကျရတာလဲ??? ငါနင့်ကို အကောင်းဆုံးကျောင်းမှာထားပြီး အကောင်းဆုံး ကျူရှင်တွေမှာတက်ခိုင်းထားတာ ရလာတော့ ဘာလဲ? နောက်နေတာလား!!?"

" အဲ့လောက်ထိငါ့မြေးလေးကိုမပြောနဲ့ သူလဲလုပ်အတတ်နိုင်ဆုံးလုပ်-"

" ဒါက အတတ်နိုင်ဆုံးလုပ်ခဲ့တာဆိုရင် သေလိုက်တာမှကောင်းအုံးမယ်??? ပိုက်ဆံကို လမ်းဘေးက ကောက်လာတယ်များထင်နေလား?? သူများသားသမီးတွေကိုကြည့်အုံး ကျူရှင်မတက် ဘာမတက်ဘဲ နင့်ထက်ကောင်းအောင်လုပ်သွားတာ?? နင်မရှက်ဘူးလာ?? နင်မရှက်လဲ ငါရှက်တယ်!!"

" အမှတ်မကောင်းတာ အဲ့လောက်ထိတောင်ရှက်ဖို့ကောင်းနေလား!!!? ဘာလို့အမှတ်မကောင်းတာလဲလဆိုတာကို ကျတော့ မမေးတော့ဘူးမလား?? နာမည်ကြီးကျောင်း နာမည်ကြီး ကျူရှင်တွေမှာ ထားလိုက်တာနဲ့ဘဲ အကုန်ပြီးသွားပြီလား??? ဖျားလို့သေမလိုဖြစ်ပြီး ဆေးရုံမှာ လနဲ့ချီအိပ်နေခဲ့ရတာတောင်မှ အဆောင်ကို တချက်မှလာမကြည့်ခဲ့ဘူးမလား??အစကတည်းက အဆဲခံရမယ်မှန်းသိတယ်! ဒါပေမဲ့ အော် အမေဘဲလေ အဲ့လောက်ထိတော့မပြောလောက်ဘူးထင်ထားတာ! လုံးဝမှားတာဘဲ! ရတယ် သေတာမှ ကောင်းမယ် မဟုတ်လား? ရတယ်လေ!!"

LOVE TRAVEL{U+Z}( Completed )Where stories live. Discover now