ဘဝခြားတဲ့ ရင်​ခုန်​သံ (အပိုင်း_၂)

653 62 7
                                    

တိတ်​ဆိတ်​​နေ​သောမြို့ပျက်​ကြီးဆီသို့ ဘယ်​လိုက​နေဘယ်​လို​ရောက်​လာလဲဆိုတာ ကျွန်​​တော်​ကိုယ်​တိုင်​​တောင်​မှမသိပါဘူး။ထိုမြို့ပျက်​ကြီးမှာ ​ခွေမ​ပြောနဲ့လူ​တောင်​ရှိနိုင်​ပါ့မလားလို့ ကျွန်​​တော်​စိတ်​က​တွေးလိုက်​မိပါတယ်​။အိမ်​များမှာလဲအိုး​ဟောင်း​နေပြီး ဖုန်​​တွေကလဲတက်​​နေပါတယ်​။ထိုမြို့ပျက်​ကြီးရဲ့အလယ်​မှာ ဘာဆိုဘာမှမသိပဲ ရပ်​​နေမိသူက​တော့ ကျွန်​​တော်​Song Ji Yang (​ခေါ်) ​ရှောင်​ရှင်းချန် ပဲဖြစ်​ပါတယ်​။

ရှင်းချန်>ငါဘယ်​​ရောက်​​နေတာလဲ ဘာလို့ဘာမှ​တောင်​မမှတ်​မိရတာလဲ စဉ်းစားစမ်း...စဉ်းစားစမ်း Song Ji Yang(ဘယ်​လိုပင်​စဉ်းစား စဉ်းစား ကွက်​လပ်​ဟုသာအ​ဖြေထွက်​​သော ကျွန်​​တော်​ရဲ့ဦး​နှောက်​ကို ကျွန်​​တော်​စိတ်​ဆိုးလိုက်​မိပါတယ်​။) ဟူး(သက်​ပြင်းချသံ) စဉ်းစားလို့ကိုမရဘူး ​နေ​တော့ကွာ ​ရောက်​နေတဲ့အရပ်​က​နေ ​ရောက်​ရာအရပ်​ကိုပဲ​ခြေဦးတည်​ပြီးသွား​တော့မယ်​။နေပါဦး...အိမ်​​တွေကလဲ စုတ်​ပြတ်​​နေတာပဲ လူ​တောင်​ရှိပါ့မလားမသိဘူး။(​ပြော​ပြောဆိုဆိုနဲ့မြို့ပျက်​ကြီးအတွင်းသို့ ​ခြေလှမ်းစိတ်​များဖြင့်​ ဝင်​​ရောက်​လာခဲ့ပါတယ်​။တစ်​အိမ်​ဝင်​ တစ်​အိမ်​ထွက်​နဲ့ လူရှိလား လူရှိလားလို့ ​အော်​​ခေါ်ရင်း ထိုမြို့ပျက်​ကြီးရဲ့တစ်ေ​နရာအ​ရောက်​မှာ ​ခြေလှမ်းများရပ်​တန့်​သွားခဲ့ပါတယ်​။အမှတ်​မထင်​​တွေ့လိုက်​ရ​သောအရာ​လေးက သိင်္ချိုင်း​မြေသားပုံ​လေးတစ်​ခုပါ)
ဘယ်​သူ့ဟာလဲ (စပ်​စုလို​သောစိတ်​ကရုတ်​တရက်​​ပေါ်လာပြီး ​မြေသားပုံ​လေးအနားသို့သွားကာ စိုက်​ထား​သောသစ်​သားနာမည်​ပြားမှ​သေသူပိုင်​ရှင်​အားဖတ်​ရန်​အလုပ်​)

မထိနဲ့....

ရှင်းချန်​>(အ​နောက်​ဘက်​မှ ​အော်​လိုက်​​သောအသံ​ကြောင့်​) အမယ်​​လေးး...ဘုရား...တရား...မဖတ်​နဲ့ဆိုလဲမဖတ်​ပါဘူး ထိလဲမထိပါဘူး။ကြောက်​​အောင်​​တော့ ကျွန်​​တော်​ကို မ...မ...မ​ခြောက်​ပါနဲ့ဗျာ (ထစ်​ထစ်​​ငေါ့​ငေါ့အသံများက​​ကြောက်​​ကြောက်​နဲ့​ပြောလိုက်​မိပါတယ်​။)

ဘဝခြားတဲ့ ရင်​ခုန်​သံ Where stories live. Discover now