ဘဝခြားတဲ့ ရင်​ခုန်​သံ (အပိုင်း-၆)

596 44 10
                                    

စုန်​လန်​•••ရပ်​လိုက်​စမ်း အခုချက်​ချင်း။

ရှောင်​ရှင်းချန်•••[ထိုအသံ​ကြောင့်​ပဲ ကလပ်​ပေါ်မှ ဓားကိုထိရန်​လုပ်​​နေ​သော ကျွန်​​တော်​ရဲ့လက်​များအား ချက်​ချင်းဆိုသလိုပဲ ပြန်​ရှုပ်​သိမ်းလိုက်​မိပါ​တော့တယ်​။]

စုန်​လန်​•••မင်းဘယ်​သူလဲ ဒီ​နေရာကို ဘယ်​သူ့ခွင့်​ပြုချက်​နဲ့မင်းဝင်​လာတာလဲ။တားမြစ်​ထားတဲ့​နေရာဆိုတာကို​ရော မင်းမသိဘူးလား။[ကျွန်​​တော်​ကို ​ကျော​ပေးပြီး ရပ်​​နေ​သော ထိုလူရဲ့လည်​ပင်​အား လက်​စွဲ​တော်​ဓား "ဖူရွယ်​"နဲ့ချိန်​ကာ ​လေသံခပ်​မာမာနဲ့ပဲ ​မေးခွန်းများ​မေးလိုက်​​ပါတယ်​။]

ရှောင်​ရှင်းချန်•••ဟို ဟို ဟို​လေ ကျွန်​​တော်​က ဟို

စုန်​လန်​•••ငါ​မေး​နေတာကိုပဲ ​ဖြေ ဟိုဟို​တွေ ဒီဒီ​တွေနဲ့ လိမ်​ညာ​ပြောမဲ့ ​​စကားလုံး​တွေကို စဉ်းစားမ​နေနဲ့ အချိန်​ကုန်တယ်​​။

ရှောင်​ရှင်းချန်•••Ok Ok! ​ဖြေဆိုလဲရပါတယ်​ ဒါ​ပေမဲ့ မင်းရဲ့ဓားကိုဖယ်​​ပေးလို့​ရော မရဘူးလား မြင်​​နေရတာ​နဲ့တင်​​ကျောချမ်းတယ်​။

စုန်​လန်​•••တိတ်​စမ်း ငါ့ရဲ့ဓားကလူသတ်​ဖို့လဲဝန်​မ​လေးဘူး​နော်​ လက်​မလွန်​ခင်​ မြန်​မြန်​​ဖြေစမ်း။

ရှောင်​ရှင်းချန်•••​ကောင်းပြီး ​ကောင်းပြီး စိတ်​ကြီးပဲ။ဒီကိစ္စဘယ်​လိုဖြစ်​သွားလဲဆိုတာ ကျွန်​​တော်​လဲမသိဘူး။ဒီကို ဘယ်​လို​ရောက်​လာခဲ့တယ်​ဆိုတာ​ရောပဲ။

စုန်​လန်​•••မသိဘူးဟုတ်လား မင်း​လိမ်​​နေတာ။ရည်​ရွယ်​ချက်​မရှိပဲနဲ့​တော့ မင်းဒီ​နေရာကိုဝင်​လာစရာအ​ကြောင်းအရင်းမရှိဘူး​​​။

ရှောင်​ရှင်းချန်•••ကျွန်​​တော်​ မလိမ်​ပါဘူးဗျ တကယ်​​ပြောတာပါ မို​မြေကိုသစ္စာထားပြီး ကျိန်​​ပြောရဲတယ်​။

စုန်​လန်​•••ဟွမ်း!​ဒါလိုဆိုရင် ​မင်းငါ့ကိုဒီလို​ကျော​ပေးပြီး ဒီလိုစကားမျိုး​တွေ ​ပြော​နေပုံ​ထောက်ရင်​​ ​သေချာတယ်​ မင်းကသူခိုးပဲ [ဟု​ပြောပြီး ထိုသူရဲ့ခန္ဓာကိုယ်​အား မိမိရှိရာဘက်​ဆီသို့ အားထည့်​ကာဆွဲလှည့်​လိုက်​မိပါတယ်​။]

ဘဝခြားတဲ့ ရင်​ခုန်​သံ Where stories live. Discover now